ဘရာစီယာဝတ်ခြင်းက အပျိုဖော်မဝင်မီနဲ့အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။

အခုကာလမှာ အမျိုးသမီးတော်တော်များများက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာပဲ နေရတဲ့အပြင် စိတ်တွေမွန်းကြပ် အသက်ရှူကြပ်တာကြောင့် အတွင်းခံမဝတ်ဘဲ အချိန်ကြာမြင့်စွာနေကြပါတယ်။ ညအိပ်ချိန် အတွင်းခံမဝတ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကိုတော့ အားလုံးသိရှိပြီးဖြစ်ပါတယ်။ ကာလရှည်ကြာ အတွင်းခံမဝတ်ဘဲနေရင်ရော ရင်သားကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာ ဖော်ပြလိုက်ရပါတယ်။



အချိန်ကြာမြင့်စွာ ဘရာစီယာမဝတ်ခြင်း အကျိုးကျေးဇူးများ

၁။ ရင်သားကြီးထွားစေတယ်

တကယ်တော့ ဘရာစီယာမဝတ်တာဟာ ရင်သားကြီးထွားစေတယ်ဆို အံ့သြစရာဖြစ်ပေမယ့် ဒါ အမှန်တရားပါ ။ ဘရာစီယာတွေရဲ့ အကျိုးသက်ရောက်မှုက တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး ရင်သားကျုံ့တာ ၊ ပုံပျက်တာ ၊ ရင်သားလျှောကျတာတွေဟာ ဘရာစီယာတွေကြောင့်လို့ သုတေသနတွေကဆိုပါတယ်။ ရင်သားတွေကိုလုံးဝန်းပြီး ပိုလှနေအောင် သူတို့ကို လွတ်လွတ်လပ်လပ်ထားပေးတာက အကောင်းဆုံးဖြစ်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

၂။ ညအိပ်ပျော်စေတယ်

ဘရာစီယာမဝတ်ဘဲ အိပ်ဖို့ဆိုတာ ကျန်းမာရေးပညာရှင်တွေ အများအပြားအမြဲပြောခဲ့ကြပါတယ် ။ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုတာထက် ပိုပြီး လက်တွေ့ကျတာကတော့ ဘရာစီယာမဝတ်ဘဲ အိပ်ရင် ကောင်းမွန်စွာအိပ်ပျော်တာဖြစ်တယ်လို့ ဆိုပါတယ်။

၃။ သွေးလည်ပတ်မှုကောင်းစေတယ်

ဘရာစီယာဝတ်ခြင်း(အထူးသဖြင့်တင်းကျပ်သောအဝတ်) က ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ရင်ဘတ်တစ်ဝိုက် တင်းကျပ်မှုက အဓိက သွေးကြောများကိုချုံ့လိုက်ပြီး သွေးလည်ပတ်မှုကိုနှေးစေပါတယ်။ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာပြသနာများကို ဖြစ်စေနိုင်ပါတယ်။ 

၄။ ရင်သားကျန်းမာစေတယ်

ဘရာစီယာမဝတ်ခြင်းက သွေးစီးဆင်းမှုကိုကောင်းမွန်စေတဲ့အပြင်အရေပြားပေါ်က ချွေးတွေ ၊ အညစ်အကြေးတွေ လျော့ကျစေလို့ ရင်သားတွင်ပိုးဝင်ခြင်း၊ အဖုများနဲ့ ၀ က်ခြံထွက်ခြင်းကိုလျော့နည်းစေပါတယ်။ဒါ့အပြင် ရင်သားတစ်ရှူးတွေကို ကျန်းမာစေလို့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးတဲ့အပြင် ကျန်းမာတဲ့ ရင်သားတစ်သျှူးတွေက ရင်သားကို ပိုမိုထောက်ပံ့ပေးပြီး ရင်သားကြွက်သားတွေ အားကောင်းလာတဲ့အတွက် သဘာဝအတိုင်းပိုကြီး၊ ပိုသန်မာ၊ လုံးဝန်းပြီး ကျစ်တဲ့ ရင်သားများဖြစ်စေပါတယ်။

