နှုတ်ခမ်းနီဆိုးတဲ့ မိန်ကလေးတွေအတွက် ဒါလေးက စိတ်ဝင်စားစရာကောင်းနေမှာပါ။

သင် ဆိုးနေကျ နှုတ်ခမ်းနီတောင့့်ရဲ့ထိပ်ကို ကြည့်ပြီး သင့်အကြောင်းအများကြီး ပြောပြနိုင်တယ်။ သင့် နှုတ်ခမ်းနီတောင့်ထိပ်က ပုံထဲမှာရှိတဲ့ နှုတ်ခမ်းနီထိပ် (၃) မျိုးထဲက ဘယ်တစ်ခုဖြစ်မလဲ ဆိုတာ ကြည့်ပြီး အဖြေကို အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။




သင့်နှုတ်ခမ်းနီတောင့်ထိပ်က A ပုံ ဆိုရင်တော့ သင်ဟာအရမ်းကို တိကျပြတ်သားတဲ့မိန်းကလေးပါ။ အရာရာကို စေ့စေ့စပ်စပ်၊ သေသေချာချာလုပ်တတ်ပြီး ဘာတစ်ခုမှ အမှားမခံတတ်တဲ့သူမျိုးပါ။ သင်ဟာ ကိစ္စတိုင်းကို အရေးတကြီးဆောင်ရွက်တတ်ပါတယ်။ တစ်ခါတစ်လေ အစွဲအလမ်းကြီးပြီး တစ်ယူသန် တစ်ဇွတ်ထိုးဆန်တတ်တဲ့အကျင့် ရှိတယ်။


B ပုံလိုမျိုး ထိပ်ကအတုံးဖြစ်နေမယ်ဆိုရင်တော့ ဘဝမှာ လက်တွေ့ကျကျနေထိုင်တတ်ပြီး လူတိုင်းနဲ့ သဟဇာတဖြစ်အောင်နေတတ်သူပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ခုလုံးကို အရေးထားဂရုစိုက်တတ်ပြီး အေးအေးချမ်းချမ်းနေချင်သူ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်းစေ့စပ်ပေးတဲ့နေရာမျိုးမှာ ထူးချွန်ပြီး တရားမျှတမှုကို မြတ်နိုးသူတစ်ဦးဖြစ်တယ်။


အချွန်ပုံစံ C လိုမျိုး တစ်စောင်းလေးဖြစ်နေတယ်ဆိုရင်တော့ သင့်ဟာတကယ့်ကို ထူးခြားတဲ့ တစ်မိပေါက်တစ်ယောက်ထွန်း မိန်းကလေးမျိုးပါ။ သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကျင့်စရိုက်တွေဟာ တခြားမိန်းကလေးတွေနဲ့ မတူဘဲ အနည်းငယ် ကွာခြားနေတတ်တယ်။ ကိုယ်ပိုင်စတိုင်လ်နဲ့ စတားဖြစ်သူတွေ ဖြစ်တယ်။ ထူးခြားကောင်းမွန်တဲ့ အတွေးအခေါ်တွေရှိပြီး ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။


ကဲ  သင်ပိုင်ထားတဲ့နှုတ်ခမ်းနီတောင့်တွေကိုကို တစ်ချက်ကြည့်ပြီး ဟုတ်မဟုတ် အဖြေညှိကြည့်ကြရအောင်။

Source : Allwomenstalk


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က