ကြွေသွားမယ်.....

အသက် ၉၅ နှစ်ထိအောင် နေနိုင်တဲ့လူဆိုတာ ခုခေတ်မှာ အရမ်းကိုရှားသွားပြီ။ အသက် ၉၀ ကျော် နေနိုင်ဦးတော့ ကျန်းမာနေဖို့ကလည်း ခက်တယ်။ အင်စတာဂရမ်ပေါ်မှာ စတားဖြစ်နေတဲ့ မော်ဒယ်ဘွားဘွားရဲ့အသက်ကတော့ ၉၅ နှစ်ပါတဲ့။

 

ဘွားဘွားရဲ့နာမည်က Ernestine Stollberg လို့ ခေါ်ပြီး သြစတြီးယားနိုင်ငံသား ဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းသစ်တွေနဲ့ ဘွားဘွားအာနီကို အင်စတာဂရမ်ပေါ်မှာ မြင်ရလေ့ရှိပါတယ်။ ဖက်ရှင်အသစ်အဆန်းတွေဟာ ဘွားဘွားနဲ့အတူ အမြဲတမ်းမြင်ရလေ့ရှိပြီး ယုံကြည်မှုအပြည့်နဲ့ ကိုယ်ဟန်ပြ ဝတ်ဆင်ထားတာကို အင်စတာဂရမ်သုံးသူတွေက သဘောကျကြပါတယ်။ ဘွားဘွားက ဗီယင်နာမြို့ရှိ Park ဖက်ရှင်အတွက် မော်ဒယ်လုပ်ပေးရတာပါ။

[No available link text] 

" သူမရဲ့ခန္ဓာကိုယ်ပေါ်ကို အရမ်းတင့်တယ်တဲ့အရာတစ်ခုလောက် ဆင်ပေးလိုက်တာနဲ့ သူမက ချက်ခြင်းဆိုသလို တင့်တယ်တဲ့ကိုယ်ဟန်ပို့စ်ပေးလိုက်တာပဲ"လို့ ဆိုင်ပိုင်ရှင် ဒီဇိုင်နာ မားကပ်စ်က ပြောပါတယ်။ ဘွားဘွားအာနီဟာ အဝတ်အစားပေါ်မူတည်ပြီး ကိုယ်ဟန်အမျိုးမျိုး လုပ်ပြနိုင်တယ်လို့ ဆိုပါတယ်။

 

Park ရဲ့ ဆိုင်ရှင်တွေက ဘွားဘွားရဲ့ပင်ကိုယ်သဘာဝကိုက ဓာတ်ပုံရိုက်ရင်လှနေမယ့်သူ (photogenic) ဖြစ်ကြောင်း တွေ့ရှိသွားရာကနေ မော်ဒယ်အဖြစ် ကိုယ်ဟန်ပြစေခဲ့ကြတာပါ။ ဘွားဘွားအာနီက ခေသူတော့မဟုတ်ဘူး။ ၁၉၃၀ ခုနှစ်ဝန်းကျင်တုန်းက ခေတ်ကပွဲတွေမှာ ဂျူးအကကို ကပြခဲ့သေးတယ်။ အကမယ်လုပ်ခဲ့သူဆိုတော့ မော်ဒယ်အဖြစ် ကိုယ်ဟန်ပြရတာ ဘွားဘွားအတွက် လွယ်ကူသွားပုံရပါတယ်။ ငယ်ငယ်တုန်းတည်းက ဆွဲဆောင်မှုရှိတဲ့ ဘွားဘွားအာနီဟာ လက်ရှိမှာလည်း အင်စတာဂရမ်စတားတစ်ဦး ဖြစ်လို့နေပါပြီ။

Source : Vogue


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က