အဝတ်အစားအပြင်အဆင်ကို ဂရုစိုက်လိုက်ရင် ဗိုက်ခေါက်ထွက်တာ မသိသာအောင်ထိန်းထားလို့ရပါတယ်။
 

ရုံးမှာ ထိုင်ပြီး အလုပ်လုပ်ရတာ များလာတော့ ခါးမှာ အဆီတွေစုလာပြီ။ ဗိုက်ခေါက်ကလည်း ထွက်လာလို့ ဘာဝတ်ဝတ်မလှတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးလာပြီ။ No.... ဒီလိုတွေ ဖြစ်စရာမလိုဘူးနေ။ အလုပ်ကိုဦးစားပေးလို့ ဗိုက်ချပ်အောင် ကိုယ်လုံးလှအောင် လေ့ကျင့်ခန်းမလုပ်နိုင်သေးချိန်မှာ အဝတ်အစားအပြင်အဆင်ကို ဂရုစိုက်လိုက်ရင် ဗိုက်ခေါက်ထွက်တာ မသိသာအောင်ထိန်းထားလို့ရပါတယ်။



၁။ High-waisted

ခါးမြင့်မြင့်နဲ့ ဘောင်းဘီ၊ စကတ်တွေက ခါးကိုပိုသွယ်သွားသလို ထင်ရစေတယ်။ ခါးသေးသေး တင်ကားကား ပုံစံံမျိုး ထွက်ပေါ်လာပါလိမ့်မယ်။

 

၂။ ဒေါင်လိုက်အစင်း

ခါးတင်မက လူကိုပါ ပိုပိန်သွားသလို မြင်ရစေပါတယ်။ အရပ်ပုတဲ့လူတွေနဲ့ ဝတဲ့လူတွေအတွက် ရွေးချယ်စရာ ဖက်ရှင်ပါ။ ခါးလေးပဲ သေးသွယ်သလို ဖြစ်ချင်ရင်တော့ ဒေါင်လိုက်အစင်းပါတဲ့ အကျႌကို ရွေးသင့်ပါတယ်။

 

၃။ ဘောင်းဘီစကတ်

ဘောင်းဘီစကတ်တွေကိုဝတ်ရတာ ခေတ်နောက်ပြန်ဆွဲတယ်လို့ မထင်လိုက်ပါနဲ့။ ဝတ်လိုက်ရင် စမတ်ကျတဲ့ဖက်ရှင်ဖြစ်ပါတယ်။ သူက ခါးနေရာမှာသေးပြီး ခြေသလုံးနားမှာ ကားသွားတော့ ကိုယ့်ရဲ့ခါးလေးကလည်း A ပုံစံလိုဖြစ်သွားစေတာပေါ့။

 

၄။ ခါးပတ်

ခါးပတ်ပတ်တယ်ဆိုတာ ဘောင်းဘီက ကြီးနေ၊ ချောင်နေလို့ မဟုတ်ဘူးနော်။ ကိုယ့်ခါးလှလှလေးကို ပေါ်လွင်အောင် ပတ်ရတာပါ။ နောက်တစ်ချက်ကတော့ ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဟန်ချက်ထိန်းပေးတာလည်း ဖြစ်ပါတယ်။

 

၅။ ပုံဖော်ထားတဲ့ဒီဇိုင်း

ပုံကိုကြည့်ပါ။ ဝတ်ထားတဲ့လူရဲ့ ကိုယ်လုံးကို အရမ်းလှတယ်လို့ ထင်ရတယ်မဟုတ်လား။ သူ့ဒီဇိုင်းကိုက ကိုယ်လုံးလှတဲ့ပုံပေါက်အောင် အရောင်စပ်ကာ လိုင်းဖော်ပေးထားတာ ဖြစ်ပါတယ်။

Source & Photo : Pure Wow


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က