မီးသွေးမှုန့်မှာမှ activated charcoal powder လို့ခေါ်တဲ့ အပူပေးပေါင်းခံပြီး မီးသွေးမှုန့်ကို အသုံးပြုမယ်ဆိုရင် အရေပြားနဲ့ ဆံပင်ပေါ်မှာ ဓာတုပစ္စည်းတွေပါဝင်တဲ့အလှကုန်တွေထက် ပိုမိုထိရောက်မှုရှိပါတယ်။
 

မီးသွေးကို ဘယ်နေရာတွေမှာသုံးကြလဲ။ ထမင်းဟင်းချက်ဖို့၊ မီးမွှေးဖို့ အဓိကသုံးတာပေါ့နော်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ လူတော်တော်များများက မီးသွေးကို အရေပြားနဲ့ ဆံပင်ပြဿနာတွေကိုဖြေရှင်းဖို့ မီးသွေးမှုန့်ကိုအသုံးပြုနေကြပါပြီ။ မီးသွေးမှုန့်မှာလည်း သူ့အကျိုးကျေးဇူးနဲ့သူ ရှိပါတယ်။ မီးသွေးမှုန့်မှာမှ activated charcoal powder လို့ခေါ်တဲ့ အပူပေးပေါင်းခံပြီး မီးသွေးမှုန့်ကို အသုံးပြုမယ်ဆိုရင် အရေပြားနဲ့ ဆံပင်ပေါ်မှာ ဓာတုပစ္စည်းတွေပါဝင်တဲ့အလှကုန်တွေထက် ပိုမိုထိရောက်မှုရှိပါတယ်။

အပူပေးပေါင်းခံပြီး မီးသွေးမှုန့်ကို သုံးစွဲတာက ကောင်းမွန်တဲ့ အကျိုးအာနိသင်တွေကိုပေးတယ်ဆိုပေမယ့်လည်း ပမာဏအများကြီးမသုံးမိဖို့တော့ သတိထားကြပါဦး။ အများကြီးသုံးရင် အရေပြားယားယံစေ နိုင်လို့ပါ။ မီးသွေးမှုန့်ကိုသုံးပြီး ဘယ်လိုပြဿနာတွေကို ဖြေရှင်းနိုင်လဲဆိုတော့....

၁။ အရေပြားပေါ်ကအညစ်အကြေးတွေကိုဖယ်ရှားပေးတယ်

Screen_Shot_2017-05-07_at_2.04.13_PM.original.jpg 

တကယ်တမ်းတော့ မျက်နှာပေါ်မှာဝက်ခြံပေါက်တယ်ဆိုတာ အကြောင်းတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ မျက်နှာအရေပြားပေါ်မှာ အညစ်အကြေးတွေစုပြုံနေပြီး မသန့်ရှင်းလိုု့ပါပဲ။ အရေပြားကို သန့်ရှင်းပေးလိုက်မယ်ဆိုရင်တော့ ပြဿနာမရှိတော့ပါဘူး။ မီးသွေးမှုန့်ကိုသုံးပေးခြင်းက ဝက်ခြံပျောက်စေတာတစ်ခုတည်းမဟုတ်ပါဘူး။ အရေပြားကိုလည်း လုံးဝသန့်စင်စေပါတယ်။

ပြုလုပ်နည်းကတော့ မီးသွေးမှုန့်နည်းနည်းကို rose water (နှင်းဆီရေ) ထဲထည့်ပြီး အနှစ်လေးဖြစ်အောင် လုပ်ပါ။ ပြီးရင်ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပြီး မိနစ် (၂၀) လောက်ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ဆေးချပေးနိုင်ပါပြီ။

၂။ အဆီပြန်တဲ့အသားအရေတွေအတွက် ကောင်းတယ်

5-Foods-To-Eat-5-Foods-Not-To-Eat-For-Oily-Skin-1.jpg 

တကယ်လို့ခင်ဗျားမှာ အဆီပြန်တဲ့အသားအရေရှိရင်တော့ မီးသွေးမှုန့်က ခင်ဗျားအတွက်အသင့်တော်ဆုံးပါပဲ။ မီးသွေးမှုန့်တွေက အရေပြားပေါ်ကအဆီတွေကိုလည်း ဖယ်ရှားပေးမှာပါ။

ပြုလုပ်နည်းကတော့ မီးသွေးမှုန့်အနည်းငယ်ကို အော်ဂဲနစ်နှင်းဆီပေါင်းခံရေနဲ့ ရောပြီး အနှစ်ဖြစ်အောင်နယ်လိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်ပြီး လိမ်းပြီး မိနစ် (၂၀) လောက်ထားလိုက်ပါ။ ပြီးမှ ရေပြန်ဆေးပေးလိုက်ရင် အဆီကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

၃။ ဆားဝက်ခြံတွေကိုကုသပေးတယ်

best-products-for-blackheads-on-nose.jpg 

ဆားဝက်ခြံတွေ၊ မှဲ့ခြောက်တွေကို ပျောက်ကင်းစေတဲ့ဆေးမြီးတို များများစားစားမရှိပါဘူး။ Activated charcoal (အပူပေးပြီး မီးသွေးမှုန့်) ကိုကော စမ်းသုံးကြည့်ပြီးပြီလား။ ထုံးစံအတိုင်းပဲ နှင်းဆီရေ လေးနဲ့ ရောပြီး စမ်းသုံးကြည့်လိုက်ပါ။ ပြီးရင် ဆားဝက်ခြံပြဿနာရှင်းလင်းသွားတာကို တွေ့ရှိရမှာပါ။

၄။ ဗောက်ပျောက်စေတယ်

dandruff.jpg 

ဗောက်ထတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ရပ်ပါ။ မိုးတွင်းဆိုတော့ ပိုတောင်ဆိုးပါသေးတယ်။ လူတိုင်းလူတိုင်း ဗောက်ပြဿနာကြောင့် စိတ်ရှုပ်ကြရပါတယ်။ တချို့တွေဆို ဗောက်ပြဿနာဖြေရှင်းဖို့ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆံပင်အလှကုန်ပစ္စည်းတွေကို အသုံးပြုပေမယ့် အရာမရောက်ပါဘူး။ ဒါဆိုရင်တော့ မီးသွေးမှုန့်ကို သုံးကြည့်ကြရအောင်။

ဦးရေပြားခြောက်သွေ့ခြင်းလိုမျိုး တခြားပြဿနာတွေမရှိဘူးဆိုရင် မီးသွေးမှုန့်ကို ဦးရေပြားပေါ်မှာပွတ်ပြီး ခဏနေတော့မှ ရေချိုးရင်း ခေါင်းပြန်လျှော်ပေးလိုက်ပါ။

Source: Youngisthan

Share

Loading Next Article...
က္က