ဝက်ခြံပျောက်ဖို့အတွက် ဈေးကြီးပေးဝယ်ရတဲ့ ဘာဆေးဝါးမှ မလိုအပ်ပါဘူး။ မီးဖိုချောင်ထဲမှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။
Thiha Htun

Depositphotos_31778959_l-2015.jpg

အများအားဖြင့်တော့ အပျိုဖော်/လူပျိုဖော်ဝင်ခါစ ဟော်မုန်းပြောင်းလဲချိန်မှာ ဝက်ခြံပေါက်လေ့ရှိကြပါတယ်။ ဒါပေမယ့် တခြားအသက်အရွယ်တွေမှာလည်း ဝက်ခြံပေါက်တတ်ပါတယ်။ တကယ်တော့ ဝက်ခြံပေါက်တယ်ဆိုတာ ခင်ဗျားရဲ့မျက်နှာကိုသေချာဂရုစိုက်သင့်နေပြီလို့ ခန္ဓာကိုယ်ကလှမ်းသတိပေးတာပါပဲ။ မျက်နှာအရေပြားပေါ်မှာ အလှကုန်ပစ္စည်းတွေအသုံးမတည့်တာနဲ့ အဆီတွေ၊ ဖုန်မှုန့်တွေ စုလာရာကနေ ဝက်ခြံပေါက်လာတတ်ပါတယ်။ အထူးသဖြင့် နဖူးပေါ်မှာဝက်ခြံပေါက်ပြီဆိုရင် ယားယံပြီးခံရခက်ပါတယ်။

နဖူးပေါ်မှာဝက်ခြံပေါက်တယ်ဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ရပ်ပါပဲ။ ဘာလို့လဲဆိုတော့ နဖူးဆိုတာ ဆံပင်နဲ့နီးကပ်တဲ့နေရာမှာတည်ရှိပြီး ဗောက်တွေ၊ အဆီပြန်တဲ့ဦးရေပြားတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဆံပင်အလှကုန်ပစ္စည်းတွေက နဖူေးပါ်မှာဝက်ခြံပေါက်လာစေဖို့ တွန်းအားပေးပါတယ်။

ဒါပေမယ့် ဘာမှစိတ်မပူပါနဲ့။ ဝက်ခြံကင်းဝေးစေဖို့ လွယ်လွယ်ကူကူအသုံးပြုလို့ရတဲ့ အိမ်သုံးဆေးမြီးတိုလေးတွေရှိနေပါသေးတယ်။ ဝက်ခြံပျောက်ဖို့အတွက် ဈေးကြီးပေးဝယ်ရတဲ့ ဘာဆေးဝါးမှ မလိုအပ်ပါဘူး။ မီးဖိုချောင်ထဲမှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။

၁။ သံပုရာရည်

lemons-today-160201-tease_14449a20e69d323cf969cdeefa6aeea1.jpg 

သံပုရာသီးဟာ နဖူးပေါ်ကဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ အကောင်းဆုံးဆေးမြီးတိုတစ်မျိုးပါပဲ။ သံပုရာသီးမှာ ဒဏ်ရာပျောက်ကင်းစေတဲ့ဂုဏ်သတ္တိလေးတွေ ပါဝင်နေတော့ နဖူးပေါ်ကဝက်ခြံတွေကို ညတွင်းချင်းမှာပဲ ပျောက်ကင်းစေပါတယ်။ ဒါကြောင့်ခင်ဗျားလုပ်ပေးဖို့လိုတာက သံပုရာသီးတစ်ခြမ်းကိုယူ၊ ဂွမ်းစလေးနဲ့ သံပုရာရည်ကိုစွတ်၊ ပြီးတော့ နဖူးပေါ်မှာလိမ်းထားပေးပြီး ညအိပ်ပေးရုံပါပဲ။ နောက်တစ်နေ့မနက် အိပ်ယာနိုးရင် မျက်နှာသစ်ဆပ်ပြာနဲ့မျက်နှာသစ်ပြီး ပြောင်းလဲမှှုကို တွေ့မြင်နိုင်ပါပြီ။

၂။ နွားနို့

နွားနို့ကလည်း ဝက်ခြံနဲ့မှဲ့ခြောက်တွေကိုပျောက်ကင်းစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါပဲ။ နွားနို့ခွက်ထဲကို သံပုရာသီးတစ်စိတ်လောက် ညှစ်ထည့်ပါ။ ပြီးရင် မျက်နှာသစ်တဲ့နေရာမှာ နွားနို့ခွက်ကိုယူပြီး နွားနို့နဲ့မျက်နှာသစ်ပေးလိုက်ပါ။ အဲဒီမှာသတိပြုရှောင်ကြဉ်သင့်တာတစ်ခုကတော့ ဆပ်ပြာလုံးဝမသုံးမိစေဖို့ပါပဲ။

