ငွေအပိုတွေ မထွက်ရအောင်၊ လှသထက်လှအောင် .........
Su Yee Moe

မိန်းကလေးပဲဥစ္စာ လှချင်တာပေါ့လို့။ မိတ်ကပ်လည်းကြိုက်တယ်၊ ဖက်ရှင်လှလှလေးတွေလည်း ကြိုက်တယ်။ မိတ်ကပ်မကြိုက်ပါဘူးဆိုတဲ့ မိန်းကလေးတွေလည်း နှုတ်ခမ်းနီလေးတစ်တောင့်လောက်တော့ ရှိတတ်ကြပါတယ်။ အခုပြောပြမယ့်နည်းလေးတွေကို မှတ်ထားရင် တစ်ချိန်မှာအသုံးတည့်လာမှာ အသေအချာပါပဲ။

 

၁။ တစစီဖြစ်သွားတဲ့ပါးနီဘူး

ပါးနီဘူး၊ blusher ဘူးလေးဟာ အမြင့်ကနေပြုတ်ကျသွားရင်၊ လက်ထဲကလွတ်ကျသွားရင် တစ်စီကိုဖြစ်သွားတော့တာပဲ။ မဖြစ်တာဆိုလို့ ဘူးခွံပဲရှိတယ်။ အရမ်းကိုကြေကွဲရတဲ့ အခိုက်အတန့်တွေဆိုတာ မိတ်ကပ်ကြိုက်သူတွေမှ နားလည်မယ်။ ပြန်သုံးလို့ရချင်ရင်တော့ အစိတ်အစိတ်အမွှာမွှာဖြစ်သွားတဲ့ အတုံးအခဲလေးတွေကို ဘူးထဲပြန်ထည့်ပြီး လုံးဝကြေသွားအောင် ချေလိုက်ပါ။ ဘူးထဲကို rubbing alcohol (ဓာတုပစ္စည်းစတိုးတွေမှာ ဝယ်လို့ရပါတယ်) နည်းနည်းလောက်ထည့်ပြီး မွှေလိုက်ရင် ခရင်မ်လို ပျစ်ပျစ်လေးဖြစ်သွားလိမ့်မယ်။ အပေါ်ယံလေးကို ညီညာသွားအောင်ညှိလိုက်ဦး။ ဘူးလေးကိုလည်း နည်းနည်းလောက် ဆောင့်ပေးလိုက်ရင် rubbing alcohol တွေ အထဲကို စိမ့်သွားဖို့ပေါ့။ တစ်နာရီလောက်ထားပြီးလို့ ခြောက်သွားတဲ့အခါ ပြန်သုံးလို့ရပါပြီ။

 

၂။ ကိုယ်တိုင်လုပ် မိတ်ကပ်ဖျက်ဆေး

ကလေးခေါင်းလျှော်ရည် ထမင်းစားဇွန်း ၂ ဇွန်း၊ baby oil/ အုန်းဆီ - ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရေနှစ်ခွက်တို့ကို ရောစပ်လိုက်ပါ။ မိတ်ကပ်ဖျက်ဆေးအဖြစ် သုံးလို့ရပါပြီ။ Cotton Pad လေးတွေကို ပုလင်းတစ်လုံးထဲမှာ စီထည့်ပြီးရင် အပေါ်ကနေ ကိုယ်တိုင်လုပ်မိတ်ကပ်ဖျက်ဆေးရည်ကို လောင်းထည့်ကာ အဖုံးလုံအောင်ပိတ်ပြီးသိမ်းပါ။ အေးတဲ့နေရာမှာသိမ်းထားမယ်ဆို ၂ ပတ်လောက်တော့ အထားခံတယ်။ မိတ်ကပ်တွေလည်း ဖျက်လို့အဆင်ပြေတယ်။

 

၃။ ဖယောင်းနှုတ်ခမ်းနီ

နှုတ်ခမ်းနီတံဆိပ် အမျိုးမျိုးထဲမှာမှ ဖယောင်းနှုတ်ခမ်းနီဆိုပြီး ကိုယ်တိုင်ထွင်ပလိုက်ကြစို့။ ဆေးခြယ်တဲ့ဖယောင်းတောင့်လေးတွေကို သုံးမှာပါ။ အုန်းဆီကို အပူပေးလိုက်ပြီးရင် ဖယောင်းတောင့်လေးကို စက္ကူတွေခွာပြီး ၃ ပိုင်းလောက်ချိုးထည့်လိုက်။ အလိုလိုပျော်သွားပြီး ခနနေဆို ခဲသွားရော။ နှုတ်ခမ်းနီအဖြစ် ဆိုးလို့ရသွားလိမ့်မယ်။ မပူပါနဲ့၊ ဆေးခြယ်တဲ့ဖယောင်းတောင့်လေးတွေက ပျားဖယောင်းရယ် သဘာဝဆိုးဆေးရယ်နဲ့ပဲ ပြုလုပ်ထားတာမို့ အဆိပ်အတောက်ဖြစ်စရာ အကြောင်းမရှိဘူး။

 

၄။ နှုတ်ခမ်းနီတောင့်လေးကျိုးသွားတဲ့အခါ

ဒါလည်းအဖြစ်များတဲ့ ကိစ္စတစ်ခုပဲ။ နှုတ်ခမ်းနီတောင့်လေးက အလယ်ကနေ၊ အရင်းကနေ ကျိုးသွားတာဆိုရင် ကျိုးတဲ့နေရာကို အပူပေးပြီး ပြန်ဆက်လိုက်ပါ။ ဘေးတွေကိုလည်း အပူပေးလိုက်ရင် နှုတ်ခမ်းနီကို ပြန်ဆက်လို့ရသွားလိမ့်မယ်။ နှုတ်ခမ်းနီတောင့်ကတော့ နည်းနည်းအရည်ပျော်သွားတယ်ဆိုပေမဲ့ ကျိုးပြီးသုံးမရတာထက်စာရင်တော့ ပြန်သုံးလို့ရသေးတာပဲလေ။

Source : Nifty


Author


က္က