နှုတ်ခမ်းသားတွေကို ဂရုစိုက်ပေးဖို့လည်း လိုပါမယ်။
 

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားရတဲ့ အမျိုးသမီးအဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အထိုက်အလျောက်ရှိနေတတ်ပါတယ်။ မိတ်ကပ်လိမ်းခြယ်မယ်ဆိုရင်လည်း နှုတ်ခမ်းနီက အရေးအကြီးဆုံးကဏ္ဍမှာ ပါဝင်နေပြန်ရောလေ။ Matt အမျိုးအစား နှုတ်ခမ်းနီတွေဟာ ၂၀၁၆ ခုနှစ်ကတည်းက အမျိုးသမီးတွေကြားမှာ အထူးရေပန်းစားလာလိုက်တာ ခုချိန်ထိပါပဲ။ ထူထူသိပ်သိပ်လေးနဲ့ မိန်းမဆန်ဆန် ညှို့အားပြင်းစေတဲ့ Matt နှုတ်ခမ်းနီကို အလှဆုံးဖြစ်အောင် ဘယ်လိုဆိုးမလဲ?

 

အဆင့် - ၁

Matt Type နှုတ်ခမ်းနီတွေက ထူထူပျစ်ပျစ်ရှိတာမို့ ကိုယ့်နှုတ်သားလေးတွေက ကွဲအက်နေတာ၊ အဖတ်တွေလန်နေတာမျိုးမဖြစ်မှ ဆိုးလို့လှမှာပါ။ နှုတ်ခမ်းနှစ်လွှာကို သကြားလေးနဲ့ပွတ်တိုက်ပေးရင် နူးညံ့အိထွေးလာပါလိမ့်မယ်။ ရေနဲ့ပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါဦး။

အဆင့် -၂

ပြီးတော့မှ lip balm ဆိုးပြီး ၂၅ မိနစ်လောက် ထားလိုက်ပါ။ ဒီကြားထဲမှာ မျက်နှာအတွက် မိတ်ကပ်တွေလိမ်းမယ်ဆိုလည်း လိမ်းထားပေါ့။

woman-applying-lip-liner-to-lips.jpg

အဆင့် - ၃

နှုတ်ခမ်းကို အတိကျဆုံးဖြစ်သွားအောင် lip liner လေးနဲ့ ဘောင်ကွပ်ပြီး  ပုံဖော်ပါ။

အဆင့် - ၄

ကိုယ်ဆိုးချင်တဲ့ Matt နှုတ်ခမ်းနီကို ဆိုးလို့ရပါပြီ။ နှုတ်ခမ်းနီမှာပါတဲ့ စုတ်တံအချောင်းလေးနဲ့ နှုတ်ခမ်းသားတွေကို အစက်ချလိုက်ပါ။ နောက်မှ နှုတ်ခမ်းနီဆိုးတဲ့စုတ်တံလေးနဲ့ ညီညာအောင် ညှိလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ နှုတ်ခမ်းလှလှတစ်စုံ ပေါ်ထွက်လာပါလိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က