မြန်မာ့အလှမယ်ထက်ထက်ထွန်းရဲ့ဝတ်စုံဟာ နိုင်ငံတကာက အံ့သြငေးမောခဲ့ရတဲ့ ဝတ်စုံပါပဲ။
Su Yee Moe
 

ကမ္ဘာ့အလှဆုံး အလှမယ်ဆုပေးပွဲဖြစ်တဲ့ Miss Universe ရဲ့ ၂၀၁၆ ခုနှစ်အတွက် ယှဉ်ပြိုင်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အရေးပါတဲ့ ပွဲစဉ်တွေထဲမှာ နိုင်ငံယဉ်ကျေးမှုကို ထင်ဟပ်စေမယ့်ဝတ်စုံ (National Costume) ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဘယ်သူတွေက ဘယ်လိုတွေဝတ်ခဲ့တယ်ဆိုတာကို ကြည့်လိုက်ပါဦး။

 

၁။ ထက်ထက်ထွန်း (မြန်မာ)

မြန်မာနိုင်ငံရဲ့အလှမယ် ထက်ထက်ထွန်း (Htet Htet Htun) က ဒီနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ အထူးခြားဆုံးပါပဲ။ နိုင်ငံတကာက အံ့သြငေးမောခဲ့ရတဲ့ ဝတ်စုံပါပဲ။ မြန်မာ့ရိုးရာ ရုပ်သေးကြိုးဆွဲအကကို ပုံဖော်ထားတာပါ။ စင်မြင့်ပုံသဏ္ဍန်ကို သူမက ပုခုံးပေါ်ထမ်းလာခဲ့ပြီး ရုပ်သေးအက ကပြခဲ့လို့ လက်ခုပ်သံတွေလည်း ညံသွားရပါတယ်။ ဒီဝတ်စုံက ၂၀၁၆ မယ်စကြဝဠာပြိုင်ပွဲရဲ့ အကောင်းဆုံး အမျိုးသားဝတ်စုံ (Best National Costume) ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

 

၂။ ရိုရှမီသာ ဟာရီမာသေး (အိန္ဒိယ)

အိန္ဒိယနိုင်ငံရဲ့ ရိုးရာဝတ်စုံကိုပဲ နိုင်ငံတွင်းက အနုလက်ရာတွေနဲ့ ပေါင်းစပ်ထားပုံက သိပ်ကို ထည်ဝါပါတယ်။

 

၃။ ကီဇီယာ ဝါရူး (အင်ဒိုနီးရှား)

အင်ဒိုနီးရှားအလံကိုကိုင်ပြီး စင်ပေါ်တက်လာတဲ့ ရွှေရောင်မိန်းမပျိုလေးကိုလည်း ပရိသတ်တွေ နှစ်ခြိုက်ခဲ့ကြပါတယ်။ ရွှေရောင်နတ်မိမယ်တစ်ပါးလို ဆင်ယင်ထားတာပါ။

 

၄။ ဒက်ရှုးအန်နာ ဘာဘာ (အမေရိကန်ပြည်ထောင်စု)

ဆန်းသစ်တီထွင်မှုအားကောင်းသလို အင်အားကြီးတဲ့နိုင်ငံပီပီ အမျိုးသားဝတ်စုံကလည်း အရမ်းကိုလန်းပါတယ်။ အမေရိကားရဲ့ အမှတ်တံဆိပ် လင်းယုန်ငှက်ကြီးရဲ့ဦးခေါင်းနှစ်ခုနဲ့ ဒိုင်းကိုကိုင်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

၅။ လီ ဟန်း (ဗီယက်နမ်)

ဗီယက်နမ်နိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ခမောက်လေးကိုဆောင်းထားပြီး ကြာပွင့်ကြီးနဲ့ အလှဆင်ထားပုံက သူမရဲ့အလှကိုလည်း ပေါ်လွင်စေသလို ဗီယက်နမ်နိုင်ငံကိုလည်း တစ်ပါတည်း မြင်ယောင်စေမိတယ်မဟုတ်လား။ ဒီဝတ်စုံတစ်ခုလုံးကို ကြိမ်တွေနဲ့ ရက်လုပ်ထားတယ်လို့ သိရပါတယ်။

သင်အကြိုက်တွေ့နိုင်မယ့်သတင်းတွေ ---> National Costume မှာ Winner ရရှိခဲ့တဲ့ မြန်မာအလှမယ် ထက်ထက်ထွန်း၂၀၁၆ မယ်စကြဝဠာဆုကို ပြင်သစ်က ရရှိ


Author


က္က