တခြားအလှအပတွေ အများကြီးရှိနေသေးတာမို့လို့ စိတ်ညစ်စရာမလိုဘူးနော်။

မိန်းကလေးဆိုတော့လည်း ရှိသင့်ရှိထိုက်တာလေးတွေ ရှိချင်တာပေါ့နော်။ သူ့နေရာနဲ့သူ အချိုးအစားလေးတော့ မှန်ချင်တာပဲ။ အရွယ်နဲ့မလိုက်အောင် သေးငယ်ပြားကပ်နေတဲ့ ရင်သားတွေက အမျိုးသမီး မပီသသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း သိပ်မရှိဘူး။ ဒီလိုစိတ်ညစ်စရာတွေက အချင်းချင်းပဲ နားလည်ကြမယ်ထင်ပါရဲ့။

 

၁။ အသေးဆုံးဆိုဒ်

အတွင်းခံစတိုးဆိုင်ရောက်ရင် ကိုယ်လိုချင်တဲ့ဒီဇိုင်းလေးများ မြင်လိုက်တာနဲ့ " ဒီဟာ ဆိုဒ်အသေးရှိလား? အသေးဆုံးဆိုဒ်" လို့ မေးရတယ်။ လိုချင်တာလေးရှိပေမဲ့ ဆိုဒ်သေးမရှိလို့ မဝယ်ရတာလည်း စိတ်ညစ်ရတာပဲ။

၂။ တိတ်တဆိတ်ကြိုးစားမိတာတွေ

ရင်သားကြီးထွားလာစေမယ့် လိမ်းဆေး၊ သောက်ဆေးတွေကိုလည်း အွန်လိုင်းမှာ ရောင်းသမျှ ဝယ်မိတာပဲ။ တကယ်တမ်းကျ ဘာမှလည်း ထူးမလာပါဘူး။

 

၃။ အတုတွေ

ကိတ်ချင်တာပေါ့နော်။ ကိတ်ချင်တော့ အတုတွေထည့်ကြည့်သေးတယ်။ အဆင်မပြေပါဘူး။ စိတ်ထဲ ခိုးလို့ခုလုနဲ့။ Push up ဘရာတွေလား? ဟင့်အင်း လုံးဝအဆင်မပြေဘူး။ လူတခြား ဘရာတခြား သပ်သပ်စီဖြစ်နေတာ။

၄။ ရေကူးဝတ်စုံ

အပေါ်ယံကြည့်လိုက်ရင်တော့ ရေကူးဝတ်စုံ ဝတ်တဲ့အခါ ရင်သားသေးတော့ ပိုပြီးလုံခြုံတာပေါ့။ ဖော်တယ်လို့ မထင်ရတော့ဘူးလို့ ထင်မိလိမ့်မယ်။ တကယ်တမ်းကျတော့ နေရာလွဲနေလို့ ရင်သားထိပ်တွေမပေါ်အောင် ဆွဲတင်/ဆွဲချနဲ့ ကိုယ့်တစ်တည်း အလုပ်တွေကိုများလို့။

 

၅။ Dress

ပွဲတက်ဝတ်စုံလေးတွေ အရမ်းလှတယ်။ ဘရာသီးသန့်ဝတ်ဖို့မလိုဘဲ သူ့နေရာနဲ့သူ အခုအခံထည့်ထားတဲ့ dress တွေကို ဝတ်မယ်ဆိုလည်း အဆင်မပြေပြန်ဘူး။ ဖြစ်နိုင်သမျှကတော့ ချုပ်ဝတ်တာ အကောင်းဆုံးပဲလေ။

Share

Loading Next Article...
က္က