အစင်းတွေထင်နေတဲ့ နေကာမျက်မှန်ကမှ တကယ်ကိုရှိုးပဲ့မှာ။

လူအတော်များများ ထင်နေကြတာက နေကာမျက်မှန်တပ်ရင် ရှိုးထုတ်တယ်လို့ပဲ ထင်ကြတယ်။ တကယ်တမ်း နေကာမျက်မှန်ဆိုတာ ကိုယ့်ရဲ့မျက်လုံးတွေကို ဂရုစိုက်ပေးဖို့က အဓိကရည်ရွယ်ချက်ပါ။ နေရောင်ခြည်ဟာ မျက်စိကို ဒုက္ခပေးနိုင်တယ်လေ။


 

နေကာမျက်မှန်ကောင်းကောင်းတစ်လက်ဆိုလည်း ဈေးက မသေးဘူး။ ၂ သောင်းတန်ကနေ ၂ သိန်းလောက်အထိ အမျိုးမျိုးရှိသလို ဒီ့ထက်ဈေးအများကြီးပိုတဲ့ Branded တွေလည်း ရှိပါတယ်။ ဘယ်လောက်တန်ပဲဝယ်ထားပါစေ ကိုယ့်ရဲ့နေကာမျက်မှန်လေးဟာ လိုအပ်ချိန်မှာ အသုံးပြုလို့ရနေဖို့ အရေးကြီးတယ်။ နေကာမျက်မှန်တွေမှာ ဖြစ်တတ်တဲ့အရာကတော့ အစင်းရာတွေပဲ။ အစင်းတွေထင်နေတဲ့ နေကာမျက်မှန်ကမှ တကယ်ကိုရှိုးပဲ့မှာ။

 

အစင်းရာတွေထင်နေတဲ့ နေကာမျက်မှန်ကို အသစ်လိုဖြစ်သွားအောင်လုပ်ဖို့အတွက် မုန့်ဖုတ်ဆိုဒါ၊ car wax နဲ့ သွားတိုက်ဆေးတို့ပဲလိုတယ်လို့ ပြောလိုက်ရင် အံ့သြသွားမလားပဲ။ ဘာမှမလုပ်ခင် ပထမဆုံးအနေနဲ့ မျက်မှန်ပေါ်က ဖုန်တွေ၊ ကြေးတွေကို ပြောင်စင်အောင်အရင်သုတ်ပါ။ မုန့်ဖုတ်ဆိုဒါ - လက်ဖက်စားဇွန်း ၂ ဇွန်း ကို ခွက်တစ်လုံးထဲမှာ ရေနည်းနည်းနဲ့ထည့်ဖျော်ပါ။ ရလာတဲ့အနှစ်နဲ့ မျက်မှန်ကိုပွတ်တိုက်ပေးရပါမယ်။

 

အစင်းတွေများလို့ မပြောင်ဘူးဆိုရင် သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကိုရောပြီး မျက်မှန်ကို ထပ်မံပွတ်တိုက်ပေးပါ။ နောက်ဆုံးမှာတော့ မျက်မှန်လေး တောက်ပြောင်သွားအောင် car wax လေးနဲ့ ပွတ်တိုက်ပေးလိုက်မယ်ဆို အစင်းကြောင်းတွေ လုံးဝပျောက်သွားပြီး အသစ်လိုဖြစ်သွားလိမ့်မယ်။ စတိုင်လ်ထုတ်ပြီး လန်းလို့ရပြီလေ။

Source : She Find


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က