အချိန်အခါအလိုက် ရွေးချယ်ဝတ်ဆင်တတ်ဖို့လည်း လိုတယ်မဟုတ်လား။

ကိုယ့်ကိုဖိတ်ကြားလာတဲ့ မင်္ဂလာဧည့်ခံပွဲတွေကို တက်ရောက်တဲ့အခါ အဝတ်အစားကို ဖြစ်ကတတ်ဆန်း ဝတ်မသွားသင့်ပါဘူး။ မင်္ဂလာနေ့ရက်ဟာ သတို့သမီး၊ သတို့သားနဲ့ နှစ်ဖက်အသိုင်းအဝိုင်းအတွက် တကယ်ကို ကြီးမားတဲ့ အမှတ်တရနေ့ရက်ဖြစ်ပါတယ်။ ကိုယ်က ပါဝင်တက်ရောက်ပေးရတဲ့အခါ သူတို့ကို ချစ်ခင်လေးစားတယ်ဆို အဝတ်အစားကို ဂရုတစိုက် ပြင်ဆင်သွားသင့်ပါတယ်။ ဒါတွေကိုတော့ မဝတ်ပါနဲ့။



၁။ အဖြူဆွတ်ဆွတ်

 

အနောက်တိုင်းအပြင်အဆင်နဲ့ ကျင်းပတဲ့ မင်္ဂလာအခမ်းအနားတွေကို တက်ရောက်မယ်ဆို အဖြူဆွတ်ဆွတ်ချည်းပဲ အစအဆုံး ဝတ်သွားတာမျိုး မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ သတို့သမီးက အဖြူရောင်ဝတ်မှာကိုး။ တချို့သတို့သမီးတွေက ဒါကို မကြိုက်ကြဘူး။

၂။ သတို့သမီးထက်ပိုလှမယ့်ဝတ်စုံ

 

ကိုယ်က ဘယ်လောက်ပဲ ငွေကြေးကြွယ်ဝနေဦးတော့ မင်္ဂလာဆောင်မှာ သတို့သမီးထက်ပိုပြီး ပေါ်လွင်နေမယ့် ဝတ်စုံကိုလည်း မဝတ်သင့်ပါဘူး။ သတို့သမီးကို လေးစားသောအားဖြင့် သူမကိုသာ အလှဆုံး ဖြစ်စေလိုက်ပါ။

၃။ ခြေညှပ်ဖိနပ်

 

မင်္ဂလာဆောင်ဆိုတာ တတ်နိုင်သမျှ လှလှပပလေး ဝတ်ဆင်ကြရမှာလေ။ ကိုယ်က ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်နဲ့ မင်္ဂလာအခမ်းအနားကို တက်တယ်ဆိုတာ သူတို့ကို တန်ဖိုးမထားရာ ရောက်ပါတယ်။

၄။ ဂျင်း

တချို့တွေရှိတယ် တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး မင်္ဂလာဆောင်ကိုသွားတာ။ ဘောင်းဘီအတိုနဲ့ မင်္ဂလာဆောင်ကို တက်တာတောင် တွေ့ဖူးတယ်။ မဝတ်ပါနဲ့။ ဂျင်းဆိုတာ ဝတ်ရတာ အဆင်ပြေလို့သာ ဝတ်နေတာပါ။ ပြီးတော့ ဒါက ဖက်ရှင်ပွဲ၊ ရှိုးပွဲ မဟုတ်ဘူးလေ။ မင်္ဂလာဆောာင်ဆိုတော့ သပ်သပ်ရပ်ရပ်လေးပဲ ဝတ်သွားသင့်ပါတယ်။ ဂျင်းဟာ ပွဲတက်တဲ့ဖက်ရှင်မဟုတ်ပါဘူး။

၅။ ကိုယ်ပိုင်မင်္ဂလာဝတ်စုံ

 

တကယ့်ကို ဂွအကျဆုံးဖြစ်ရပ်ပါ။ "နင့်မင်္ဂလာဆောင်ကို ငါ့မင်္ဂလာဆောင်တုန်းကဝတ်စုံဝတ်ပြီး လာခဲ့မယ်"လို့ သတို့သမီးကို ပြောကြည့်လိုက် မျက်နှာပျက်သွားလိမ့်မယ်။ ကိုယ့်ရဲ့မင်္ဂလာပွဲမှမဟုတ်တာ ဘာကိစ္စနဲ့ မင်္ဂလာဝတ်စုံကြီးကို ဝတ်နေမလဲ။ တခြား ဝတ်စရာတစ်ခုခု မရှိဘူးဆိုရင်တောင်မှ ဒါဟာ လုံးဝမရွေးသင့်တဲ့ဝတ်စုံ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ပြန်ကြည့်တိုင်း သတို့သမီးကတော့ စိတ်ညစ်နေမှာ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က