ဦးရေပြားမှာကပ်နေတဲ့ အဆီတွေကို dry shampoo က စုပ်ယူပေးသွားမှာပါ။

လေဒီတို့ ညီမလေးတို့ရေ dry shampoo ကို သုံးတဲ့လူ ရှိပါသလား? Dry shampoo ဆိုတာ ခေါင်းလျှော်ဖို့ အချိန်မရသူတွေအတွက် ဆံပင်ကို ရေနဲ့ခေါင်းလျှော်ရည် သုံးစရာမလိုဘဲ သန့်ရှင်းအောင်လုပ်ပေးတဲ့အရာပါ။ ဦးရေပြား အဆီပြန်လွယ်သူတွေအနေနဲ့ dry shampoo ကို ဆောင်ထားဖို့လည်း အကြံပေးလိုက်ပါတယ်။ နေ့တိုင်းခေါင်းလျှော်ဖို့က မလွယ်ဘူးမို့လား။ Dry shampoo လေးနဲ့ဆို ဦးရေပြားအဆီပြန်လို့ ခေါင်းက အနံ့ထွက်နေတာမျိုး မဖြစ်တော့ဘူးလေ။ Dry shampoo ဆိုတာ မှန်မှန်ကန်ကန် သုံးတတ်မယ်ဆို တကယ်ကြီး ချစ်စရာကောင်းတဲ့ ပစ္စည်းလေးပါနော်။

 

ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ကိုယ့်အတွက် သင့်လျော်မှန်ကန်တဲ့ dry shampoo ကို ရွေးဖို့ပါပဲ။ အဆီပြန်တဲ့ဦးရေ၊ ဆံသားခြောက်သူတွေ၊ ဆေးဆိုးထားသူတွေ စသဖြင့် ဆံပင်အမျိုးမျိုးအတွက် ထုတ်လုပ်ထားတာတွေ ရှိတာမို့ ကိုယ့်ဆံပင်ကို ကိုယ်သိရင် အဲ့ဒီအတွက် သီးသန့်ထုတ်ထားတဲ့ dry shampoo ကို ဝယ်ရမှာနော်။ သုံးနည်းတွေကိုလည်း ပြောပြပါဦးမယ်။

 

Dry Shampoo ကို သုံးတဲ့အခါ ဦးခေါင်းတစ်ဦးလုံးကို ဖြန်းစရာမလိုပါဘူး။ လူကို ဘေးဥပါဒ်မဖြစ်စေဘူး ဆိုပေမဲ့ မလိုအပ်လို့ မဖြန်းခိုင်းတာပါ။ ဆံပင်အရင်းတွေကိုပဲ ဖြန်းပေးရမှာ ဖြစ်ပါတယ်။ ဖြန်းပြီးရင် ဘီးလေးနဲ့ ဖြီးပေးလိုက်ရုံပါပဲ။ ဦးရေပြားမှာကပ်နေတဲ့ အဆီတွေကို dry shampoo က စုပ်ယူပေးသွားမှာပါ။ ဘီးပေါ်မှာ dry shampoo ကို တိုက်ရိုက်ဖြန်း၊ မိနစ်အနည်းငယ်ထားပြီးမှ zig-zag ပုံစံအတိုင်း ဖြီးပေးရင်လည်း ရပါတယ်။ ညအိပ်ရာဝင်ခါနီး dry shampoo ကို ခေါင်းမှာဖြန်း၊ မနက်ကျမှ ပြန်ပြီး ခေါင်းဖြီးလိုက်ရင်တော့ ဆီတွေလုံးဝရှင်းလင်းသွားပြီး ခေါင်းလျှော်ပြီးစလို ဆံပင်လေးတွေ သန့်ရှင်းနေပါလိမ့်မယ်။ မှတ်ထားရမှာတစ်ခုကတော့ dry shampoo ကို ဆံပင်တွေရေစိုနေချိန်မှာ မသုံးသင့်ပါဘူး။ ဆောင်းရာသီမှာ ဦးရေပြားခြောက်သွေ့လို့ ဗောက်တွေဖြစ်နေချိန်မှာလည်း dry shampoo ကို မသုံးရင် ပိုကောင်းပါတယ်။

 

Source : Shape

Share

Loading Next Article...
က္က