နေကာမျက်မှန်ဆိုတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းရှိစေ၊ ဖက်ရှင်လည်းကျစေတဲ့ အသုံးအဆောင်တစ်မျိုးပါပဲ။


နေကာမျက်မှန်ဆိုတာ ယောကျ်ားလေးတွေအတွက်ကော၊ မိန်းကလေးတွေအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုဆိုတာာကို ငြင်းဆိုဖွယ်မရှိပါဘူး။ နေကာမျက်မှန်ဟာ နေပူထဲထွက်နေရတဲ့လူတွေအတွက် မျက်စိကျန်းမာရေးထိန်းသိမ်းဖို့အတွက်လည်းလိုအပ်ပါတယ်။ သင့်တော်တဲ့အဝတ်အစားနဲ့သာတွဲဖက်လိုက်မယ်ဆိုရင် နေကာမျက်မှန်တစ်လက်က လူတစ်ယောက်ကို စမတ်ကျစေတာလည်းအမှန်ပါပဲ။ ဒီနေ့မှာတော့ ၂၀၁၆ ခုနှစ်တုံးက ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေနဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေနှစ်ခြိုက်စွာဝတ်ဆင်ခဲ့ကြတဲ့ နေကာမျက်မှန် brand (၁၀) မျိုးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁၀။ DOLCE & GABBANA (D&G)

အီတလီလူမျိုး ဒီဇိုင်နာတွေဖြစ်တဲ့ Domenico Dolce နဲ့ Stefano Gabbana တို့က ၁၉၈၅ ခုနှစ်မှာ ကုမ္မဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ D&G က ဖက်ရှင်နဲ့ဆိုင်တဲ့ပစ္စည်းတော်တော်များများကို ထုတ်လုပ်ရောင်းချပြီး သူ့ရဲ့မတူထူးခြားတဲ့ဒီဇိုင်းတွေကြောင့် လူကြိုက်များပါတယ်။ D&G က သူ့ရဲ့ဖောက်သည်တွေအတွက် ဖက်ရှင်ကျပြီး လူကြိုက်များမယ့်နေကာမျက်မှန်ဒီဇိုင်းတွေကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ D&G ရဲ့နေကာမျက်မှန်ဒီဇိုင်းတွေက လူကြိုက်အများဆုံးစာရင်းထဲမှာ နာမည် (၁၀) စွဲခဲ့ပါတယ်။

DD-3090-501-8G-2.jpg



၉။ BURBERRY

ဗြိတိန်ဖက်ရှင် brand တစ်ခုဖြစ်တဲ့ BURBERRY ဟာသူ့ရဲ့အံ့သြဖွယ်ဇိမ်ခံအိမ်တွေ၊ ရေမွှေးတွေ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ၊ မိတ်ကပ်တွေ၊ နေကာမျက်မှန်တွေကြောင့် နိုင်ငံတွင်းမှာသာမက ကမ္ဘာမှာပါထင်ရှားပါတယ်။ ဖက်ရှင်ကျကျဝတ်စားလိုတဲ့ယောကျ်ား၊ မိန်းမတွေဟာ BURBERRY ကိုအလွန်နှစ်သက်ကြရတဲ့အကြောင်းရင်းကတော့ ကုမ္မဏီကပေးရတဲ့ဈေးနဲ့ထိုက်တန်တဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်ရောင်းချပေးလို့ပါပဲ။ BURBERRY ရဲ့ပြိုင်စံရှားတဲ့နေကာမျက်မှန်ဒီဇိုင်းတွေက လူတွေရဲ့သွင်ပြင်ကိုပြီးပြည့်စုံစေလို့ လူကြိုက်များထင်ရှားပါတယ်။

 

