မိန်းကလေးတွေကလည်း ကိုကို့အတွက် လက်ဆောင်ဝယ်ပေးမယ်ဆို စဉ်းစားလို့အောင်....
Su Yee Moe

နေကာမျက်မှန်တပ်ဆိုရင် စတိုင်လ်ထုတ်ဖို့လောက်ပဲလို့ တွေးကြတယ်။ တကယ်က နေရောင်ခြည်ကြောင့် မျက်စိကို ကာကွယ်ပေးဖို့လည်း နေကာမျက်မှန်ဟာ နေပူထဲထွက်နေရတဲ့လူတွေအတွက် မျက်စိကျန်းမာရေးထိန်းသိမ်းဖို့အတွက်လည်းလိုအပ်ပါတယ်။ သင့်တော်တဲ့အဝတ်အစားနဲ့သာတွဲဖက်လိုက်မယ်ဆိုရင် နေကာမျက်မှန်တစ်လက်က လူတစ်ယောက်ကို စမတ်ကျစေတာလည်းအမှန်ပါပဲ။ အမျိုးသားတွေအတွက် အလိုက်ဖက်ဆုံး နေကာမျက်မှန်ဒီဇိုင်း ၃ မျိုးကို ပြောပြမယ်ဗျာ။

 

၁။ Aviators

နေကာမျက်မှန်တွေရဲ့အစလို့ ပြောလို့ရမယ့် ဒီဇိုင်းမျိုးပေါ့။ ရဲတပ်ဖွဲ့ဝင်တွေ တပ်လေ့ရှိတဲ့ ဒီဇိုင်းမျိုးပါ။ အထူးသဖြင့်တော့ ပိုင်းလော့တွေ တပ်ကြတယ်။ Mission Impossible မှာ မင်းသားတွမ်ခရုဇ်တပ်တဲ့ နေကာမျက်မှန်ဒီဇိုင်းလည်း ဖြစ်ပါတယ်။ အမျိုးသားတိုင်းနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးဆိုတော့ ရှိကိုရှိထားရမယ့် ဒီဇိုင်းပေါ့။

 

၂။ Wayfarers

ဘောင်ထူထူ၊ ကိုင်းကြီးကြီးနဲ့ နှာတံပေါ်စေမယ့် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ အနားမညီစတုဂံရဲ့ ပုံသဏ္ဍန်မျိုးပါ။ နေကာမျက်မှန်တွေထဲမှာ ဒီလို ဒီဇိုင်းမျိုးက ရောင်းအားအကောင်းဆုံးပဲလို့ သိရပါတယ်။ တပ်ဆင်ထားတဲ့ အမျိုးသားရဲ့သွင်ပြင်ကို ပိုပြီးယောက်ျားပီသသွားစေတယ်။ ရော့ခ်စတားတွေရဲ့အကြိုက် ဒီဇိုင်းမျိုးလည်းဖြစ်တယ်။ Wayfarer ဒီဇိုင်းကို Ray-Ban က မူပိုင်ခွင့်ရယူထားတာပါ။ အခြား brand တွေကလည်း ဒီလိုပုံစံမျိုး လိုက်ထုတ်ကြပါတယ်။ Ray-Ban ရဲ့ wayfarer တစ်လက်ကတော့ အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ၁၆၅ ကြား ပေးရပါလိမ့်မယ်။ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ သွယ်လျတဲ့မျက်နှာပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးပေါ့။ စတိုင်လ်ပိုမိသွားစေမှာ အသေအချာပါ။

ဆက်စပ်ဖတ်ရှုချင်စရာဆောင်းပါး ---> အမျိုးသားတွေအတွက် ထက်မြက်ပြီး စတိုင်ကျစေနိုင်မယ့် နည်းလမ်း (၆)ခု

 

၃။ Clubmasters

လူငယ်ဘဝကို လူငယ်ပီပီသသ ဖြတ်သန်းနေကြတဲ့ ကောင်လေးတွေအတွက် ဒီလို နေကာမျက်မှန်မျိုးကို စိတ်ချလက်ချသာရွေးပလိုက်ပါ ဘဒို(bro)တို့ရာ။ မျက်မှန်ဒီဇိုင်းက မျက်ခုံးမွေးလေးလို အပေါ်မှာ အတန်းလေးနဲ့၊ တပ်တဲ့လူကို လူငယ်ဆန်ဆန် ပေါ့ပါးလန်းဆန်းတဲ့အသွင် ဖြစ်သွားစေတယ်။ ခုနောက်ပိုင်းမှာလည်း လူငယ်တွေကြား ရေပန်းအစားဆုံးဒီဇိုင်းပဲ။

Source : Men Health Mag


ဆက်စပ်အကြောင်းအရာများ


Author


က္က