မိန်းကလေးတိုင်း နုပျိုလှပတဲ့အလှတရားကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အသက် (၂၀) လောက်က ငယ်ဂုဏ်လေးနဲ့ နုပျိုလှပတဲ့ အလှတရားကို အသက် (၄၀) ကျော်လောက်ထိ ထိန်းသိမ်းချင်ကြမှာပါပဲ။ ထိုင်ဝမ်နိုင်ငံက အိမ်တွင်းအလှဆင်ဒီဇိုင်နာ တစ်ဦးကတော့ မိန်းမသားတိုင်းလိ


မိန်းကလေးတိုင်း နုပျိုလှပတဲ့အလှတရားကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အသက် (၂၀) လောက်က ငယ်ဂုဏ်လေးနဲ့ နုပျိုလှပတဲ့ အလှတရားကို အသက် (၄၀) ကျော်လောက်ထိ ထိန်းသိမ်းချင်ကြမှာပါပဲ။ ထိုင်ဝမ်နိုင်ငံက အိမ်တွင်းအလှဆင်ဒီဇိုင်နာ တစ်ဦးကတော့ မိန်းမသားတိုင်းလိုချင်တဲ့ တောင်းဆုကို ပိုုင်ဆိုင်နေပါတယ်။

သူမရဲ့အမည်ကတော့ (လူးဝါရှု) Lure Hsu ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာနေထိုင်ပါတယ်။ သူမအသက် ဘယ်လောက် ရှိလောက်ပြီလဲဆိုတာကို အရင်ခန့်မှန်းကြည့်ကြပါလား။ သူမရဲ့အသက်အရွယ်အစစ်အမှန်ကို သိရရင် ခင်ဗျားလည်း အံ့သြမိမှာပါပဲ။ သူမရဲ့အသက်ဟာ (၄၂) နှစ်ရှိပြီဖြစ်ပေမယ့် အသက် (၂၀) ကျော်လောက်ပဲရှိသေးတယ်ထင်ရပါတယ်။ အားကျစရာပါပဲ။ ဟုတ်တယ်ဟုတ်။ သူမဟာ အိမ်တွင်းအလှဆင်ဒီဇိုင်နာ တစ်ဦးဖြစ်သလို ဖက်ရှင်ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသတဲ့။

အံ့သြဖို့ကောင်းတာ နောက်တစ်ခုကတော့ လူးဝါးရှုတို့မိသားစုမှာ နုပျိုလှပခြင်းဆုလဒ်ကိုပိုင်ဆိုင်တာ လူးဝါတစ်ယောက်တည်း မဟုတ်ပါဘူး။ သူမရဲ့မိခင်ဖြစ်သူ နဲ့ သူမရဲ့ညီမနှစ်ယောက်ဖြစ်တဲ့ ဖေဖေရှု နဲ့ ရှာရွန်ရှုတို့ဟာလည်း သူမလိုပဲ နုပျိုလှပခြင်းဆုလဒ်ကို ပိုင်ဆိုင်ကြပါတယ်။ သူမတို့ရဲ့မိခင်ဟာလည်း အသက် (၆၃) နှစ်ရှိပြီဖြစ်ပေမယ့် အသက် (၃၀) လောက်ပဲရှိသေးတယ်လို့ ထင်ရပါတယ်။ လူးဝါတို့ညီအစ်မတွေကတော့ သူမတို့ရဲ့နုပျိုလှပခြင်းတွေဟာ သူမတို့ရဲ့မိခင်ဆီက အမွေဆက်ခံရရှိခဲ့တာပါတဲ့။

 

