EDM ပွဲတွေမှာဆို ဒါလေးနဲ့လန်းလို့ရပြီ...
 

သိပ္ပံဇာတ်ကားတွေကြည့်ပြီး ထူးထူးဆန်းဆန်း တီထွင်တာတွေကို မြင်ရတိုင်း သဘောကျခဲ့ကြတယ်။ လက်တွေ့ကမ္ဘာမှာလည်း နည်းပညာဆန်းသစ်မှုက အရမ်းကိုမြန်ဆန်နေတော့ မနည်းကိုအမီလိုက်ရတာပါပဲ။ ခုလည်းပဲ LED မျက်တောင်တုလေးတွေ ထွက်လာပြန်ပါပြီ။ အမိုက်စားစိတ်ကူးလို့တောင် ပြောရမယ်။

 

ရိုးရိုးမျက်တောင်တုတွေ တပ်ရတာ ငြီးငွေ့လာပြီဆိုရင် LED မျက်တောင်တုလေးတွေကို စမ်းကြည့်နိုင်တာပေါ့။ Tien Pham နဲ့ Davey Taylor တို့က ဒီမျက်တောင်တုတွေကို ဖန်တီးပုံဖော်ခဲ့ကြတာပါ။ မျက်တောင်လေးတွေက မီးလေးတွေလင်းနေတာ အရမ်းမိုက်တာ။ ပြီးတော့ ကိုယ့်ရဲ့လှုပ်ရှားမှုပေါ် မူတည်ပြီးတော့လည်း မီးရောင်က ပြောင်းသေးတယ်။ အဖြူရောင်၊ ပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်ဆိုပြီး မီးရောင်တွေ အမျိုးမျိုးပြောင်းနိုင်ပါသေးတယ်။ မျက်တောင်မှာလင်းနေမယ့် LED မီးသီးတွေရဲ့ ဘက်ထရီကလည်း ၄ နာရီကြာ ခံတယ်လို့ သိရပါတယ်။

 

F.lashes လို့ အမည်ပေးထားတဲ့ LED မျက်တောင်တုဟာ မီးရောင်အမျိုးမျိုးပြောင်းနိုင်ဖို့ကို ဝါယာကြိုးလေးနဲ့ ချိတ်ဆက်ထိန်းချုပ်ရတာပါ။ ကြိုးက သေးငယ်တော့ ဆံပင်ထဲမှာ ထည့်မြှုပ်ထားနိုင်ပါတယ်။ လောလောဆယ်မှာတော့ F.lashes တွေကို ဈေးကွက်မှာ မဖြန့်ချိရသေးပါဘူး။ တီထွင်သူနှစ်ဦးကတော့ သူတို့ရဲ့ပစ္စည်းကို ထုတ်လုပ်ဖြန့်ချိပေးမယ့် ရင်းနှီးမြှုပ်နှံသူကို ရှာနေတုန်းပါပဲ။

Source : The Verge

Share

Loading Next Article...
က္က