မီးပူတိုက်ထားတဲ့အဝတ်တွေ တွန့်ကြေမနေအောင်...
Su Yee Moe

အဝတ်အစားဝတ်တယ်ဆိုတာ ဈေးကြီးတဲ့အမှတ်တံဆိပ်တွေကိုဝတ်မှ လူမြင်တင့်တယ်တာမဟုတ်ဘူး။ သပ်သပ်ရပ်ရပ်နဲ့ အချိန်အခါအလိုက် ဝတ်တတ်ဖို့က ပိုအရေးကြီးတာနော်။ ဖက်ရှင်ကျကျ စမတ်ကျကျ ဝတ်နိုင်ဖို့ကလည်း ဘယ်လိုထားသိုသလဲဆိုတာနဲ့ ဆက်စပ်နေပြန်ရော။ ဖက်ရှင်ဂုရုတွေ၊ stylist တွေကတော့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ဒီလိုတွေသိမ်းကြတယ်လို့ ပြောကြတယ်။

၁။ သုံးတဲ့အပေါ်မူတည်ပြီးစီပါ

linen-closet.jpg 

မကြာခဏ အသုံးပြုတဲ့အရာတွေကို မျက်စိနဲ့ အနီးစပ်ဆုံးနေရာ၊ လက်နဲ့ အလွယ်တကူ ယူနိုင်တဲ့နေရာမှာထားပါ။

၂။ အမျိုးအစားခွဲပါ

ထသွားထလာ ဝတ်လေ့ရှိတဲ့အဝတ်တွေကို သီးသန့် နေရာတစ်ခုမှာထားပေါ့။ ဘောင်းဘီတွေဆိုလည်း အရှည်တွေ၊ အတိုတွေကို တစ်ပုံစီ၊ တစ်ကန့်စီ စုထားရင် အဆင်ပြေတယ်။

၃။ စနစ်တကျသိမ်းဆည်း

organized-closet-graphic-wallpaper_0.jpg 

အကျႌချိတ်တဲ့ ချိတ်လေးတွေ၊ ဖိနပ်ထည့်ဖို့ ဘူးလေးတွေကလည်း ရှိထားသင့်တဲ့အရာတွေပဲမဟုတ်လား။ အသုံးအဆောင်ပစ္စည်းတွေကို မပျက်စီးရအောင် သိမ်းနိုင်သလို၊ လိုတဲ့အချိန် အချိန်မရွေး သုံးဖို့အတွက်လည်း အဆင်ပြေတယ်။ အဝတ်တွေက ခေါက်ထားတာထက် ချိတ်လေးနဲ့ချိတ်ထားရင် ပိုကောင်းပါတယ်။

၄။ ပြည့်ညပ်နေအောင်မထားဘူး

အဝတ်တွေကို ဗီရိုထဲမှာသိမ်းတဲ့အခါ ပြည့်ကျပ်ညပ်နေအောင် ထည့်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်တွေ ကြေကုန်ပါလိမ့်မယ်။ ပြီးတော့ တစ်ခုခုလိုချင်လို့ ဆွဲထုတ်လိုက်တာနဲ့ အဝတ်ပုံက ပြိုကျလာတော့ ပြန်စီနေရတာ အချိန်ကုန်တယ်။

၅။ ဗီရိုတံခါး

master-closet.jpg 

ဗီရိုတံခါးမှာလည်း သံချိတ်လေးတွေ ချိတ်ထားပြီး ပစ္စည်းပစ္စယလေးတွေ ထားလို့ရဦးမယ်။ ပုဝါ၊ လက်ကိုင်အိတ်၊ ခါးပတ်တို့အတွက် နေရာအပို ထွက်လာပါလိမ့်မယ်။


Author


က္က