ချိုင်းကြားမဲတယ်ဆိုတာ မိန်းကလေးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ရှက်စရာကောင်းတဲ့ပြဿနာတစ်ခုပါ။
 

ချိုင်းကြားမဲတယ်ဆိုတာ မိန်းကလေးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ရှက်စရာကောင်းတဲ့ပြဿနာတစ်ခုပါ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်က တချို့အစိတ်အပိုင်းတွေဟာ အရေပြားထိလွယ်ရှလွယ်ရှိပြီး အဲဒီထဲမှာ ချိုင်းကြားကလည်း တစ်ခုအပါအဝင်ပါပဲ။

ချိုင်းကြားတွေမဲနေလို့ ရှက်ရွံ့ပြီး ချိုင်းပြတ် မြန်မာအင်္ကျ ီလှလှလေးတွေမဝတ်ရဲတော့ဘူးဖြစ်နေတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါ။ အောက်မှာချိုင်းကြားမဲခြင်းကို ကုစားနိုင်တဲ့ မီးဖိုချောင်ထဲက ဆေးမြီးတိုလေးတွေကို ဖော်ပြထားပါတယ်။

၁။ ခရမ်းချဉ်သီးနဲ့သကြား

wpid-20140302_215632.jpg 

ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင်တောက်ပစေတဲ့ဂုဏ်သတ္တိရှိပြီး အရေပြားပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာလည်း ကူညီပေးပါတယ်။ ခရမ်းချဉ်သီးမှာ ရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိလည်းပါဝင်တော့ အသားအရေကိုအေးမြစေပါတယ်။ သကြားကတော့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးဖို့နဲ့ဆဲလ်အသစ်တွေကို ပြန်လည်ဖော်ထုတ်ပေးရာမှာ အကူအညီပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံးအရွယ်တော်ခရမ်းချဉ်သီးတစ်လုံးကိုယူပြီး အဝိုင်းလေးတွေဖြစ်အောင်စိတ်ပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို သကြားနည်းနည်းထည့်ပြီး ခရမ်းချဉ်သီးတစ်စိတ်ကို သကြားထဲနှစ်လိုက်ပါ။ ပြီးရင်ခရမ်းချဉ်သီးပေါ်က သကြားတွေပျော်ဝင်သွားပြီး ခရမ်းချဉ်သီးလည်း ရိရွဲသွားသည်အထိ ချိုင်းကြားထဲကို ခရမ်းချဉ်သီးနဲ့ပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးပြီး တဘက်သန့်သန့်လေးတစ်ထည်နဲ့သုတ်ပေးလို့ရပါပြီ။

၂။ အာလူးနဲ့သံပုရာရည်

pot-grat-sliced-potatoes.jpg 

အာလူးမှာရော၊ သံပုရာသီးမှာပါ ချေးချွတ်နိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်ပြီး တူတူတွဲဖက်လိုက်ရင်တော့ သူတို့ဟာ ချိုင်းကြားမဲခြင်းအတွက် မှော်ဆေးရည်တစ်မျိုးလို လုပ်ဆောင်ပါတယ်။ ပုံမှန်သုံးစွဲပေးမယ်ဆိုရင် အရေပြားအပေါ်ယံအလွှာပေါ်က ဆဲလ်သေတွေကို ညင်သာစွာဖယ်ရှားပေးပြီး တောက်ပတဲ့အသားအရေကို ပေါ်လွင်စေမှာပါ။

ပြုလုပ်နည်းကတော့ အရင်ဆုံး အနေတော်အာလူးတစ်လုံးကို အခွံခွာပြီး မထူးမပါးအဝိုင်းပြားလေးတွေဖြစ်အောင် လှီးပါ။ ပြီးရင် သံပုရာသီးတစ်ခြမ်းကိုအရည်ညှစ်ပြီး အာလူးပြားလေးတွေကို သံပုရာရည်ထဲမှာ စိမ်ပါ။ ချေးမချွတ်ခင်မှာ အရင်ဆုံးချိုင်းကို ရေနဲ့သန့်စင်အောင်ဆေးကြောပြီး ပြောင်အောင်သုတ်ထားပါဦး။ ပြီးပြီဆိုရင် သံပုရာရည်စိမ်အာလူးပြားလေးနဲ့ (၅) မိနစ်ခန့် ကြာအောင်ပွတ်ပေးပါ။ ချိုင်း (၂) ဖက်စလုံးကို ဒီပုံစံအတိုင်းပဲလုပ်ပေးပါ။ ရေမဆေးဘဲ တစ်ညသိပ်ထားပြီး နောက်တစ်နေ့မနက်မှ ရေပြန်ဆေးပေးပါ။ ဒါမှမဟုတ် မိနစ် (၃၀) လောက်ထားပြီး ရေပြန်ဆေးပေးပါ။

၃။ သခွားသီးနဲ့နနွင်းမှုန့်

cucumber.jpg 

သခွားသီးဟာ အရေပြားကိုဝင်းမွတ်တောက်ပစေတဲ့ဂုဏ်သတ္တိတွေ၊ အရေပြားရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေ၊ အရေပြားကိုကြည်လင်စေတဲ့ဂုဏ်သတ္တိတွေနဲ့ပြည့်စုံပါတယ်။ တူညီစွာပဲ နနွင်းမှုန့်ဟာလည်း အရေပြားကို ကြည်လင်တောက်ပစေသလို အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ဒီ (၂) ခုကိုပေါင်းစပ်လိုက်မယ်ဆိုရင် ချိုင်းကြားအရေပြားမဲနေတာတွေကို သက်သာပျောက်ကင်းစေမှာပါ။

ပြုလုပ်နည်းကတော့ အရင်ဆုံး သခွားသီးလတ်လတ်ဆတ်ဆတ်တစ်လုံးကိုယူပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင်ပန်းကန်လုံးတစ်လုံးထဲမှာ နနွင်းမှုန့်ကိုထည့်ပြီး သခွားသီးဖတ်လေးတွေကို ပန်းကန်ထဲထည့်စိမ်လိုက်ပါ။ ပြီးရင်တော့ အဲဒီသခွားသီးဖတ်လေးနဲ့ ချိုင်းကြားကို (၂) မိနစ်ခန့်ပွတ်တိုက်ပေးပါ။ ပြီးရင် အဲဒီအတိုင်း (၁၀) မိနစ်လောက်ကြာအောင်ထားပေးပါ။ ပြီးမှရေဆေးချပြီး အခြောက်ခံလိုက်ပါ။

Source: theindianspot

Share

Loading Next Article...
က္က