သူမရဲ့ဖန်တီးမှုတွေကို ခိုင်လီဂျန်နာကတောင် ပုံတူကူးခဲ့ပါတယ်။
 

ဗလာဒါ ဟတ်ဂါတီဟာ လော့စ်အန်ဂျလိမြို့အခြေစိုက် မိတ်ကပ်အလှပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဇာတိမြေ ယူကရိန်းကနေ အမေရိကကို  ရွှေ့ပြောင်းအခြေချခဲ့သူပါ။ နှုတ်ခမ်းတွေကို အထူးပုံဖော်ခြယ်သတာကိုတော့ လော့စ်အန်ဂျလိစ်မြို့ကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့ချိန်ကစလို့ လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။

 

လော့စ်အန်ဂျလိစ်ကို ရောက်ခါစမှာ အချိန်တွေပိုပြီး အားနေတော့ နှုတ်ခမ်းကို အနုစိတ်အလှဆင်ခြယ်သတဲ့ဘက် အာရုံစိုက်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ နှုတ်ခမ်းတွေဟာ သူမရဲ့အကြိုက်ဆုံး ပန်းချီပိတ်ကားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဗလာဒါရဲ့ နှုတ်ခမ်းအလှဆင်မှုတွေက အံ့မခန်းပါပဲ။ တခြား ဘယ်မှာမှလည်း မမြင်ဖူးပါဘူး။ နှုတ်ခမ်းအလှဆင် ခြယ်သပုံတွေကိုလည်း ဗလာဒါရဲ့အင်စတာဂရမ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ခိုင်လီဂျန်နာရဲ့ Kylie Lipkit ကြော်ငြာတဲ့ နှုတ်ခမ်းနီအရည်ယိုစီးကျနေတဲ့ပုံစံက ဗလာဒါရဲ့စိတ်ကူးပါ။

 

ဗလာဒါက ခိုင်လီဂျန်နာကိုတရားစွဲဆိုဖို့ စီစဉ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဘယ်လိုညှိနှိုင်းလိုက်သလဲဆိုတာ မသိရသေးပါဘူး။ ခိုင်လီရဲ့အင်စတာဂရမ်ပေါ်မှာတော့ ဗလာဒါရဲ့လက်ရာကိုချီးကျူးထားလေရဲ့။

Source : Vladamua Instagram



က္က