အတွင်းခံဝတ်ဆင်တဲ့အခါ သတိပြုရမယ့်အချက်များ

ဘရာစီယာဝတ်ခြင်းက အပျိုဖော်မဝင်မီနဲ့အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။ ဘရာစီယာက ရင်သားတစ်ရှူးတွေကို နေရာတကျဖြစ်စေပြီး ရင်သားတည်ဆောက်ပုံကို ပံ့ပိုးမှုပေးပါတယ် ။ ဒါပေမယ့် လျော့ရဲနေတဲ့ ဘရာစီယာက ရင်သားအသွင်အပြင်ကို ပျက်စီးစေနိုင်သလို တင်းကျပ်လွန်းတဲ့ ဘရာစီယာတွေကလည်း အရေပြားပေါ်မှာ အစင်းတွေဖြစ်စေပါတယ်။ဒါ့အပြင် ကျောနဲ့လည်ပင်းကို မသက်မသာခံစားရစေပြီး အချိန်ကြာလာတဲ့အခါ နာကျင်မှုတွေ ဖြစ်စေတဲ့အတွက် ဒါကို သတိပြုသင့်ပါတယ်။

ကြိုးကိုင်းတွေချောင်နေတဲ့အခါ

Photo-pinterest

ဘရာဝတ်တဲ့အခါ ကြိုးတွေချောင်နေတာကို သတိထားရပါမယ်။ ကြိုးတွေက လျှော်ရင်းနဲ့ အချိန်ကြာလာတဲ့အခါ လျော့ရဲလာတတ်ပါတယ်။ ဒါကြောင့် ကြိုးတွေကို ပြန်ညှိပြီးမှ ဝတ်ဆင်သင့်ပါတယ်။ တစ်ချို့ ဘရာစီယာတွေက ကြိုးကိုင်းအပြားကြီးတာကြောင့် ပခုံးပေါ်ကနေ လျောကျတတ်ပါတယ်။

ကြိုးအရမ်းတင်းလွန်းတဲ့အခါ

Photo- pinterest

ဘရာစီယာကြိုးတွေ တင်းလွန်းတဲ့အခါ ကြိုးတွေက ပခုံးအသားထဲ နစ်မြုပ်ပြီး အရေပြားကို ထိခိုက်စေပါတယ်။တစ်ခါတစ်လေမှာ ကြိုးအရမ်းတင်းလွန်းတဲ့အခါ ကြိုးအလျှော့အတင်းညှိရုံသာမကဘဲ ကိုယ့်ရဲ့ ဘရာစီယာအတိုင်းအတာ မှန်ကန်ရဲ့လားဆိုတာလည်း စစ်ဆေးသင့်ပါတယ်။

ရင်ခွက်ချောင်နေတဲ့အခါ 

Photo-pinterest

ရင်သားသေးတဲ့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။ရင်အုံခွက်ရဲ့ အပေါ်ပိုင်းနဲ့ ရင်သားချောင်ပြီး ဟနေတဲ့အခါ ကြိုးကို အနည်းငယ်တင်းကျပ်ပေးပါ။ အဲဒီလိုတင်းကျပ်ပြီးတဲ့အခါတောင်မှ ချောင်နေရင်တော့ ရင်အုံခွက်အရွယ်အစားတစ်ဆင့်ပိုသေးတဲ့ ဘရာစီယာကို ရွေးချယ်သင့်ပါတယ်။ဒီလိုရွေးချယ်ပြီးတဲ့အခါတောင်မှ ရင်သားအပေါ်ပိုင်းက အုံခွက်နဲ့ဟပြီး ချောင်နေရင်တော့ Push Up လို့ခေါ်တဲ့ ရင်သားကို မြှင့်ပေးတဲ့ ဘရာစီယာအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

ရင်သားလျှံထွက်တဲ့အခါ 

Photo-pinterest

ရင်အုံခွက်ကနေ အပေါ်ဘက် ၊ ဘေးဘက်ကနေ လျှံထွက်တဲ့အခါ ဒါက ကိုယ့်ရဲ့ရင်ခွက်ဆိုဒ်သေးနေတာ ဖြစ်နိုင်ပါတယ်။တကယ်လို့ ကိုယ်ဝယ်ထားတာက 34B ဖြစ်ပြီး ကိုယ့်ရဲ့ရင်သားအရွယ်အစားက 34B ½ဖြစ်မယ်ဆိုရင် 34C ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


Ref: tiphero, the list, thirdlove



က္က