ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာအရေပြားကို ပိုမိုခြောက်သွေ့စေပါတယ်။


ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ဆေးအလွန်ရွေးရပြီး ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့ မတည့်ပါဘူး။ ဘာလို့လဲဆိုတော့ ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာအရေပြားကို ပိုမိုခြောက်သွေ့စေလို့ပါပဲ။

ဒါကြောင့်တကယ်လို့ သင်ကခြောက်သွေ့တဲ့မျက်နှာအရေပြားကို ပိုင်ဆိုင်ထားမယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ သဘာဝ မျက်နှာသစ်ဆေးလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသဘာဝမျက်နှာသစ်ဆေးလေးတွေက အရေပြားအစိုဓာတ်ကိုထိန်းညှိပေးပြီး အရေပြားကိုဝင်းလက်တောက်ပစေလို့ပါပဲ။

၁။ Essential Oil

BEAUTIFUL-ESSENTIAL-OILS-in-amber-bottles-and-plants.jpg 

Essential Oil တွေကို ဆေးပညာနဲ့ကျန်းမာရေးအတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် သုံးလာခဲ့ကြပြီးဖြစ်ပါတယ်။ Essential Oil တွေကို ရနံ့ကုထုံး၊ အိမ်သန့်ရှင်းရေးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ ခြောက်သွေ့တဲ့မျက်နှာအရေပြားပိုင်ရှင်တွေအတွက်တော့ Essential Oil ကိုအကောင်းဆုံးပါပဲ။

ပြုလုပ်နည်းကတော့ ဝက်သစ်ချဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ လာဗင်ဒါဆီ အစက် (၂၀) လောက်ရယ်၊ သံလွင်ဆီဆပ်ပြာရည် (၈) အောင်စလောက်ရယ်၊ ပေါင်းခံရေတို့ရယ်ကို ဇလုံတစ်လုံးထဲမှာ ရောသမမွှေပါ။ ပြီးရင်စပရေးဘူးတစ်ဘူးထဲမှာထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာလေးကို ဖြန်းပေးပါ။ (၃) (၄) ပတ်လောက်နေရင် သိသာလာပါလိမ့်မယ်။

၂။ ပျားရည်

raw-honey.jpg 

ပျားရည်မှာ ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်နဲ့ အင်ဇိုင်းဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။ ဒါကြောင့်လည်း ပျားရည်ကို ကျေးလက်ဒေသတွေမှာ စွယ်စုံသုံးလို့ရတဲ့ ဆေးမြီးတိုတစ်ခု အဖြစ် သုံးနေကြတာဖြစ်ပါတယ်။ အစားအသောက်အဖြစ်စားသုံးနိုင်သလို အရေပြားအတွက်လည်း ကောင်းကျိုးပြုနိုင်တဲ့ ပျားရည်ကို မလိုင်နည်းနည်းနဲ့ရောလိုက်ရင် တမူထူးခြားတဲ့ အကျိုးအာနိသင်ကို ရရှိစေနိုင်ပါတယ်။

ုပြုလုပ်နည်းကတော့ ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းနဲ့ (၁)ဇွန်းကို မလိုင် (၂) ဇွန်းနဲ့ရောပါ။ ပြီးရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးရုံပါပဲ။ (၂) မိနစ် (၃) မိနစ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်ဆေးချပေးနိုင်ပါပြီ။ ပြီးရင်တဘက်နဲ့သုတ်ပြီး moisturizer (အရေပြားအစိုဓာတ်ထိန်းသိမ်းဆေး) နည်းနည်းလိမ်းပေးလိုက်ပါ။ အရေပြားခြောက်သွေ့ကြမ်းတမ်းမှုက တော်တော်ဆိုးနေမယ်ဆိုရင်တော့ ဒီဆေးမြီးတိုထဲမှာ သံလွင်ဆီကိုပါရောထည့်ပေးနိုင်ပါတယ်

၃။ ကြက်ဥ

1200px-Raw_egg.jpg 

ကြက်ဥအနှစ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကိုကျန်းမာသန်စွမ်းစေရုံသာမက အရေပြားကိုလည်း စိုစွတ်ချောမွတ်စေပါတယ်။ ကြက်ဥအနှစ်ထဲမှာတွေ့ရတဲ့ ဗိုက်တာမင် အေ၊ ဒီ နဲ့ အီးဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသလို အရေပြားအညစ်အကြေးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ကြက်ဥတစ်လုံးကိုခွဲပြီး ကြက်ဥအနှစ်ကိုယူထုတ်လိုက်ပါ။ ပြီးရင် ပျားရည်စစ်စစ်တစ်ဇွန်းနဲ့ရောလိုက်ပါ။ ပြီးရင် ဗာဒံစေ့အမှုန့် (၇) ဇွန်းလောက်ကိုပါ ရောထည့်လိုက်ပြီး ရောသမမွှေ ပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကြာမှ ကြက်သီးနွေးရုံလောက်ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ရင် နူးညံ့ချောမွတ်တဲ့မျက်နှာအလှလေးကိုရရှိပိုင်ဆိုင်နိုင်ပါပြီ။

Source: DIYremedies

Share

Loading Next Article...
က္က