ဒီအပြုအမူတွေကို ရှောင်ကြဉ်ပါနော်။

မိန်းကလေးတော်တော်များများမှာ ဗိုက်မှာ အဆီတွေစုပုံနေတတ်ကြပြီး ဆိုရင် အစားအသောက်ဆင်ခြင်တဲ့ကြားက ဗိုက်ခေါက်တွေထူနေတတ်ကြပါတယ်။ တကယ်တော့ အစားအသောက်တွေတင် ဗိုက်ခေါက်ထူစေတာမဟုတ်ဘဲ အမူအကျင့်တွေကလည်း ဗိုက်ခေါက်ကို ထူစေတတ်ပါသေးတယ်။



၁။ ညစာစားချိန်နောက်ကျတာ 

ညစာကို အိပ်ခါနီးလောက်မှ ကပ်စားတာဟာ ဗိုက်ခေါက်ထူစေပါတယ်။ အိပ်ခါနီးမှာ အစားစားလိုက်တာကြောင့် အစာအိမ်က အစာကို ကောင်းမွန်စွာ မချေဖျက်နိုင်ဘဲ ဝမ်းဗိုက်မှာ အဆီတွေ စုပုံသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ညစာ စားချိန်နဲ့ အိပ်ချိန်ကို ၃နာရီလောက်ခွာစားကြဖို့ အကြံပေးချင်ပါတယ်။ 


independent.co.uk

၂။စကားပြောရင်း အစားစားတာ 

တစ်ယောက်တည်းစားတာထက် အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ စားတာဟာ အစာပမာဏကို အမြောက်အမြားစားမိသွားတတ်ပါတယ်။ စကားတွေ ပြောဆိုရင်းက စားမှန်းမသိစားသွားမိတာကြောင့် ပမာဏတွေ အများကြီး စားသောက်မိသွားတာပါ။ ဒီလို အစာပမာဏအများကြီးစားတာက ဗိုက်အဆီတက်ပြီး ဗိုက်ခေါက်ထူလာတတ်ပါတယ်။ အစားစားတာဟာ နည်းနည်းနဲ့ အကြိမ်ရေများများ စားတာက ဗိုက်ချပ်စေပါတယ်။

၃။အစားမြန်မြန်စားတာ 

အစားကို ဖြေးဖြေးနဲ့ မှန်မှန်သာ စားသုံးသင့်ပါတယ်။ အစားအမြန်စားတာက အစာကြေဖို့ ‌ နှောင့်ယှက်စေသလို ဗိုက်ကိုလည်း အဆီတက်စေပါတယ်။ အစာမြန်မြန်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဗိုက်ဝသလား ၊ ဗိုက်မဝဘူးလား မသိတော့ဘဲ ဆက်စားနေမိတက်ပါတယ်။ ဒီအခါမှာ အဆီပိုတွေဟာ ဗိုက်မှာ သွားစုနေတော့တာပါပဲ။ 

၄။ သကြားဓာတ်များတဲ့ အချိုရည်တွေ အလွန်အကျွံသောက်သုံးတာ 

ဂတ်စ်တွေ ၊ သကြားဓာတ်တွေ အများကြီး ပါဝင်တဲ့ အားဖြည့်အချိုရည်တွေနဲ့ အချိုရည်အများစုဟာလည်း ဗိုက်ခေါက်ထူစေခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒီအချိုရည်တွေကို အလွန်အမင်း သောက်သုံးနေမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ များပြားလာပြီး ဝမ်းဗိုက်မှာ အဆီစုလာတတ်ပါတယ်။ ဒီလို အချိုရည်တွေအစား ရေ ၊ သဘာဝသစ်သီးဖျော်ရည်တို့ကို သောက်သုံးပေးတာ ပိုကောင်းပါတယ်။ 

၅။အိပ်ရေးပျက်တဲ့ ညတွေ များလာတာ 

လုံလောက်တဲ့ အိပ်စက်ချိန် မရှိတာဟာလည်း ခန္ဓာကိုယ်တွင်းကနေ Cortisol ဟော်မုန်းထွက်ရှိမှုကို များပြားလာစေပါတယ်။ ဒါတွေဟာ ဗိုက်ခေါက်ကို ထူစေတဲ့အတွက် အိပ်ရေးဝဝအိပ်ဖို့ ၊ အိပ်ချိန်ပြည့်ဝလုံလောက်အောင် တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက် အိပ်ဖို့ အရမ်းအရေးကြီးပါတယ်။ 

sciencenews.org

၆။အိပ်ယာထဲမှာ ဖုန်းသုံးတာ 

အိပ်ယာထဲမှာ ဖုန်းသုံးတာဟာ အိပ်ရေးပျက်ရုံတင်မကဘဲ ဗိုက်အဆီကိုပါ တက်စေပါတယ်။ အိပ်ယာထဲမှာ ဖုန်း ၊ တီဗီ နဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ထားတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသလို ဗိုက်မှာ အဆီတွေ စုဝေးသွားစေပါတယ်။ 

၇။အထိုင်များတာ 

ထိုင်ရင်း အလုပ်လုပ်ရချိန် ကြာမြင့်သူတွေ၊ လှုပ်ရှားမှုနည်းပြီး အမြဲထိုင်နေတဲ့သူတွေ၊ အထိုင်များသူတွေဟာလည်း တခြားသူတွေထက် ပိုပြီး ဗိုက်ခေါက်ထူစေပါတယ်။ ဗိုက်ခေါက်ထူတာအပြင် အဝလွန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် တစ်ရက်ကို မိနစ် ၂၀ ၊ နာရီဝက် လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

motherlandhospital.com

၈။စိတ်ဖိစီးမှုများတာ 

ဗိုက်ခေါက်ထူထူဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ စိတ်ဖိစီးမှုတွေကြောင့်လည်း ပါဝင်ပါတယ်။ အိပ်ရေးပျက်တာတွေကော ၊ စိတ်ဖိစီးနေတာတွေ ဆုံသွားရင်တော့ ဗိုက်ခေါက်ထူလာတာကို တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားပါ။ 

၉။အရက်သောက်သုံးတာ 

အရက်ဟာလည်း ဗိုက်ခေါက်ထူစေတဲ့ အကြောင်းအရင်းထဲမှာပါဝင်ပါတယ်။ အရက်လို့ဆိုလိုက်တာနဲ့ ဘီယာ၊ ဝိုင်နဲ့ အခြား ရစ်မူးစေတဲ့ အရည်တွေ အကုန်ပါဝင်ပါတယ်။ အရက်ထဲမှာ ကယ်လိုရီအများအပြားပါဝင်တာကြောင့် ဗိုက်ကို အဆီတွေ စုသွားစေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ အရက်ကိုလည်း ရှောင်ရပါမယ်။ 

ဒီအချက်တွေကတော့ ဗိုက်ခေါက်ထူစေတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒီအချက်တွေကို တတ်နိုင်သမျှရှောင်ကြဉ်မယ်ဆိုရင် ဗိုက်ခေါက်ထူတာတွေ သက်သာလာပါလိမ့်မယ်။



က္က