၃။ ရွံ့မျက်နှာပေါင်းတင်ဆေး

 

ရွံ့မျက်နှာပေါင်းတင်ဆေးလုပ်ရတာ လွယ်လွယ်လေးပါ။ အာနိသင်ပိုမိုကောင်းမွန်စေဖို့အတွက် အထဲမှာလာဗင်ဒါဆီလေးနည်းနည်း ရောပေးလိုက်ပါဦး။ ရယ်ဒီဖြစ်ပြီဆိုတာနဲ့ နဖူးပေါ်မှာလိမ်းပြီး တစ်ညလောက် ဒီတိုင်းထားပေးလိုက်ပါ။ မနက်အိပ်ယာထပြီဆိုမှ ရေနဲ့ဆေးကြောပြီး သန့်ရှင်းတဲ့တဘက်တစ်ထည်နဲ့သုတ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ ဝက်ခြံကင်းစင်ပြီး နူးညံ့ဝင်းလက်တဲ့ မျက်နှာလေးကို ရရှိနိုင်ပါပြီ။

၄။ ကြက်ဥ

o-BROWN-EGGS-VS-WHITE-EGGS-facebook.jpg 

ကြက်ဥလို့ပြောလိုက်ရင် ခင်ဗျားခေါင်းထဲကိုအရင်ဆုံးရောက်လာမှာကတော့ သူ့ရဲ့အနံ့ပါပဲ။ ဟုတ်တယ်ဟုတ်။ ကြက်ဥနံ့ကို မကြိုက်ရင်တောင် ကြက်ဥက နဖူးဝက်ခြံကိုအလျင်မြန်ဆုံး ပျောက်ကင်းစေတဲ့ ဆေးမြီးတိုတစ်မျိုးပါပဲ။ ပြုလုပ်နည်းကတော့ ကြက်ဥကိုခလောက်ပြီး နဖူးပေါ်မှာသုတ်လိမ်းလိုက်ပါ။ အနံ့ကိုမခံစားနိုင်ရင်တော့ မိနစ် (၂၀)၊ (၂၅) မိနစ်လောက်ပဲထားပြီး ပြန်ဆေးချပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ဝက်ခြံကိုလျင်မြန်စွာပျောက်ကင်းစေတဲ့ နည်းလမ်းတစ်ခုပါပဲ။ ပြုလုပ်နည်းကတော့ ကြက်သွန်ဖြူကိုအခွံခွာပြီး အပိုင်းသေးသေးလေးတွေဖြစ်အောင်လှီးဖြတ်ပါ။ ပြီးရင်တော့ နဖူးပေါ်မှာ အုံထားပေးလိုက်ပါ။ မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေနဲ့ပြန်ဆေးချပေးနိုင်ပါပြီ။

၆။ မုန့်ဖုတ်ဆိုဒါ

ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်ရင်ထည့်သုံးပေးရတဲ့ မုန့်ဖုတ်ဆိုဒါဟာလည်း ဝက်ခြံနဲ့မှဲ့ခြောက်တွေကို ကုသပေးနိုင်တဲ့ အိမ်သုံးဆေးမြီးတိုတစ်မျိုးပါပဲ။ ဒါကြောင့် မုန့်ဖုတ်ဆိုဒါကိုရေလေးနည်းနည်းနဲ့ရောပြီး အနှစ်ဖြစ်အောင်လုပ်ပါ။ ပြီးရင်နဖူးပေါ်မှာ အုံထားပေးလိုက်ပါ။ သူ့ကိုလည်း မိနစ် (၃၀) လောက်ထားပေးပြီးရင် ရေပြန်ဆေးချပေးနိုင်ပါပြီ။

၇။ လက်ဖက်ပင်ဆီ

25-Uses-for-Tea-Tree-Oil-Keeper-of-the-Home-feat (1).jpg 

လက်ဖက်ပင်ကရတဲ့အဆီမှာ ဗိုင်းရပ်စ်ပိုးမွှားတွေကိုခုခံတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါကြောင့် လက်ဖက်ပင်ဆီကို လူတော်တော်များများက ဝက်ခြံကုသတဲ့နေရာမှာ အသုံးပြုကြပါတယ်။ ဂွမ်းစလေး တစ်စကိုယူပြီး လက်ဖက်ပင်ဆီထဲမှာနှစ်လိုက်ပါ။ ပြီးရင် နဖူးပေါ်မှာလိမ်းပေးပြီး မိနစ် (၃၀) လောက်ကြာမှ ရေနဲ့ပြန်ဆေးချပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ (၃) ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Source: Youngisthan


က္က