အဖြူနဲ့အမဲဆိုတာ ဆန့်ကျင်ဘက်ဆိုတဲ့အနက်ကို ဆောင်သလို ယင်နဲ့ယန်၊ အဖိုနဲ့အမ ဆိုတဲ့ အဓိပ္ပာယ်ကိုလည်းဆောင်ပါတယ်။
 

အဖြူနဲ့အမဲတွဲဖက်မှုက ဘယ်တော့မှရိုးသွားမယ့်ဖက်ရှင်ပုံစံမဟုတ်ပါဘူး။ အဖြူနဲ့အမဲဆိုတာ ဆန့်ကျင်ဘက်ဆိုတဲ့အနက်ကို ဆောင်သလို ယင်နဲ့ယန်၊ အဖိုနဲ့အမ ဆိုတဲ့ အဓိပ္ပာယ်ကိုလည်းဆောင်ပါတယ်။ အဖြူနဲ့အမဲကို တွဲစပ်လိုက်မယ်ဆိုရင် ပြီးပြည့်စုံခြင်းကိုပိုင်ဆိုင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဖြူအမဲပေါင်းစပ်ခြင်းက အဆင့်အတန်းရှိရှိနဲ့ စတိုင်ကျနေလို့ပါပဲ။

လက်ရှိအရောင်အနု၊ အရင့်လက်သည်းဆိုးဆေးတွေကို စိတ်ကုန်နေပြီလား။ ဒါဆိုရင်တော့ အခုတလောခေတ်စားနေတဲ့ အဖြူအမဲစတိုင်လ် (Black & White) လက်သည်းပုံဖော်နည်းလေးတွေကို စမ်းသပ် ကြည့်လိုက်ရအောင်။

သိပ်ကြီးလည်းမစိုးရိမ်ပါနဲ့။ အဖြူအမဲစတိုင်လ် လက်သည်းဒီဇိုင်းလေးတွေက ရိုးရှင်းပြီး လုပ်ရတာလည်းလွယ်ကူပါတယ်။ အလှပြင်ဆိုင်တောင်သွားစရာမလိုဘဲ ကိုယ်တိုင်စမ်းသပ်ပုံဖော်ကြည့်လို့ရပါတယ်။

၁။ အနက်ခံပေါ်မှာ အဖြူစက်လေးတွေတင်ထားတဲ့ဒီဇိုင်း

Nail-Art-1.jpg 

ဒီတစ်ခုကတော့ အလွန်ရိုးရှင်းပါတယ်။ အရင်ဆုံး လက်သည်းကို အမဲရောင်လက်သည်းဆိုးဆေးလေးအရင်ဆိုးလိုက်ပါ။ နည်းနည်းအခြောက်ခံပြီးမှ အဖြူရောင်လက်သည်းဆိုးဆေးနဲ့ အစက်လေးတွေဖြစ်အောင် လိုက်တင်လိုက်ပါ။ ဒါမှမဟုတ် အဖြူရောင်လက်သည်းဆိုးဆေးကို အရင်ဆိုးပြီးမှ အမဲရောင်အစက်လေးလိုက်တင်လည်း ရပါတယ်။ ဒီစတိုင်လ်ကတော့ ရိုးရှင်းပေမယ့် သင့်ရဲ့လက်ချောင်းလေးတွေကို ဆွဲဆောင်မှုရှိရှိလှပစေမှာပါ။

၂။ စန္ဒရားခလုတ်ပုံုစံ လက်သည်းဒီဇိုင်း

Nail-Art-2.jpg 

အိုခေ။ ဒီတစ်ခုကိုတော့ လူတိုင်းစမ်းကြည့်သင့်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ မြင်တဲ့လူတိုင်းကို "ဟာ" ခနဲဖြစ်သွားစေမယ့် ဒီဇိုင်းမျိုးပါ။ လက်သည်းရဲ့တစ်ဖက်တစ်ချက်စီမှာ အဖြူရောင်လက်သည်းဆိုးဆေးနဲ့ အမဲရောင်လက်သည်းဆိုးဆေးကို တစ်ဖက်စီဆိုးပြီး အရင်ဆုံးအခြောက်ခံပါ။ ပြီးမှ အပေါ်ကနေ မိမိနှစ်သက်ရာလက်သည်းအလှဆင်အတုံးလေးကို ကော်လေးနဲ့ကပ်လိုက်ရုံပါပဲ။ အရင်တုံးက စမ်းသပ်ကြည့်ဖို့ စိတ်မကူးဖူးသူတွေတောင် ခုချိန်မှာ ဒီ ဒီဇိုင်းလေးကိုစမ်းကြည့်ချင်နေမှာကို လောင်းရဲပါတယ်။

