တီရှပ်/ ရှပ်အကျႌဖြူနဲ့ ဂျင်းဘောင်းဘီရှည်နဲ့ဆိုတာ ဘယ်တော့မှမရိုးတဲ့ဖက်ရှင်ပဲ....

ဂျင်းဆိုတာ ဘယ်တော့မရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ ဟိုးရှေးကတည်းကနေ ခုချိန်ထိအောင် ဂျင်းဘောင်းဘီရှည်တွေဟာ ခေတ်စားနေဆဲမဟုတ်လား။ ဂျင်းဘောင်းဘီရှည် ဝတ်မယ်ဆိုရင် လူက စတိုင်လ်မိမိလေး ဖြစ်သွားရောလေ။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီကို ရွေးတတ်ရင်တော့ ဆရာမကြီးပေါ့။ မရွေးတတ်ဘူးဆိုရင်တော့ ဒါလေးဖတ်ပြီးရွေးလေ။


သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> လေဒီတိုင်းကို စမတ်ကျသွားစေမယ့် ဖက်ရှင်ပစ္စည်း (၅) မျိုး

ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံ (body shape) ကို သိထားရင် ရွေးရလွယ်ပါတယ်။ Body Shape ဆိုတာက ရင်၊ တင် နဲ့ ခါး အချိုးအစားကိုကြည့်ပြီး သတ်မှတ်ထားတာပါ။ ခန္ဓာကိုယ်ပြားပြားရှိပြီး ခါး၊ တင် ၊ တင် အချိုးအစား သိပ်မကွာဘူးဆိုရင် "ထောင့်မှန်စတုဂံပုံ" Body Shape ပါ။ အချိုးအစား သုံးခုလုံးက သိပ်မကွာဘူး၊ ဒါပေမဲ့ ဝ၀ ပြည့်ပြည့်လေး ဆိုရင်တော့ "စက်ဝိုင်းပုံ/ပန်းသီးပုံ" Body Shape ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အပေါ်ကြီးပြီး အောက်ပိုင်းသေးတဲ့ "တြိဂံဇောက်ထိုး" Body Shape  ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ အပေါ်သေးပြီး အောက်ပိုင်းကြီးတဲ့ "တြိဂံ" Body Shape လည်း ရှိသေးတယ်။ တကယ့်အမိုက်စားဘာ်ဒီပိုင်ရှင် ခါးသေးလို့ ရင်ချီ ဆိုတာမျိုး ၊ တင်နဲ့ရင် အချိုးအစားမကွာဘဲ ခါးသေးသေးလေးနဲ့ Body Shape မျိုးကိုတော့ "သဲနာရီ" ခန္ဓာကိုယ်ပိုင်ရှင်တွေလို့ ခေါ်ပါတယ်။ ကိုယ့် Body Shape ကို သိတယ်ဆိုရင် ဂျင်းဘောင်းဘီကို ရွေးလို့ရသွားပြီ။

၁။ Skinny

ခန္ဓာကိုယ်အရှိကို အရှိအတိုင်း ထွက်စေတဲ့စတိုင်လ်မျိုးလေ။ ထောင့်မှန်စတုဂံ၊ သဲနာရီနဲ့ တြိဂံပုံစံ ခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးပါ။

၂။ Straight Leg

straight.jpg 

အပေါ်ကနေ အောက်ထိ တစ်ဖြောင့်တည်းသွားတဲ့ ဂျင်းဘောင်းဘီမျိုးက တည်တည်ငြိမ်ငြိမ်စတိုင်လ်မျိုး ဖြစ်စေပါတယ်။ ရိုးတယ်လို့ ထင်ရပေမဲ့ ခန္ဓာကိုယ်ပုံစံကိုလိုက်ပြီး လူကို လှပစေ/ ရုပ်ဆိုးသွားစေတာပါ။ သဲနာရီ၊ တြိဂံ၊ တြိဂံဇောက်ထိုးနဲ့ စက်ဝိုင်း/ပန်းသီးပုံ ခန္ဓာကိုယ်အချိုးအစား ပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။ ပိန်တဲ့လူတွေနဲ့ လုံးဝမလိုက်ဘူး။ ဗိုက်ခေါက်ရှိတဲ့လူတွေဝတ်ရင် ဗိုက်ပူတာ မသိသာတော့တဲ့ ဂျင်းဘောင်ဘီမျိုးလည်း ဖြစ်ပါတယ်။