၈။ VERSACE

အီတလီဖက်ရှင်ဒီဇိုင်နာ Gianni Versace တည်ထောင်ထားတဲ့ VERSACE ကုမ္မဏီဟာ ၁၉၇၈ ခုနှစ်တုံးကစတင်ခဲ့ပါတယ်။ ကုမ္မဏီဟာ သူ့ရဲ့ Versace collection, Versus Versace နဲ့ Versace Jeans တို့ကြောင့် လူသိများထင်ရှားပြီး ယောကျ်ား၊ မိန်းမတွေအတွက် အထူးစပယ်ရှယ်ပြုလုပ်ထားပေးတဲ့နေကာမျက်မှန်ဒီဇိုင်းတွေကြောင့်လည်း ပိုမိုကျော်ကြားလာခဲ့ပါတယ်။ VERSACE ရဲ့အထူးထင်ရှားတဲ့ အချက်ကတော့ အရည်အသွေးအထူးကောင်းမွန်တဲ့ကုန်ကြမ်းပစ္စည်းတွေကိုအသုံးပြုတာပါပဲ။

 

၇။ EMPORIO ARMANI

အီတလီရဲ့နာမည်အကြီးဆုံးဖက်ရှင် brand တစ်ခုဖြစ်တဲ့ ARMANI ဟာ သူ့ရဲ့သူမတူအောင်ထူးခြားတဲ့ ဖက်ရှင်ထုတ်ကုန်ပစ္စည်းတွေကြောင့်ထင်ရှားပါတယ်။ သူ့ရဲ့ပစ္စည်းတိုင်းဟာ မတူကွဲပြားတဲ့ဒီဇိုင်းနဲ့ တန်ဖိုးကြောင့် လူသိများပါတယ်။ သူ့ရဲ့စတိုင်ကျပြီးသက်တောင့်သက်သာရှိတဲ့ နေကာမျက်မှန်တွေဟာ ဝတ်ဆင်သူတွေအတွက်အကောင်းဆုံးရလဒ်တွေကို ပေးစွမ်းနိုင်လို့ ဒီစာရင်းမှာ နံပါတ် (၇) နေရာ ရခဲ့တာပဲ ဖြစ်ပါတယ်။

 

၆။ PRADA

နာမည်ကြီးအီတလီဖက်ရှင်ကုမ္မဏီ PRADA ကတော့ နာရီတွေ၊ လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊ နေကာမျက်မှန်တွေနဲ့ တခြားဖက်ရှင်ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချပါတယ်။ ကုမ္မဏီကိုတော့ Mario Prada က ၁၉၁၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ PRADA ဟာ ယောကျ်ားလေးတွေအတွက်ကော၊ မိန်းကလေးတွေအတွက်ပါ စတိုင်ကျတဲ့နေကာမျက်မှန်တွေကို ဒီဇိုင်းဆွဲရောင်းချခဲ့ပြီး ၁၉၁၃ ခုနှစ်ကတည်းက ယနေ့ခေတ်ထိ လူကြိုက်အများဆုံး ဖက်ရှင် brand တစ်ခုဖြစ်ခဲ့တာအဆန်းတော့လည်းမဟုတ်ပါဘူး။ PRADA ကုမ္မဏီ ဖက်ရှင်လောကထဲမှာ ထိပ်ပိုင်းနေရာရနေတာ သူ့ရဲ့ထုတ်ကုန်တွေကြောင့် တစ်ခုတည်းမဟုတ်ဘဲ သူ့ရဲ့ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကြောင့်လည်း ပါပါတယ်။

 

၅။ GUCCI

အီတလီနိုင်ငံ၊ ဖလောရန့်စ်မြို့အခြေစိုက် ကုမ္မဏီ GUCCI ဟာ ဒီစာရင်းရဲ့နံပါတ် (၅) နေရာကိုထိုက်ထိုက်တန်တန်ရခဲ့တာပါ။ GUCCI brand ကို နာမည်ကြီးပုဂ္ဂိုလ်တွေ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ကြတာက သူ့ရဲ့ပြိုင်စံရှားတဲ့ နေကာမျက်မှန်ဒီဇိုင်းတွေဟာ ကမ္ဘာပေါ်မှာထင်ရှားခဲ့လို့ပါပဲ။ သူ့ရဲ့နေကာမျက်မှန်တွေကို ပါတီတိုင်းမှာဝတ်စားကြပြီး ဘယ်ပွဲလမ်းသဘင်မျိုးအတွက်မဆို လိုက်ဖက်တယ်လို့လည်း ပြောစမတ်ပြုကြပါတယ်။

