လိုက်လုပ်ရဲလား?
Su Yee Moe
 

တစ်နေ့တစ်မျိုး မရိုးနိုင်အောင် မြင်နေရတဲ့ ဖက်ရှင်အလှအပတွေကြားမှာ မီအောင်လိုက်ရတာလည်း မောပါတယ်။ ကိုယ်က လိုက်မလုပ်ဖြစ်ဘူးဆိုဦးတော့ သိထားတော့လည်း ကောင်းတယ်မဟုတ်လား။ ခုတလော ရေပန်းစားနေပြန်တဲ့ လက်သည်းဒီဇိုင်းကတော့ တော်ရုံမိန်းကလေးတွေ မလုပ်ရဲမယ့်ဒီဇိုင်းပါ။ လက်သည်းခွံပေါ်မှာ ရင်သားပုံသဏ္ဍန် ပုံဖော်နေကြတာကို အင်စတာဂရမ်ပို့စ်တွေမှာ တွေ့လာရပါတယ်။

[No available link text] 

ဒီလိုဒီဇိုင်းကို စိတ်ကူးရခဲ့တာက လက်သည်းအလှပညာရှင် Mei Kawajira ဖြစ်ပါတယ်။ သူက အင်စတာဂရမ်ပေါ်မှာ Nails by Mei အမည်နဲ့ လူသိများတဲ့အကောင့်ပိုင်ရှင်ပါ။ အင်စတာဂရမ်ဆယ်လီအကောင့်တစ်ခုဖြစ်တဲ့ Shade Room က ကာဝါဂျီရီရဲ့ပို့စ်ကို တစ်ဆင့်ပြန်မျှဝေလိုက်ရာမှာတော့ ပိုပြီးလူသိများသွားခဲ့ပါတော့တယ်။

 

သူမရဲ့သူငယ်ချင်းတွေက ရင်သားထိပ်မှာ အပေါက်ဖောက်ပြီး ကွင်းလေးတွေတပ်နေကြတော့ သူလည်း ဒီလိုလက်သည်းဒီဇိုင်းလုပ်ဖို့ အိုင်ဒီယာရလာခဲ့တယ်လို့ ကာဝါဂျီရီက ပြောပါတယ်။ လက်သည်းပေါ်မှာ 3D ပုံစံ ဖောင်းကြွနေတဲ့ ရင်သားလေးဖြစ်အောင် acrylic နဲ့ ဂျယ်လ်ဆိုးဆေးကို သုံးပါတယ်။ အပေါ်ကနေ ကော်လေးသုံးပြီး ကွင်းလေးတပ်ကာ အလယ်တည့်တည့်မှာ ရင်သားထိပ်သီးပုံစံ ဆေးဆိုးထားတာဖြစ်ပါတယ်။

Source : Allure


Author


က္က