Thiha Htun

01-home-remedies-blackheads.jpg 

မှဲ့ခြောက်တွေ၊ ဆားဝက်ခြံတွေဆိုတာ ဆယ်ကျော်သက်အရွယ်ကလေးတွေအတွက်တော့ စိတ်ရှုပ်စရာပြဿနာတစ်ခုပါပဲ။ သူဟာမျက်နှာအရေပြားပေါ်က မွှေးညှင်းပေါက်လေးတွေပေါ်မှာ အဆီခဲတွေနဲ့ဆဲလ်သေ တွေ ပိတ်ဆို့မိရာကနေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ဟော်မုန်းအပြောင်းအလဲများတဲ့ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်ပိုများပါတယ်။

အဲဒီအဆီခဲလေးတွေဟာ လေနဲ့ထိတွေ့မှုကြောင့် မျက်နှာပြင်ပေါ်ကထွက်နေတဲ့အပိုင်းလေးတွေမှာ မဲနေတတ်ပါတယ်။ ဒီစိတ်ရှုပ်စရာ ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေကိုပျောက်ကင်းအောင် မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ပဲ ကုသပေးနိုင်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ အိမ်သုံးဆေးမြီးတိုလေးတွေက ဆယ်ကျော်သက်တွေမှာအဖြစ်များတဲ့ ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေကိုပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ

baking-soda-2.jpg 

မုန့်ဖုတ်ဆိုဒါမှာ ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ ဒါကြောင့်မုန့်ဖုတ်ဆိုဒါဟာ ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေကို အလွယ်တကူဖယ်ရှားပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ ပြုလုပ်နည်းကတော့ ကြွေပန်းကန်တစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းလောက်ကို ရေဆတူရောပါ။

ရလာတဲ့အနှစ်ကို ဆားဝက်ခြံတွေများနေတဲ့နေရာ (ဥပမာ နှာခေါင်း) ပေါ်မှာလိမ်းပေးပြီး (၁၀) မိနစ်လောက်အခြောက်ခံထားလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေးရုံလောက်ရေနွေးလေးနဲ့ဆေးချပေးလိုက်ရင်ရပါပြီ။ ဒီနည်းလမ်းလေးကတော့ အရေပြားပေါ်က မွှေးညှင်းပေါက်တွေပေါ်ကနေ အညစ်အကြေး တွေကို ဖယ်ရှားပေးတဲ့နည်းလမ်းလေးဖြစ်ပြီး တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

၂။ သစ်ကြံပိုးခေါက်မှုန့်

shutterstock_114538405.jpg 

သစ်ကြံပိုးခေါက်မှုန့်ဟာ မီးဖိုချောင်ထဲမှာမွှေးကြိုင်တဲ့ ရနံ့ကိုဖန်တီးပေးနိုင်ပြီး သူ့မှာပါဝင်တဲ့ ဘက်တီးရီးယားတိုက်ဖျက်တဲ့ ဂုဏ်သတ္တိတွေက ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေကိုတိုက်ဖျက်ဖို့အတွက် မွှေးရနံ့အကောင်းဆုံးဆေးမြီးတိုလေးကို ဖန်တီးပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့်ကိုထိရောက်စွာ အသုံးချနိုင်ဖို့အတွက် သစ်ကြံပိုးခေါက်မှုန့် တစ်ဆကို ပျားရည် နှစ်ဆနဲ့ရောပြီး အနှစ်လေးဖြစ်အောင် လုပ်ပါ။

ပြီးရင်ရလာတဲ့အနှစ်ကို ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေရှိတဲ့နေရာကို အုံပေးပါ။ (၁၅) မိနစ်လောက်ထားပေးပြီးရင်တော့ ရေဆေးချပေးနိုင်ပါပြီ။ ရေဆေးပြီးရင်တော့ အပေါ်က moisturizer ကောင်းကောင်းလိမ်းပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ သံပုရာသီး

lemons-today-160201-tease_14449a20e69d323cf969cdeefa6aeea1.jpg 

သံပုရာရည်မှာတွေ့ရတဲ့ Alpha hydroxyl acid သို့မဟုတ် citric acid ဟာ အရေပြားပေါ်ကဆဲလ်သေတွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး မွှေးညှင်းပေါက်တွေကိုပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်ပြီး သံပုရာရည်မှာပါတဲ့ဗိုက်တာမင်စီဟာ အရေပြားကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့ antioxidant အဖြစ်လုပ်ဆောင်ပေးနိုင်ပါတယ်။ သံပုရာရည်ရဲ့ နောက်ထပ်ကောင်းကျိုး တစ်ခုကတော့ မျက်နှာပေါ်ကဝက်ခြံအမာရွတ်တွေကိုလည်း ပျောက်ကွယ်စေပါတယ်။

အရင်ဆုံးမျက်နှာကို မျက်နှာသစ်ဆေးအပျော့စားလေးနဲ့သစ်လိုက်ပါ။ ပြီးရင်သံပုရာရည်တစ်ဇွန်းကို ပန်းကန်လုံးသေးသေးလေး တစ်လုံးထဲထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့တို့ပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို လိမ်းပေးပါ။ မိနစ် (၂၀) ကျော်ရင် ပြန်ဆေးပေးလို့ရသလို နောက်နေ့မနက်မှပြန်ဆေးလို့လည်းရပါတယ်။

၄။ လက်ဖက်စိမ်း

featured-learn_to_brew_green_tea_v2-795752.jpg 

လက်ဖက်စိမ်းမှာ မျက်နှာအရေပြားပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးနိုင်တဲ့ ဗိုက်တာမင်နဲ့ anti-oxidant တွေကြွယ်ဝစွာပါဝင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းခြင်းတွေကိုလည်း လျော့ပါးစေပါတယ်။

အရင်ဆုံး ရေကိုပွက်ပွက်ဆူအောင်ကြိုချက်ပြီး ရေနွေးပူထဲကို အော်ဂဲနစ်လက်ဖက်စိမ်းထုပ် (၂) ထုပ်ကိုထည့်စိမ်လိုက်ပါ။ ပြီးရင်ကြက်သီးနွေးရုံလောက် အပူချိန်ရောက်အောင်အအေးခံလိုက်ပါ။ ပြီးရင်တော့ ဂွမ်းစလေးတစ်ဖတ်ကိုယူပြီး ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေရှိတဲ့နေရာတွေကို အသာလေးသုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ်လောက်နေရင် မျက်နှာပြန်သစ်ပေးလိုက်ပါ။

၅။ နနွင်းမှုန့်

turmeric-spice-with-amazing-health-benefits.jpg 

နနွင်းမှုန့်မှာပါဝင်တဲ့ antioxidant နဲ့ အရေပြားရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေဟာ ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေနဲ့ပတ်သက်လာရင် အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် နနွင်းမှုန့်မှာပါဝင်တဲ့အရောင်တွေက အရေပြားကိုနည်းနည်းတော့ ပေကျံစေနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ နနွင်းမှုန့်နည်းနည်းကို အုန်းရည်နဲ့ရောပြီး အနှစ်ဖြစ်အောင်လုပ်ပါ။ ပြီးရင်ဆားဝက်ခြံတွေပေါ်ကို လိမ်းပေးလို့ရပါပြီ။ ထုံးစံအတိုင်း (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ထားပြီး ကြက်သီးနွေးရုံ ရေနွေးလေးနဲ့ပြန်ဆေးချပေးနိုင်ပါပြီ။

Source: Beautyvigour


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က