၃။ လက်သည်းတစ်ချောင်းချင်းစီမှာ မတူညီတဲ့ဒီဇိုင်းလေးတွေ

Nail-Art-0.jpg 

ဒါလေးတွေကို စမ်းသပ်မယ်ဆိုရင်တော့ နည်းနည်းသတိထားပါ။ ဘာလို့လဲဆိုတော့ တစ်ချက်မှားတာာနဲ့ ပျက်ဆီးသွားနိုင်လို့ပါပဲ။ စိတ်ရှည်တတ်တဲ့အလေ့အထမရှိတဲ့လူဆိုရင် (ဒါမှမဟုတ်) လက်မငြိမ်တဲ့လူ ဆိုရင်တော့ ကိုယ်တိုင်မဆိုးဘဲ လက်သည်းအလှပြင်ဆိုင်ကို ပုံလေးကိုပြပြီး ဆိုးခိုင်းသင့်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်နိုင်ရင်တော့ အောင်မြင်တဲ့အခါ ပျော်ရွှင်ရမှာပါ။ ဘာလို့လဲဆိုတော့ လက်သည်းတစ်ချောင်းချင်းစီရဲ့အပေါ်မှာ မတူညီတဲ့ဒီဇိုင်းလေးတွေ ဖန်တီးရတာ အရမ်းမိုက်တဲ့အပြင် မိမိကိုယ်ကို အနုပညာရှင်တစ်ဦးလို ခံစားရစေမှာပါ။

၄။ အမဲနောက်ခံမှာ မျက်လုံးလေးတွေကပ်ထားတဲ့ဒီဇိုင်း

Nail-Art-4-600x600.jpg 

အဲဒီလို ကပ်လို့ရတဲ့ မျက်လုံးပုံစံကပ်ခွာလေးတွေကို ဆိုင်တွေမှာမေးပြီးရှာဝယ်လို့ရပါတယ်။ ဒီလက်သည်းဒီဇိုင်းပုံလေးကတော့ ချစ်စရာလေးပါ။ လူတိုင်းရဲ့မျက်လုံးက ခင်ဗျားရဲ့လက်သည်းပေါ်ကိုပဲ ရောက်နေမှာပါ။ ချစ်စရာမျက်လုံးလေးတွေက သူတို့ကိုုလိုက်ကြည့်နေသလိုဖြစ်နေတော့ သူတို့လည်း လက်သည်းလေးတွေကို ပြန်ကြည့်မိမှာပါပဲ။ (လက်သည်းလေးတွေရဲ့ပိုင်ရှင်ကိုကောပေါ့။) Crush က ချေနေပြီး crush သတိပြုမိတာကိုခံချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို စမ်းကြည့်သင့်ပါတယ်။

ပြုလုပ်နည်းကလည်း အရမ်းကိုရိုးရှင်းပါတယ်။ အရင်ဆုံးအမဲရောင်နောက်ခံဖြစ်အောင် အမဲရောင်လက်သည်းဆိုးဆေးကို အရင်ဆိုးလိုက်ပါ။ ပြီးရင်တော့ မျက်လုံးပုံစံကပ်ခွာလေးကို ကပ်လိုက်ပါ။ (ကပ်ခွာ ရှာမရသူတွေအတွက်ကတော့ အောက်ခံအမဲပေါ်မှာ အဖြူရောင်လက်သည်းဆိုးဆေးနဲ့ အဖြူစက်လေး (၂) စက်ကို အရင်တင်လိုက်ပါ။ ပြီးမှ အဲဒီအဖြူစက်လေးတွေပေါ်ကို မျက်လုံးပုံစံဖြစ်အောင် အမဲစက်သေးသေးလေးတွေ လိုက်ချလိုက်ပါ။

