ပုံထဲကအတိုင်း ချစ်စရာမတ်ခွက်လေးတွေ ဖန်တီးလို့ရပါပြီ။ ဘယ်လိုလုပ်ရလဲကြည့်ရအောင်။

နေ့စဉ် ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးသောက်ဖို့ ကိုယ်စီ ခွက်ကလေးတွေရှိကြမှာပါ။ တစ်ချို့က ရှော့ပင်းမောလ်က ဝယ်တယ်။ တစ်ချို့က  မိမိပုံ၊ ချစ်သူပုံ စတဲ့ ပုံအမျိုးမျိုးကို Sticker ကပ်ကြတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ကော်ဖီခွက်ကတော့ တခြားသူတွေနဲ့မတူဘဲ တစ်မူထူးခြားချင်တယ်ဆိုရင်တော့ ပုံထဲကအတိုင်း ချစ်စရာမတ်ခွက်လေးတွေ ဖန်တီးလို့ရပါပြီ။ ဘယ်လိုလုပ်ရလဲကြည့်ရအောင်။

လိုအပ်တဲ့ပစ္စည်း

ဖန်ခွက် တစ်ခွက်၊ ကြွေခွက် တစ်ခွက်

ဆီဆေး

သတင်းစာစက္ကူ

ပန်းချီဆွဲွတံ

စုတ်တံ

ပြုလုပ်နည်း



အဆင့် (၁)

ဖုန်တွေ၊ သဲတွေ ကပ်မနေအောင် ခွက်ကို ဆေးလိုက်ပါ။ ရေကို သတင်းစာနဲ့သုတ်ပါ။ ပြီးလျှင် ပလပ်စတစ်အပြားတစ်ခုခုပေါ်မှာ အရောင်စပ်ပါ။ ရေ ၂ စက်၊ ၃ စက် လောက်ရောထည့်လိုက်ပါ။ တုတ် ၁ ချောင်းနဲ့ မပျစ်တပျစ်ရအောင် မွှေပါ။

အဆင့် (၂)

ခွက်ပေါ်မှာ စုတ်တံနဲ့ စဆွဲပါ။ ပုံဆွဲတဲ့အခါမှာ အရမ်းသေသပ်စရာမလိုပါဘူး။ ကော်ဖီခွက်က ပြည့်လျှံပြီး စီးကျလာတာမို့ အဖျားလေးတွေမှာ ထူထူလေးဆွဲပေးရပါမယ်။ ပိုပြီး ကြွကြွရွရွလေးဖြစ်ချင်ရင်တော့ ပုံထဲကအတိုင်း အရည်စက်တွေမှာ အဖြူရောင်နဲ့ အလင်းပြန်စေသလိုဖြစ်အောင် အချောင်းလေးတစ်ချောင်းနဲ့ အစက်လေးတစ်စက် ထည့်ပေးပါ။ ဒါဆိုရင် အရည်တရွှဲရွှဲနဲ့ စီးကျနေသလိုပုံစံဖြစ်သွားပါပြီ။

 

အဆင့် (၃)

ပုံကို စိတ်ကြိုက်ဆွဲပြီးပြီဆိုရင် ခွက်ကို မိုက်ခရိုဝေ့ဖ် (Microwave) ဒါမှမဟုတ် Oven ထဲ ၁၅ မိနစ်လောက် ထည့်ထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခွက်ပေါ်မှာဆေးတွေ ခိုင်မြဲသွားစေမှာ ဖြစ်ပြီး ဆပ်ပြာနဲ့ဆေးလည်း မပျက်တော့ပါဘူး။

Source : Buzzbeauty


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က