နောက်ပြီး ကလေး (၂) ယောက်ရဲ့မိခင်ဖြစ်တဲ့ ဖေဖေရှုဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အသက် (၄၀) ပြည့်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်မှာ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရှာရွန်ရှုကတော့ အသက် (၃၆) နှစ်ရှိပြီ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာတော့ သူတို့မိသားစုကို "ထာဝရနုပျိုခြင်းကိုပိုင်ဆိုင်တဲ့ မိသားစု" လို့တင်စားခေါ်ဝေါ်ကြပါတယ်။ အောက်မှာဖော်ပြထားတာကတော့ လူးဝါရှုပြောပြခဲ့တဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်ပါပဲ။

 

လူးဝါရှုပြောပြခဲ့တဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်

FB_IMG_1499069943305.jpg 

လူးဝါရှုဟာ Friday မဂ္ဂဇင်းနဲ့တွေ့ဆုံတဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့နုပျိုလှပတဲ့ အလှတရားကို လျှို့ဝှက်ချက်ကို ပြောကြားသွားပါတယ်။ သူမရဲ့ပြောစကားအရတော့ သူမရဲ့လျှို့ဝှက်ချက်က ရေသောက်ခြင်း ပါပဲတဲ့။ ရေဟာ လူတစ်ယောက်အတွက် အကောင်းဆုံး အဆိပ်အတောက်ပြေပျောက်ဆေးတစ်မျိုးဖြစ်သလို လူတိုင်းရဲ့အရေပြားကျန်းမာရေးကို နုပျိုကျန်းမာအောင် ထိန်းထားပေးနိုင်တဲ့ ဆေးဝါးတစ်မျိုးလည်း ဖြစ်ပါသတဲ့။

နုပျိုလှပခြင်းအတွက် အရေးကြီးတဲ့နောက်ထပ်အချက်တစ်ချက်ကိုလည်း လူးဝါကထောက်ပြခဲ့ပါသေးတယ်။ သူမရဲ့အဆိုအရတော့ တိမ်ထူတဲ့နေ့တွေမှာတော့ နေလောင်ခံခရင်မ်ကို မပျက်မကွက်လိမ်းပေးထား သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ တိမ်တွေဟာ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိလို့ပါပဲတဲ့။ အသားအရေလေး နုပျိုလှပနေလိုသူတွေအနေနဲ့ လူးဝါရဲ့ အကြံကိုလက်ခံကျင့်သုံးသင့်ပါတယ်။

 

နောက်ထပ်တစ်ခုကတော့ လူးဝါက အစားအသောက်အနေအထိုင်ကိုလည်း ဆင်ခြင်ပြီး အချိုဓာတ်လွန်ကဲတဲ့အစားအသောက် တွေကိုလည်း တတ်နိုင်သမျှရှောင်ရှားပါတယ်တဲ့။ ဒါပေမယ့် ကျန်းမာတဲ့စားသောက်မှုပုံစံကို သေချာလိုက်နာမယ်ဆိုရင် တစ်ခါတလေမှာ စားချင်တာစားတာက ဘာမှမဖြစ်ဘူးလို့လည်းဆိုပါတယ်။

 

ကျန်းမာတဲ့စားသောက်မှုပုံစံရယ်၊ ယောဂကျင့်စဉ်တွေရယ်၊ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ်ကြွယ်ဝအောင်စားသောက်မှုတွေက တစ်ခါတလေမှာ အချိုဓာတ်များပြားတဲ့အစားအစာတွေကို စားလို့ရစေပါတယ်တဲ့။ အနီရောင်အသားတွေကိုလည်း သူမက တတ်နိုင်သမျှ လျှော့စားပါတယ်တဲ့။

ကဲ... Duwun ပရိသတ်ကြီးကော.. လူးဝါတို့မိသားစုလို ထာဝရနုပျိုခြင်းအလှကို မပိုင်ဆိုင်ချင်ကြဘူးလား။ ပိုင်ဆိုင်ချင်ရင်တော့ လူးဝါပြောတဲ့ လျှို့ဝှက်ချက်လေးတွေကို လိုက်နာကျင့်သုံးကြဖို့လည်း မမေ့နဲ့နော်။

Source: Youngisthan & Lure Hus's Instagram


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က