၅။ အဖြူရောင်နောက်ခံမှာ အမဲစင်းလေးတွေနဲ့ ဒီဇိုင်း

Nail-Art-5-600x600.jpg 

ဒီတစ်ခုကလည်း ချစ်စရာအရမ်းကောင်းတဲ့ဒီဇိုင်းလေးပါ။ လက်သည်းတစ်ချောင်းချင်းစီမှာ ပုံစံတူညီဖို့မလိုဘဲ မိမိနှစ်သက်ရာအမဲစင်းလေးတွေကို ဖန်တီးလို့ရပါတယ်။ ထောင့်ဖြတ်ပုံမျဉ်းလေးတွေ၊ မျဉ်းတစ်ဖြောင့်တည်းလေးတွေ စသဖြင့် လှပစွာဖန်တီးနိုင်ပါတယ်။

၆။ ကြောင်မျက်နှာပုံစံလက်သည်းဒီဇိုင်း

Nail-Art-6-600x600.jpg 

ချစ်စရာကောင်းတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် လက်သည်းဒီဇိုင်းမျိုးပါ။ ကျောင်းသူအရွယ်မိန်းကလေးတွေ စမ်းသပ်ကြည့်သင့်ပါတယ်။ အဖြူခံပေါ်မှာမှ ကြောင်မျက်နှာပုံစံဖော်ထားတာလေးက အရမ်းကို ချစ်စရာကောင်းပါတယ်။ ပန်းရောင်ဝေါ့ကင်းရှူးလေးရယ်၊ Hello Kitty ကျောပိုးအိတ်လေးရယ်နဲ့ပါ တွဲဖက်လိုက်ရင်တော့ ပြီးပြည့်စုံသွားပြီပေါ့။

၇။ ကနုတ်ဆွဲထားတဲ့ဒီဇိုင်း

Nail-Art-7-600x600.jpg 

ပရော်ဖက်ရှင်နယ် လက်သည်းအလှပြင်ဆရာမတွေသာ ဖန်တီးနိုင်မယ့်ပုံစံမျိုးဖြစ်ပေမယ့် အထာကတော့ ရေလည်ကျပါတယ်။ အမဲရောင်နောက်ခံပေါ်မှာ အဖြူရောင်လက်သည်းဆိုးဆေးနဲ့ ကနုတ်ပန်းပုံ၊ ပန်းပွင့်ပုံဖော်ထားတဲ့ ဒီဇိုင်းက အထက်တန်းကျပြီး ရာထူးကြီးကြီးနေရာယူထားပြီး လှချင်ပချင်တဲ့အမျိုးသမီးတွေ စမ်းသပ်ကြည့်ဖို့သင့်တော်ပါတယ်။ ကလေးလည်းတအားမဆန်ဘဲ အထာကျစေမယ့် ဒီဇိုင်းမျိုးပါ။

၈။ ယင်ယန်ပုံစံဒီဇိုင်း

Nail-Art-8.jpg 

တရုပ်ပြည်မှာတော့ ယင်နဲ့ယန်ကို အဖြူနဲ့အမဲ၊ အပူနဲ့အအေး၊ အဖိုနဲ့အမ ဆန့်ကျင်ဘက်အဖြစ်မှတ်ယူထားကြပါတယ်။ အဲဒီလိုဆန့်ကျင်ဘက်ဓာတ်ကြီး (၂) ပါးကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းက အထာကျသလို မျက်စိပသာဒလည်းရှိစေပါတယ်။ ဗေဒင်တွေ၊ ဘာတွေယုံတတ်သူဆိုရင် လက်သည်းပေါ်မှာ ဆန့်ကျင်ဘက်ဓာတ်ကြီး (၂) ပါးကို ပေါင်းစပ်ပြီးတင်ထားခြင်းက ဖုန်းရွှေပညာအရတော့ ကောင်းခြင်းမင်္ဂလာတွေကို ဆောင်ကြဉ်းပေးမှာပါ။

Source: Youngisthan

Share

Loading Next Article...
က္က