ဘာကိုပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေရင် သူများတွေအမြင်မှာလည်း ကြည့်ကောင်းတယ်။

Crush နဲ့ ချိန်းထားလို့ ဘာဝတ်ရမှန်းမသိ ဖြစ်နေတယ်။ ချစ်စရာကောင်းတာလေးပဲ ဝတ်ရမလား၊ ဘောင်းဘီနဲ့ ရှပ်အကျႌလား၊ ဒါမှမဟုတ် မြန်မာဝတ်စုံလား? ဘာဝတ်ရမှန်းကိုမသိဘူး။



 

သူ့မျက်စိထဲမှာတော့ ကိုယ့်ကိုသဘောကျနေစေချင်တယ်။ သူ့ကိုလည်း ဆွဲဆောင်ချင်မိတယ်လေ။ ကိုယ်ကသာ သတိမထားမိတာ တချို့ဖက်ရှင်တွေက ယောက်ျားလေးတွေအမြင်မှာ ဆက်စီကျပြီး သဘောကျစရာကောင်းတာတွေ ရှိပါတယ်။

 

၁။ တီရှပ်နဲ့ဂျင်းဘောင်းဘီ

ခန္ဓာကိုယ်နဲ့ မပွ၊ မချောင် တီရှပ်တစ်ထည်ဟာ ဂျင်းဘောင်းဘီရှည်တစ်ထည်နဲ့ တွဲဝတ်လိုက်ရင်ကိုပဲ ယောက်ျားလေးတွေမျက်စိထဲမှာ အလိုလိုသဘောကျစရာ ဖြစ်နေရော။ ပွင့်လင်းရိုးရှင်းတဲ့စတိုင်လ်ကို သူတို့က နှစ်သက်တယ်။

 

၂။ ပွယောင်းယောင်းရှပ်အကျႌ

တီရှပ်ပွပွကြီးတွေ ဝတ်ထားတဲ့ ကပိုကယိုအလှကိုလည်း သူတို့က သဘောကျကြပြန်တယ်။ မျက်စိထဲမှာ အလိုလိုနေရင်းကို ဆက်စီကျနေတာဆိုပဲ။ ညဝတ်အကျႌလို ပွပွကြီးဖြစ်နေပေမဲ့ ခြေထောက်တွေကို ဖော်ပြထားတဲ့အခါ သူတို့စိတ်လှုပ်ရှားကြပါတယ်။

 

၃။ Gym ဝတ်စုံ

အားကစားဝတ်စုံတွေက အမျိုးမျိုးရှိတယ်။ Gym မှာ ဝတ်တာကတော့ တိုတိုကပ်ကပ်လေးတွေဆိုတော့ အမောင်ပုရိသတို့က မငေးဘဲကို မနေနိုင်ကြဘူး။

 

၄။ လည်ထောင်

လည်ထောင်အကျႌတွေကို ဝတ်လိုက်ရင် ဘယ်လိုနေလဲ? စိတ်ထဲမှာ စမတ်ကျတယ်လို့ ခံစားမိတယ်မဟုတ်လား။ ယောက်ျားလေးတွေ အမြင်မှာတော့ လည်ထောင်အကျႌကို ဝတ်ထားတဲ့ မိန်းကလေးဟာ ကြည့်ကောင်းနေတတ်ပါတယ်။

Source : Women Mag


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က