တစ်ပတ်အတွင်းမှာ ထူးခြားလာမှာပါ။


အကြောင်းအမျိုးမျိုးနဲ့ ထွက်လာတဲ့ ဝက်ခြံတွေဟာ တကယ်ကိုစိတ်ပျက်စရာပါ။ လူတစ်ယောက်ရဲ့သွင်ပြင်မှာ အရေးကြီးဆုံးနေရာဖြစ်တဲ့ မျက်နှာပေါ်ကိုမှ လာပြီးပေါက်တတ်တဲ့ ဝက်ခြံတွေဟာ အမာရွတ်တွေလည်း ကျန်တတ်ပါသေးတယ်။ ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေပျောက်ချင်ရင်တော့ ဒီလိုလေးလုပ်ကြည့်လိုက်ပါ။


လိုအပ်တဲ့ပစ္စည်းတွေကတော့ ပျားရည် ၊ ဒိန်ချဉ်နဲ့ သစ်ကြံပိုးခေါက်အမှုန့်တို့ပဲဖြစ်ပါတယ်။ သုံးမျိုးလုံးကို ခွက်ထဲမှာ သမအောင်မွှေပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေပေါ်မှာ တို့ထားလိုက်ရုံပါပဲ။ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာတဲ့အခါ ရေကြက်သီးနွေးနဲ့ ပြည်လည်ဆေးကြောပေးလိုက်ရင် ရပါပြီ။ နေ့စဉ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် တစ်ပတ်အတွင်းမှာ ထူးခြားလာတာကို တွေ့ရမှာပါ။


ပျားရည်က အရေပြားဆိုင်ရာပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်သလို အမာရွတ်ပျောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒိန်ချဉ်ကတော့ အသားအရေကိုကြည်လင်စေတာပါ။ သစ်ကြံပိုးခေါက်ကလည်း ဝက်ခြံတွေကိုပျောက်စေသလို အမာရွတ်၊ အမည်းစက်တွေကိုပျောက်စေတဲ့အစွမ်းရှိပါတယ်။


က္က