ခရီးသွားပြီဆို နေကာမျက်မှန်လေး တစ်လက်လောက်တော့ လိုတာပေါ့။
 

အခြေခံအားဖြင့် မေးရိုးအနေအထားကိုလိုက်ပြီး မျက်နှာအမျိုးအစား ၄ ခု ခွဲခြားနိုင်ပါတယ်။ အဝိုင်းပုံစံ၊ လေးထောင့်ပုံစံ၊ ဘဲဥပုံစံနဲ့ အသည်းပုံစံ မျက်နှာအနေအထားတို့ပဲ ဖြစ်ပါတယ်။ မျက်နှာအနေအထားကိုလိုက်ပြီး သင့်လျော်တဲ့ဖက်ရှင်ကိုသာ ဆင်မြန်းတတ်မယ်ဆို အလန်းဆုံးဖြစ်နေမှာပါ။ နေကာမျက်မှန် ဝယ်မယ်ဆိုရင်တော့ ဒီအချက်တွေကို သိထားဖို့လိုပါတယ်။

gallery-1467058571-hbz-sunnies-2.jpg 

၁။ အသည်းပုံစံ

စူပါမော်ဒယ် မီရန်ဒါကားရ်ကို ကြည့်ကြည့်ပါ။ သူမရဲ့မျက်နှာကျပုံက အသည်းပုံသဏ္ဍန်မျိုး ရှိပါတယ်။ ဒါပေမဲ့ ဒါက သိပ်ပြီးမပေါ်လွင်ရတာ သူမရဲ့ဖက်ရှင်တွေကြောင့်ပါ။ အသည်းပုံစံမျက်နှာပိုင်ရှင်တွေက နေကာမျက်မှန်တပ်မယ်ဆို ကြီးကြီးဝိုင်းဝိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ အရောင်ပြေးလေးတွေပါတဲ့ နေကာမျက်မှန်ကလည်း မျက်နှာကျကို ဖုံးလွှမ်းသွားစေပါတယ်။

gallery-1467058897-hbz-sunnies-6.jpg 

၂။ မျက်နှာဝိုင်း

ဒီလိုမျက်နှာမျိုးက ထောင့်မှန်စတုဂံပုံစံ မျက်မှန်မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒီလိုမျက်မှန်မျိုးကို တပ်မယ်ဆို မျက်နှာကို ပိုပြီး ပါးလျသွားသယောင် ဖြစ်စေပါတယ်။ ဆယ်လီနာဂိုးမက်စ် တပ်ထားတဲ့ Aviators နေကာမျက်မှန်တွေကလည်း မျက်နှာကို သိပ်ပြီးမဝိုင်းတော့သလို ဖြစ်စေပါတယ်။

gallery-1467058956-hbz-sunnies-7.jpg 

၃။ လေးထောင့်မျက်နှာ

မေးရိုးကားကားနဲ့ လေးထောင့်ပုံစံ မျက်နှာပိုင်ရှင်တွေက အန်ဂျလီနာဂျိုလီရဲ့ နေကာမျက်မှန်ဖက်ရှင်ကို အတုယူနိုင်ပါတယ်။ သူမရဲ့မေးရိုးတွေက လေးထောင့်ဆန်ဆန် ပေါ်လွင်လွန်းနေတာပါ။ ဒါပေမဲ့ ပုံထဲကလို မျက်မှန်ဆိုရင်တော့ မေးရိုးတွေကို သိပ်ပြီးထင်းမနေစေတော့ပါဘူး။ အပြင်ဘောင်ကွေးကွေးနဲ့ မျက်မှန်တွေကြီးတွေကလည်း မျက်နှာကျကို ဖုံးကွယ်ပေးနိုင်တယ်လေ။ Aviators တွေနဲ့လည်း လိုက်ဖက်ပါတယ်။

hbz-sunglasses-for-your-face-rihanna.jpg 

၄။ ဘဲဥပုံစံ

မေးစေ့ချွန်ချွန်လေးနဲ့ ဘဲဥပုံစံ မျက်နှာပိုင်ရှင်တွေက အလှဆုံးမျက်နှာကျကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါပေမဲ့ မလိုက်ဖက်တဲ့ နေကာမျက်မှန်ကြီးကို တပ်မယ်ဆို မျက်နှာအလှ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘောင်ဆန်းဆန်းလေးနဲ့ ပါးရိုးပေါ်မှာတင်နေမယ့် မျက်မှန်တွေက အလိုက်ဆုံးပါပဲ။ တခြားမျက်နှာပိုင်ရှင်တွေဆို ဒါမျိုးတွေတပ်ရင် ကြည့်မကောင်းပါဘူး။ အပေါ်ဘောင်က တပြေးညီတန်းနေတဲ့ နေကာမျက်မှန်မျိုးနဲ့လည်း လိုက်ဖက်ပါတယ်။

Source : Bazaar

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ခရီးထွက်တိုင်း မဖြစ်မနေ ထည့်သွားရမယ့်အရာ (၄) မျိုး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က