မျက်မှန်ကိုင်းလေးတွေက လူကို ပုံစံပြောင်းသွားစေတယ်။

မျက်မှန်တပ်နေရတဲ့ လေဒီတို့ကို ပြောချင်တာက ကိုယ့်ရဲ့အလှကို မျက်မှန်အောက်မှာ ဖုံးကွယ်မထားလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ မျက်နှာအနေအထားနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကိုင်းမျိုးကို ရွေးချယ်ပါ။ အလိုက်ဖက်ဆုံး မျက်မှန်ကိုင်းဆိုလည်း တစ်မျိုးတည်းကို အကြာကြီးတပ်နေရင် ကိုယ်နဲ့မျက်မှန်ကိုင်း တစ်သားတည်းလို ပုံသေဖြစ်သွားရင်တော့ မကောင်းဘူးပေါ့။ ဖက်ရှင်နဲ့ သွင်ပြင်ကို ပြောင်းမယ်ဆိုရင် မျက်မှန်ကိုင်းလေးကိုပါ ပြောင်းလိုက်ပါ။ အခုပြောပြမယ့် ကိုင်းလေးတွေက လူကိုပုံစံပြောင်းသွားစေတယ်။



၁။ ဖရိန်အဝိုင်း

061917-eyeglasses-embed-4.jpg 

အနက်ရောင် ဖရိန်အဝိုင်းလေးက လူငယ်ဆန်သွားစေတယ်။ ကလေးဆန်တဲ့သွင်ပြင်လေး ရချင်ရင်တော့ အနက်ရောင်ဖရိန်နဲ့ စက်ဝိုင်းပုံမျက်မှန်ကိုင်းလေးက အမှန်ကန်ဆုံး ရွေးချယ်မှုပါ။

၂။ Aviator

061917-eyeglasses-embed-2.jpg 

နေကာမျက်မှန်ထဲမှာဆိုရင်တော့ Aviator ဒီဇိုင်းမျိုးက အမျိုးသားတိုင်းနဲ့လိုက်ဖက်တယ်လို့ ပြောကြတယ်။ မိန်းကလေးတွေလည်း တပ်ကြတယ်။ တပ်လိုက်ရင် စတိုင်က ခပ်မိမိဖြစ်သွားတာလေ။ ပါဝါမျက်မှန်မှာ Aviator ဒီဇိုင်းဆိုရင်တော့ မျက်မှန်ကိုင်းကို နက်ပြာရောင်လေးရွေးကြည့်ပါ။ တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျကျဒီဇိုင်း ဖြစ်သွားမယ်။

၃။ ကြောင်မျက်လုံးဖရိန်

girl-in-glasses-2.jpg

အပေါ်ဘက် ထောင့်စွန်းတွေက မြင့်တက်သွားတဲ့ဒီဇိုင်းနဲ့ ကြောင်မျက်လုံးပုံစံ မျက်မှန်ကိုင်းဟာ ဖက်ရှင်ကျကျ မိန်းကလေးတွေနဲ့ လိုက်ဖက်လှပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတွေ တပ်တာများတယ်။

၄။ ထောင့်မှန်စတုဂံဘောင်ထူထူကိုင်း

Girls_Girl_with_glasses_and_a_red_cap_093705_.jpg 

ထောင့်မှန်စတုဂံဖရိန်ကို ဘောင်က ခပ်ထူထူနဲ့ ဒီဇိုင်းမျိုးဟာ ရိုးရှင်းပြီး ကျား၊မ မရွေး တပ်လေ့ရှိတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ သူကတော့ ရုံးတက်နေတဲ့ မမတွေနဲ့ ပိုလိုက်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို ဖြစ်သွားချင်ရင်တော့ ဒီမျက်မှန်ကိုင်းမျိုးကို ပြောင်းတပ်ကြည့်ပါ။

၅။ တိုက်တေနီယံသတ္တုဖရိန်ဝိုင်း

061917-eyeglasses-embed-6.jpg 

ပေါ့ပေါ့ပါးပါးလေးပဲ။ ပုံစံလေးကလည်း ချစ်စရာလေး။ လူငယ်ဆန်တဲ့ ဒီဇိုင်းမျိုးပါ။ ဒါပေမဲ့ အရောင်ရွေးရင်တော့ ကိုယ့်အသားအရောင်နဲ့ လိုက်မှာကို ရွေးစေချင်တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က