၃။ Loose / Boyfriend

boyfriend-pants-1.jpg 

ခုနောက်ပိုင်းမှာ ရေပန်းစားလာပြန်တဲ့ Loose Type ဂျင်းဘောင်းဘီမျိုးက ဝတ်ရတာလည်း ချောင်ချောင်ချိချိရှိပြီး အောက်ပိုင်းမှာ ခေါက်ဝတ်ကြတယ်။ အပြဲရာလေးတွေနဲ့လေ။ လူငယ်ဆန်တဲ့ဂျင်းမျိုးပါ။ ဒါပေမဲ့ သူ့ကိုဝတ်ရင် တင်ပါးအလှ မပေါ်တော့ဘူး။ ပြားသလိုလို ဖြစ်သွားတယ်။ သဲနာရီ၊ တြိဂံဇောက်ထိုးနဲ့ ထောင့်မှန်စတုဂံပုံ Body Shape ပိုင်ရှင်တွေနဲ့သာ လိုက်ပါတယ်။

၄။ High-waisted

high.jpg 

ခါးမြင့်မြင့်နဲ့ ဂျင်းဘောင်းဘီမျိုးဟာ သိုင်းကြိုးလေးနဲ့ဆိုရင်တော့ ကလေးဆန်ပြီး ချစ်စရာကောင်းတယ်။ ထောင့်မှန်စတုဂံ၊ သဲနာရီနဲ့ စက်ဝိုင်း/ပန်းသီးပုံ Body Shape တွေနဲ့ လိုက်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို တိုသွားသလို မြင်ရစေလို့ တြိဂံနဲ့ တြိဂံဇောက်ထိုးပုံ Body Shape ပိုင်ရှင်တွေနဲ့ဆိုရင် မလိုက်ဘူးနော်။

၅။ Low Rise

low rise.jpg 

ချက်ပြုတ်ဂျင်းဘောင်းဘီမျိုးက လူတိုင်းနဲ့မလိုက်ဘူးဆိုတာ သိထားသင့်တယ်။ ခါးဆစ်ရိုးအောက်နားလေးမှာပဲ ဂျင်းဘောင်းဘီခါးက ရှိနေမှာဆိုတော့ ကိုယ့်ရဲ့Body Shape က တြိဂံဇောက်ထိုးပုံ၊ ထောင့်မှန်စတုဂံပုံ၊ သဲနာရီပုံ ဖြစ်နေမှ ဒီဘောင်းဘီမျိုးနဲ့ လိုက်ပါတယ်။

၆။ Flare

flare.jpg 

ဒူးဆစ်နားလေးကနေ အောက်ပိုင်းကားသွားတဲ့ ဂျင်းဘောင်းဘီမျိုးပါ။ တြိဂံဇောက်ထိုး၊ စက်ဝိုင်း/ပန်းသီးနဲ့ သဲနာရီ Body Shape ရှိသူတွေနဲ့ လိုက်ပါတယ်။ ရင်ဘတ်နဲ့ ပခုံးတွေကို သေးသွားအောင် ဟန်ချက်ညှိပေးတာမို့လို့ အရပ်ပုတဲ့ခေးလေးတွေကတော့ ဒါမျိုးကို ရှောင်ပါ။

၇။ Wide Leg

wide.jpg 

ပွယောင်းယောင်း ဂျင်းဘောင်းဘီရှည်မျိုးက တော်ရုံလူနဲ့တော့ မလိုက်ပါဘူး။ ဝဝပြည့်ပြည့် အကိတ်တွေဝတ်ကြတာ များပါတယ်။ စက်ဝိုင်း/ပန်းသီး၊ တြိဂံဇောက်ထိုးနဲ့ သဲနာရီလို ခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ပဲ ကြည့်လို့ကောင်းတယ်။ ပိန်တဲ့လူတွေနဲ့မလိုက်သလို ခန္ဓာကိုယ်ပြားရင်လည်း မလှဘူး။

၈။ Cropped 7/8

cropped.jpg 

ဒီလိုဂျင်းဘောင်းဘီမျိုးရဲ့ အရှည်က ခြေသလုံးတစ်ဝက်ထက်လည်း ကျော်တယ်။ ခြေမျက်စိကိုလည်း မရောက်ဘူး။ ခြေကျင်းဝတ်အလှကို ပြသလိုတဲ့အခါ ဝတ်ရမယ်။ ခန္ဓာကိုယ်ပုံစံအနေနဲ့ ထောင့်မှန်စတုဂံပုံ၊ သဲနာရီပုံ ရှိတဲ့ Body Shape မျိုးနဲ့ပဲ လိုက်ဖက်တယ်။ မော်ဒယ်တွေ အဝတ်များတယ်။ သတိထားရမှာက ဒီဂျင်းဘောင်းဘီမျိုးဟာ ခြေကျင်းဝတ်အလှကို ပြသမှာဆိုတော့ ကြိုးသိုင်းဖိနပ်တွေနဲ့ တွဲစပ်ဖို့မသင့်ဘူးနော်။

Source : Bride Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က