ဘယ်သူတွေက ဘယ်လိုဖက်ရှင်တွေနဲ့ ပွဲတက်ကြသလဲဆိုတာ ကြည့်ရအောင်ပါ။
Su Yee Moe

Red-Carpet-Main.jpg

အကောင်းဆုံးပေ့ါပ်အနုပညာရှင်ဆုရ Fifth Harmony အဖွဲ့

 

နှစ်စဉ်ကျင်းပတဲ့ MTV EMAs ဆုပေးပွဲကို ယခုနှစ်မှာတော့ နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မြို့က Ahoy Rotterdam မှာ ပြုလုပ်ခဲ့ပါတယ်။ ဥရောပဂီတဆုပေးပွဲဖြစ်တာကြောင့် ဒီဆုကို ပိုင်ဆိုင်လိုသူတွေလည်း များပါတယ်။ ပွဲကြီးဖြစ်တာကြောင့် ပွဲတက်ဖက်ရှင်တွေကို အစုံအလင် မြင်ရမှာပါ။ ဘယ်သူတွေက ဘယ်လိုတွေဝတ်တယ်ဆိုတာ ကြည့်ကြည့်ပါဦး။

MTV_Red_Carpet_018-1500x2295.jpg 

ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပဒူကိုနီကတော့ စကတ်ဖားဖားကြီးကို အလှအပတွေဆင်ထားတဲ့ ဘရာပုံစံခါးတိုအကျႌနဲ့ တွဲပြီးဝတ်ထားတာပါ။ ခါးပတ်ကြီးကြီးပတ်လိုက်တာကတော့ ဝတ်စုံရဲ့အလှကို ဖျက်လိုက်သလိုပါပဲ။ ဒါပေမဲ့ သူမရဲ့အလှအပကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။

MTV_Red_Carpet_007-1500x2254.jpg 

ရှောင်းမန်းဒက်စ်ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးအမျိုးသားအနုပညာရှင်ဆုကို ရခဲ့ပါတယ်။ သူ့အတွက် ပထမဆုံး MTV EMA ဆုလည်း ဖြစ်ပါတယ်။

MTV_Red_Carpet_014-1500x2304.jpg 

လူသစ်တန်းအနုပညာရှင်ဆုကိုတော့ အဆိုတော်မလေး ဇာရာ လာစ်ဆန်က ဆွတ်ခူးသွားပါတယ်။ ဂါဝန်ဖြူဖြူလေးနဲ့ ချစ်စရာအသွင်လေးနဲ့ မြင်ရမှာပါ။

MTV_Red_Carpet_008-1500x1851.jpg 

DNCE အဖွဲ့သားတွေကတော့ မြန်မြန်ဆန်ဆန်နဲ့ပဲ အောင်မြင်လာခဲ့ကြသူတွေပါ။ Best Rush ဆုရှင်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

MTV_Red_Carpet_005-1500x2249.jpg 

မော်ဒယ် ဂျော်ဒန်ဒန်းကတော့ သူမရဲ့ သွယ်လျတဲ့ပုံရိပ်ကို ပေါ်လွင်စေတဲ့ဝတ်စုံကို ဝတ်ဆင်လာပါတယ်။ ဒီဝတ်စုံဟာ ယခုပွဲတက်ဖက်ရှင်တွေထဲမှာ မျက်စိကျခံရဆုံးတစ်ခုပါပဲ။

MTV_Red_Carpet_002-1500x2254.jpg 

အစီအစဉ်တင်ဆက်သူလေး ဘက်ကာ ဒက်လေကို ပန်းပွင့်ချပ်လေးတွေနဲ့ ဇာဂါဝန်လေးနဲ့အတူ မြင်ရပါတယ်။

Photos : Headlineplanet


က္က