 

၄။ FENDI

FENDI က ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးမျက်မှန် brand တစ်ခုဖြစ်လာခဲ့တာက သူ့ရဲ့တီထွင်ဖန်တီးမှုဒီဇိုင်းတွေအတွက်သာမက သူ့ရဲ့ကြည်လင်တဲ့မြင်ကွင်းကိုပေးစွမ်းနိုင်ဖို့ နောက်ဆုံးပေါ် မိုက်ခရိုဖိုက်ဘာ နည်းပညာကိုအသုံးပြုမှုအတွက်ပါ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတလွှားက ဖက်ရှင်ကျနစမတ်ကျတဲ့ယောကျ်ား၊ မိန်းမတွေဟာ FENDI brand ကို နှစ်သက်စွာဝတ်ဆင်ကြတာဖြစ်ပါတယ်။

 

၃။ MAUI JIM

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းအခြေစိုက် Maui Jim ကုမ္မဏီကို ၁၉၈၀ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး Bill Capps ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ နေကာမျက်မှန်တွေကလည်း ဘယ်ရာသီ၊ ဘယ်ပွဲလမ်း သဘင်မှာမဆို လိုက်ဖက်ညီတယ်လို့ လူရေတတ်အသိုင်းအဝိုင်းဝင်တွေက မှတ်ချက်ချကြပါတယ်။ အမေရိကန်ဒီဇိုင်နာတွေက အထူးပါးလွှာတဲ့ ပိုလာရိုက်စ် မှန်တွေကို MAUI JIM နေကာမျက်မှန်တွေမှာ သုံးထားတဲ့အတွက် တပ်ဆင်သူတွေရဲ့မျက်လုံးကိုလည်း အထူးကာကွယ်ပေးနိုင်တယ်လို့ အဆိုရှိပါတယ်။

 

၂။ RAY BAN

လူကြီးကော၊ လူငယ်ပါ နှစ်ခြိုက်စွာဝတ်ဆင်ကြတဲ့ RAY BAN မျက်မှန် brand ကို ၁၉၃၇ ခုနှစ်တုံးက အမေရိကန်နိုင်ငံမှာတည်ထောင်ခဲ့တဲ့ Bausch & Lomb ကုမ္မဏီက ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ Aviator နေကာမျက်မှန်နဲ့ Wayfarer နေကာမျက်မှန်ဒီဇိုင်းတွေက ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးထဲမှာ ပါ ပါတယ်။ RAY BAN မျက်မှန်က တန်ဖိုးအားဖြင့်လည်း မသေးတဲ့အတွက် ထိပ်ပိုင်းနေရာကို ရောက်လာတာဖြစ်ပါတယ်။

 

၁။ OAKLEY

အမေရိကန်နိုင်ငံရဲ့လူကြိုက်အများဆုံးနေကာမျက်မှန် brand ဖြစ်တဲ့ OAKLEY ကတော့ သူ့ရဲ့ဆွဲဆောင်မှုပြင်းတဲ့ နေကာမျက်မှန်ဒီဇိုင်းတွေကြောင့်ထင်ရှားပါတယ်။ OAKLEY က အားကစားပစ္စည်းတွေ၊ နှင်းကာမျက်မှန်တွေ၊ ကျောပိုးအိတ်တွေ၊ နာရီတွေနဲ့တခြားပစ္စည်းတွေကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ သူ့ရဲ့ကောင်းမွန်တဲ့အရည်အသွေး၊ သစ်လွင်တဲ့ဒီဇိုင်းနဲ့ တပ်ရတာသက်တောင့်သက်သာရှိမှုတို့ကြောင့် ဒီစာရင်းမှာနံပါတ်တစ်နေရာရခဲ့တာလည်းဖြစ်ပါတယ်။





Source: themeshnews

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က