ဒီအတိုင်းသာ နေ့စဉ် ပြုလုပ်သွားမယ်ဆို မျက်နှာလေးက ကြည်လင်ပြီးစိုပြေနေမှာ အသေအချာပါပဲ။
Su Yee Moe
 

အလှအပအတွက် မျက်နှာကို စိတ်ကြိုက်ပြင်ဆင်ခြယ်သပြီးရင်တော့ ညဘက်မှာ ပြန်ဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင် အသားအရေကို လွယ်လွယ်ကူကူ အိုမင်းရင့်ရော်စေမယ့်အပြင် ဝက်ခြံ၊ တင်းတိပ်တွေလည်း ထွက်လာပါတယ်။ သာမန်မျက်နှာသစ်လိုက်ရုံနဲ့ မိတ်ကပ်တွေအားလုံး ပြောင်စင်သွားမှာမဟုတ်ပါဘူး။ ဒီနည်းအတိုင်း အဆင့်ဆင့် ဖျက်သွားမှသာ လိမ်းထားတဲ့မိတ်ကပ်တွေ ပြောင်စင်သွားမှာဖြစ်ပါတယ်။

သင်နှစ်သက်မယ့်ဆောင်းပါး ---> ခုတလော မောပန်းနွမ်းနယ်ပြီး မျက်နှာအသားအရေ မွဲခြောက်နေပြီ

 

အဆင့် ၁ ။ ။ တစ်ရှုးအစို ဒါမှမဟုတ် မိတ်ကပ်ဖျက်ဆေးပါတဲ့ ဂွမ်းစလေးနဲ့ မိတ်ကပ်တွေကို ဖျက်လိုက်ပါ။ မျက်လုံးဧရိယာတဝိုက်ကိုတော့ ချန်ပြီး ဖျက်ရပါတယ်။ မဟုတ်ရင် မျက်လုံးကိုခြယ်ထားတာတွေက ပိုပျံ့သွားပြီးဖျက်ရခက်လို့ပါ။

အဆင့် ၂ ။ ။ မျက်လုံးတဝိုက်မှာ လိမ်းခြယ်ထားတာတွေကိုဖျက်တဲ့ သီးသန့်ဆီတစ်မျိုး ရှိပါတယ်။ ဂွမ်းစလေးမှာဆွတ်ပြီး မျက်လုံးတဝိုက်က လိမ်းထားတာတွေကိုဖျက်ပါ။

အဆင့် ၃  ။ ။ မျက်နှာသန့်စင်ဆေး၊ မျက်နှာသစ်ဆေးကို အသုံးပြုလို့ရပါပြီ။ ရေနဲ့မဆေးလိုက်ပါနဲ့ဦး။

သင်နှစ်သက်မယ့်ဆောင်းပါး ---> ဝက်ခြံကြောင့်ဖြစ်စေတဲ့ အနာရွတ်တွေကို လွယ်လွယ်ပျောက်စေမယ့် သဘာဝနည်း

 

အဆင့် ၄ ။ ။ နောက်ဆုံးအဆင့်မှာတော့ ဆဲလ်သေတွေကို ဖယ်ရရှားရပါမယ်။ အရေပြားအပေါ်ယံလွှာက မိတ်ကပ်တွေကို ဖျက်ပြီးတဲ့နောက် ချွေးပေါက်တွေမှာ မိတ်ကပ်အကြွင်းအကျန်တွေ ကပ်ငြိမနေအောင် လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံပွတ်သပ်ပေးကာ ကြေးချွတ်ပေးရပါမယ်။ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆပ်ပြာတွေပြောင်အောင် သစ်ပေးလိုက်ရင် ရသွားပါပြီ။ ချွေးပေါက်တွေလည်းပွင့်ပြီး မျက်နှာလေး ကြည်လင်သွားတာကို တွေ့ရမှာပါ။

Source : She Finds

သင်နှစ်သက်မယ့်ဆောင်းပါး ---> ကျန်းမာရေးနဲ့ အသားအရေအတွက် အရေးပါသော ဗီတာမင်ဓာတ် တစ်မျိုး


Author


က္က