အရမ်းတိုလွန်းတာတွေနဲ့ ခြေမျက်စိဖုံး ဂါဝန်၊ စကတ်တွေက ခေးနဲ့ မလိုက်ဘူးနော်။

အရပ်ပုတယ်ဆိုတာ စိတ်ညစ်စရာမှမဟုတ်တာ။ ပုလို့နုတယ်ဆိုတဲ့စကားတောင် ရှိပါသေးတယ်။ အဝတ်အစားချုပ်ရင်လည်း ပိတ်စဖိုး အကုန်ကျသက်သာတယ်။ အဓိကက ကိုယ်နဲ့လိုက်ဖက်တာကို ဝတ်နိုင်ဖို့ပဲ။ ကိုယ်ကသာ ဖက်ရှင်ကျကျ လန်းပြမယ်ဆို အရပ်ရှည်ပါတယ်ဆိုတဲ့လူတွေကတောင် ကိုယ့်ကိုပြန်ငေးသွားလောက်တယ်။



 

၁။ စီးရတာသက်တောင့်သက်သာရှိမယ့်ဒေါက်ဖိနပ်

အရပ်ပုလို့ဆိုပြီး ၅ လက်မမြင့်တဲ့ ခဲချွန်ဒေါက်ဖိနပ်တွေချည်း စီးနေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အရပ်ကို နည်းနည်းလောက် ပိုပြီးမြင့်သွားစေမယ့်ဒေါက်ဆိုရင် ရပါပြီ။ တပြေးညီဒေါက်တွေက ပိုအဆင်ပြေပါလိမ့်မယ်။ ခြေမျက်စိတဝိုက်မှာ သိုင်းကြိုးပါရမယ်၊ ဒေါက်က ထူထူပြန့်ပြန့်ဖြစ်ရမယ် ဒါဆိုရင် ရပါပြီ။ ဒေါက်ဖိနပ်စီးပြီး သက်တောင့်သက်သာမရှိ၊ လမ်းလျှောက်လို့မကောင်းရင် ဂွမ်းပြီလေ။

 

၂။ ဘောင်းဘီပွပွ

ခုခေတ်မှာ အောက်ရှုးအကျပ် (skinny)တွေ ခေတ်စားနေတယ်။ မရွေးပါနဲ့။ ကိုယ့်ကို ပိုပုသွားစေတဲ့ဖက်ရှင်ကြီးနော်။ စတိုင်လ်ပန်လို့ခေါ်ကြတဲ့ တစ်ဖြောင့်တည်းဘောင်းဘီမျိုးကို အပေါ်နဲ့အောက် အကျယ်တူတဲ့ ဘောင်းဘီကိုပဲ ရွေးလိုက်ပါ။

short_fashion_coat.jpg 

၃။ မတိုမရှည်ကုတ်

မတိုမရှည်ဆိုတာမျိုးက ကိုယ့်အရပ်နဲ့ဆို ဝတ်ထားရင် ပေါင်လယ်လောက် ရောက်တဲ့ ကုတ်အကျႌမျိုးကို ဆိုလိုတာပါ။ ခါးအတိမျိုးနဲ့လည်း မလိုက်သလို ဒူးကျော်သွားရင်လည်း လူကိုပိုပုသလို မြင်ရစေပါတယ်။

short_fashion_v_neck.jpg 

၄။ V လည်ပင်းပေါက်နဲ့ ဘလောက်စ်အကျႌ

ရာသီဥတုမရွေး ဝတ်တဲ့ ဘလောက်စ်တွေထဲမှာ လည်ပင်းပေါက်က V ပုံသဏ္ဍန် ဖြစ်နေတာကို ရွေးသင့်ပါတယ်။ အပေါ်ကနေ အောက်ကို ဇောက်ထိုးပုံစံ မြင်သွားစေလို့ ကိုယ့်ခါးက ပိုသွယ်သွားသယောင် ဖြစ်စေပါတယ်။ ချည်သားဘလောက်စ်လေးတွေက အလိုက်ဖက်ဆုံးလေ။ နွေရာသီနဲ့ အံကိုက်ပဲ။

short_fashion_midi.jpg 

၅။ ဒူးနားဝဲတဲ့ဂါဝန်လေးတွေ

အရမ်းတိုလွန်းတာတွေနဲ့ ခြေမျက်စိဖုံး ဂါဝန်၊ စကတ်တွေက အရပ်ပုတဲ့ခေးနဲ့ မလိုက်ဘူးနော်။ ဝတ်ချင်သပဆိုပြီး ဝတ်လိုက်ရင် ကိုယ့်အလှတောင် ပျက်သွားဦးမယ်။ သူများဝတ်တော့လှပြီး ကိုယ်ဝတ်မှ မလှတော့ သူငယ်ချင်းတွေကိုတောင် အမြင်ကတ်မိမှာ။ ကိုယ်နဲ့လိုက်တဲ့ စကတ်ဆိုတာ ဒူးနားဝဲနေမယ့် ခြေသလုံးတစ်ဝက်နားလောက်က ကွက်တိပဲဆိုတာ သိထားရင် ဒီဇိုင်းစုံအောင်ဝတ်ပြီး ဖလန်းဖလန်းထလို့ရပါလိမ့်မယ်။

Source : Purewow


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က