ပင်ပေါင်ဘောလုံးတွေကို ဂါဝန်မှာချိတ်တွဲထားပုံက ၃ နှစ်သမီးလေးရဲ့ဒီဇိုင်းလားလို့တောင် မေးစရာပါ။
 

ဂီတနယ်ပယ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဂရမ်မီဆုပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ညက အမေရိကန်ပြည်ထောင်စု၊ လော့စ်အန်ဂျလိစ်မြို့က Staples Center မှာ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီဆုပေးပွဲမှာ ဖက်ရှင်မျိုးစုံကို စုံစုံလင်လင်မြင်ရလေ့ရှိပါတယ်။ ဂီတသမားတွေဆိုတော့ ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးပြီး ဝတ်ဆင်ကြတာများပါတယ်။ ခံစားချက်ကိုအသားပေးတာလား လူအာရုံစိုက်ခံချင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိမှာဖြစ်ပေမဲ့ ဒီဖက်ရှင်တွေကတော့ တကယ်ဂွမ်းပါတယ်။



 

၁။ လေဒီဂါဂါရဲ့တစ်ကိုယ်လုံးအနက် ဒီဇိုင်းက ကျောချမ်းစရာပါ။ မိကျောင်းသားရေကွက် ခါးတိုအကျႌက လည်ပင်းမှာရော လက်နှစ်ဖက်မှာပါ ဆူးချွန်တွေလို ထိုးထိုးထောင်ထောင်တွေနဲ့ပါ၊ အနက်ရောင်ဇာပိုက်ကွက် အသားကပ်ဘောင်းဘီနဲ့ ထုံထူထူလည်ရှည်ဘွတ်ကတော့ ဂါဂါဝတ်နေကျစတိုင်လ်ပါပဲ။ ဘရာမပါတာကတော့ ကြည့်ရတာ ရိုင်းသွားပါတယ်။

 

၂။ ပြောင်ပြောင်လက်လက်ဆိုတာ ဒစ္စကိုပွဲတွေမှာသာ မြင်ရလေ့ရှိတဲ့ အဆင်အယင်ပါ။ ငှက်မွှေးကတော့ ထည်ဝါတဲ့အသွင်ကို ဆောင်ပါတယ်။ ဒီနှစ်ခုကို အပေါ်အောက် တွဲစပ်လိုက်တဲ့ ကေတီပယ်ရီရဲ့ ဖက်ရှင်ဟာ ဘယ်လိုမှကို လှတဲ့အသွင် မခံစားမိပါဘူး။ ဒီနှစ်ဂရမ်မီဆုပေးပွဲရဲ့ အဂွမ်းဆုံးဖက်ရှင်လို့တောင် အခေါ်ခံနေရပါတယ်။

 

၃။ ပင်ပေါင်ဘောလုံးတွေကို ဂါဝန်မှာချိတ်တွဲထားပုံက ၃ နှစ်သမီးလေးရဲ့ဒီဇိုင်းလားလို့တောင် မေးချင်စရာပါ။ တခြား ထူးထူးခြားခြားလည်းမရှိ၊ ပွဲတက်ဖက်ရှင်လည်း မပီသတဲ့ Girl Crush ရဲ့ ပင်ပေါင်ဝတ်စုံဟာ ရယ်ချင်စရာကောင်းနေပါတယ်။

 

၄။ ဟော်လ်ဆေက အမြဲတမ်းလိုလို ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်း မြင်ရလေ့ရှိသူပါ။ အလုပ်သမားတွေဝတ်တဲ့ ဘောင်းဘီပွပွကြီးကို ညအိပ်ဝတ်စုံလိုလို အပေါ်ကဝတ်ပြီး ရင်ဘတ်ကိုဖွင့်ထားပုံက စိတ်ပျက်စရာပါပဲ။

 

၅။ Jacqueline Van Bierk ကတော့ ရိုးရိုးဇာဂါဝန်ကိုပဲ CD ချပ်တွေ ကပ်ပြီး ဝတ်လာပါတယ်။

 

၆။ Joy Villa ရဲ့ ဝတ်စုံကိုကြည့်ရင်း အားလုံးရှော့ခ်ရသွားမလားပဲ။ အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်ရဲ့အမည် (TRUMP) ကို ဂါဝန်အောက်ခြေမှာ ကျောက်တွေနဲ့စီလာခဲ့တာဖြစ်ပါတယ်။ ထရမ့်ရဲ့ဆောင်ပုဒ် Make America Great Again ကို ကြယ်ငါးပွင့်နဲ့အတူ ဒေါင်လိုက် ပုံဖော်ထားလိုက်ပါသေးတယ်။

Source & Photos : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က