ဝက်ခြံလောက် မုန်းစရာကောင်းတာ ရှိပါဦးမလား?
Su Yee Moe

what-a-pimple-477515523-57601e805f9b58f22eb8fd66.jpg 

ဝက်ခြံတွေက စိတ်ပျက်စရာပါ။ ဆယ်ကျော်သက်မှာလည်း ဝက်ခြံထွက်၊ ဖုန်တွေကပ်လို့ ဝက်ခြံထွက်၊ အဆီနဲ့အညစ်ကြေးတွေ မပြောင်လို့ ဝက်ခြံထွက်တာနဲ့ ထွက်လို့ကို မဆုံးနိုင်ဘူး။ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ဝက်ခြံကထွက်လိုက်သေးတယ်။ ဝက်ခြံတွေကို မုန်းတီးနေသူတွေအတွက် သတင်းကောင်းတစ်ခုကြားပါတယ်။ ဝက်ခြံမထွက်စေမယ့် ကာကွယ်ဆေးကို ပညာရှင်တွေက စတင်စမ်းသပ်နေကြပြီလို့ သိရပါတယ်။

 

British Skin Foundation ရဲ့ အဆိုအရ အသက် ၁၁ နှစ်မှ ၃၀ ကြား လူ ၈၀ ရာခိုင်နှုန်းဟာ ဝက်ခြံပြဿနာကို ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားဆန်ဒေးဂိုးတက္ကသိုလ်ရှိ သိပ္ပံပညာရှင်တွေက ဝက်ခြံကာကွယ်ဆေးကို စတင်ဖန်တီးနေကြပြီလို့ သိရပါတယ်။ ယင်းကာကွယ်ဆေးဟာ ဝက်ခြံထွက်လာစေမယ့် အဆိပ်အတောက်တွေကို တိုက်ဖျက်ပစ်မယ်လို့ ဆိုတယ်။ ဆေးကတော့ ထိုးဆေးအနေနဲ့ ထိုးနှံရမှာပါ။

479204534.jpg 

လက်ရှိမှာတော့ ဝက်ခြံကာကွယ်ဆေးကို ဝက်ခြံရှိသူတွေရဲ့ အရေပြားကို ခွဲခြားစမ်းသပ်လေ့လာနေပြီး နောက်တစ်ဆင့်မှာတော့ လူတွေကို ထိုးသွင်းပြီး စမ်းသပ်ကြည့်တော့မယ်လို့ သိရပါတယ်။ ဝက်ခြံကြောင့် စိတ်ဆင်းရဲနေကြသူတွေကတော့ ဝက်ခြံကာကွယ်ဆေးကို မျှော်လင့်လို့ရနေပါပြီ။

Source : Metro


က္က