ဟိုးရှေးရှေးတည်းက သုံးလာကြတာပါတဲ့...
Su Yee Moe

လက်ရှိခေတ်စားနေတဲ့ အလှအပရေးရာ အသုံးပြုနည်းတွေက ခုမှထပြီး ပေါ်ပြူလာဖြစ်တာတော့မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ခေတ်အဆက်ဆက် သုံးခဲ့ကြတာ။ တချို့နည်းတွေဆိုရင် သုံးလာတာ နှစ်ပေါင်းရာချီနေခဲ့ပါပြီ။ ဘယ်လိုအရာတွေလဲဆိုတော့....

၁။ သံလွင်ဆီ

ရှေးတုန်းကတည်းက သံလွင်ဆီဟာ ရွှေလိုအဖိုးတန်တယ်လို့ တင်စားခေါ်ဝေါ်ကြတယ်။ အသားအရေနဲ့ ဆံပင်ကို လှပစေအောင် နည်းအမျိုးမျိုး သုံးနိုင်တယ်လေ။ ခုချိန်ထိလည်း သံလွင်ဆီက အလှအပအတွက် အကောင်းဆုံးဆီဖြစ်နေဆဲပါ။

၂။ ဆီနဲ့နှိပ်ခြင်း

မွှေးရနံ့ပါတဲ့ဆီကို လိမ်းပြီး ခန္ဓာကိုယ်ကို နှိပ်နယ်ခြင်းဟာ စိတ်ကိုလန်းဆန်းစေပြီး ခန္ဓာကိုယ်ကိုလည်း အညောင်းအညာ ပြေစေပါတယ်။ အသားအရေကို လှပစိုပြေစေတယ်လို့ ရှေးခေတ်အမျိုးသမီးတွေက ယုံကြည်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာဆိုရင်လည်း oil massage က ခေတ်စားနေတုန်းပါပဲ။

၃။ ပျားရည်

ပျားရည်ရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးအတွက်လည်း ကောင်းသလို အလှအပအတွက်လည်း အသုံးတည့်တယ်လေ။ မျက်နှာကို ပေါင်းတင်ဖို့၊ ဆံပင်ပေါင်းတင်ဖို့အတွက် သုံးကြတယ်။ အင်းဆက်တွေကိုက်ရင်လည်း ကိုက်တဲ့နေရာကို ပျားရည်လေးလိမ်းထားလိုက်၊ ခဏနေရင် သက်သာသွားရော။

၄။ ဂေါ်ဖီဖတ်

ဒီနည်းက နို့တိုက်မိခင်တွေ သုံးတဲ့နည်းပါ။ မြို့က မေမေတွေကတော့ သိချင်မှသိလိမ့်မယ်။ နယ်ဘက်က နို့တိုက်မိခင်တွေဆို သုံးကြတယ်။ ဒီနည်းကို သုံးလာကြတာ နှစ်ပေါင်းရာနဲ့ချီနေပြီတဲ့။ ဂေါ်ဖီဖတ်အနုလေးတွေကို ရင်သားကိုကပ်ပြီး အပေါ်ကမှ ဘော်လီ၊ ဘရာ ထပ်ဝတ်တာပါ။ ဒီလိုကပ်ထားရင် ရင်သားတောင့်တင်းပြီးနာတာကို သက်သာစေပါတယ်။

Source : Brightside


Author


က္က