ဂျင်းဘောင်းဘီတွေ ဆေးမကျွတ်အောင်လုပ်တဲ့နည်းရှိတယ်။

ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကတ်၊ ဂျင်းဦးထုပ် စတဲ့ ဂျင်းထည် အသုံးအဆောင်တွေက ခေတ်တွေဘယ်လောက်ပြောင်းပြောင်း မဟောင်းနိုင်တဲ့ဖက်ရှင်တွေလေ။ ဂျင်းမကြိုက်ဘူးဆိုတဲ့လူတွေဆီမှာတောင် ဂျင်းဘောင်းဘီတစ်ထည်လောက်တော့ ရှိတတ်ကြတယ်။ ဂျင်းကြိုက်သူတွေ၊ ဂျင်းထည်တွေ ရှိသူတွေအတွက် အသုံးတည့်မယ့် အချက်တွေကို မျှဝေပါဦးမယ်။

 

၁။ ဂျင်းဘောင်းဘီကျောပိုးအိတ်

ဘယ်လို.... ဂျင်းဘောင်းဘီကျောပိုးအိတ်... ဂျင်းဘောင်းဘီကိုဖြတ်ပြီး အိတ်ချုပ်မှာလား? မဟုတ်ဘူးနော်။ ဂျင်းဘောင်းဘီရှည်ကို အလယ်ကနေ ကန့်လန့်ဖြတ် တစ်ခေါက်ခေါက်လိုက်။ ခြေကျင်းဝတ်နေရာမှာ ကြိုးလေးနဲ့စည်း (ကြိုးရှည်ဖို့တော့လိုမယ်)၊ ပိုတဲ့ကြိုးစကို ခါးပတ်ကွင်းနေရာမှာထည့်လိုက်ပါဦး။ ခါးနေရာက လွတ်နေတဲ့ထဲကို ထည့်ချင်တာတွေထည့်ပြီးရင် ကြိုးစကိုဆွဲလိုက်တာနဲ့ ရှုံ့အိတ်လို ပိတ်လို့ရပြီ။ ကျောပိုးအိတ်လိုလည်း ဖြစ်သွားပြီ။

၂။ ခါးချောင်နေလား

အကိတ်မမတွေက ဒီဒုက္ခကို ကောင်းကောင်းသိတယ်။ တင်ပါးကကြီးတော့ တော်ရုံဆိုဒ်နဲ့ ဝတ်လို့မရ၊ ဆိုဒ်ကြီးတာဝယ်တော့ ခါးကချောင်နေရော။ ဘာလုပ်လို့ရသလဲဆိုတော့ ခါးအနောက်နားမှာ သားရေပြားလေး ကပ်ချုပ်လိုက်တာ အဆင်ပြေတယ်။ ဘောင်းဘီကို ရှုံ့လိုက်သလို ဖြစ်သွားတော့ ခါးက ချောင်မနေတော့ဘူး။

၃။ ဝတ်မကြည့်ဘဲ တော်၊မတော် သိချင်ရင်

ဂျင်းဘောင်းဘီတွေ ဒစ်စကောင့်ချလို့ အလုအယက်ဝယ်ချိန်ဆို ဝတ်ကြည့်လို့မရတာများတယ်။ ရှေးနည်းအတိုင်း လည်ပင်းမှာကပ်ကြည့်ပြီးရွေးတာ မမှားဘူးနော်။ တစ်ခုပဲ မှတ်ထားဖို့က လည်ပင်းမှာကပ်ကြည့်တဲ့အခါ ဘောင်းဘီစွန်းနှစ်ဘက်က တစ်ခုနဲ့တစ်ခု ထိတယ်ဆိုရုံပဲ ဖြစ်ရမယ်။ ကျော်လည်းမကျော်၊ လွတ်လည်းလွတ်မနေရပါဘူး။

3068973-poster-p-1-heres-what-happened-when-i-wore-jeans-that-promised-to-reduce-cellulite-for-a-month.jpg 

၄။ ပေါင်ပွန်းနေရင်

ပေါင်လုံးပြည့်သူတွေ ဂျင်းဘောင်းဘီဝတ်ရင် ပေါင်နှစ်ခု ပွတ်တိုက်တဲ့အရှိန်ကြောင့် ဘောင်းဘီတွေက ပေါင်အတွင်းပိုင်းမှာ ပွန်းနေတတ်တယ်။ ချုပ်စက်ကိုသုံးပြီး အပ်ချည်ကို အခေါက်ခေါက်အခါခါ ချုပ်လိုက်ရင် ပွန်းတာမသိသာတော့ဘူး။

၅။ မစွန်းအောင်

တချို့ဂျင်းတွေက ချွေးထိတာနဲ့ကို ဆေးကျွတ်တာ။ ဘာပြောကောင်းမလဲ အကျႌမှာပါ စွန်းကုန်တာပေါ့။ ဂျင်းဘောင်းဘီတွေ ဆေးမကျွတ်အောင်လုပ်တဲ့နည်းရှိတယ်။ ရေထဲကို ဗီနီဂါထည့်ပြီး ဂျင်းဘောင်းဘီကို စိမ်ထားလိုက်။ ပြီးတော့မှ လျှော်လိုက်ပါ။

၆။ ပီကေကပ်ရင်

ဂျင်းထည်မှာ ပီကေကပ်ရင် ဘယ်လိုခွာကြသလဲဟင်...။ အလွယ်ဆုံးနည်းကတော့ ပီကေပေါ်ကို ရေခဲတုံးတင်ထားလိုက်တာပဲ။ ပီကေက အေးခဲသွားရင် အသာလေးခွာလိုက်လို့ရတယ်။

7-style-hacks_small02.jpg.pagespeed.ce.UzFG66EArk.jpg

၇။ ကြယ်သီးပြုတ်သွားတဲ့အခါ

ဂျင်းဘောင်းဘီကြယ်သီး ပြုတ်တာက ဖြစ်တတ်တယ်။ သူ့ကြယ်သီးတွေက ဖိအားနဲ့ နှစ်ဖက်ကပ်ထားတာဆိုတော့ ကိုယ့်ဘာသာ ပြန်တပ်လို့မရဘူး။ ဖြေရှင်းနည်းကတော့ ဘောင်းဘီအတွင်းဘက် ကြယ်သီးတပ်ထားတဲ့နေရာမှာ ပိတ်စလေးတစ်စကိုခံပြီးမှ ကြယ်သီးစနှစ်ကို ပြန်တပ်ကြည့်ပါ။ ကိုယ့်မှာ ကြယ်သီးတပ်တဲ့စက် မရှိတော့လည်း တူနဲ့ထုပြီး ဖိအားပေးလိုက်တာပေါ့။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က