မိတ်ကပ်မဖျက်ဘဲ အိပ်ရာမဝင်ပါနဲ့။

အကြောင်းအမျိုးမျိုးနဲ့ မျက်နှာပေါ်မှာ နေရာယူလာတဲ့ ဝက်ခြံတွေက အလှပျက်စေရုံသာမက စိတ်ဓာတ်ပါကျစေတာအမှန်ပဲ။ ဝက်ခြံပေါက်နေချိန်မှာ မိတ်ကပ်ကလည်း မလိမ်းလို့မဖြစ်ဘူးဆိုရင်တော့ ဒါလေးတွေကို ဖတ်လိုက်ပါဦး။

၁။ ဆီ

02-Essential-Makeup-Rules-Women-With-Acne-MUST-Follow-619371365-Dubeniuk-Nataliia-760x506.jpg 

အဆီပြန်အသားအရေပိုင်ရှင်တွေဟာ ဆီပါတဲ့ အလှကုန်ပစ္စည်းတွေကို လုံးဝဥဿုံရှောင်ကြဉ်ဖို့တော့ မလိုပါဘူး။ တစ်ခုသတိထားရမှာက ဝက်ခြံပေါက်နေချိန်မှာတော့ mineral oil ၊ နှမ်းဆီ၊ ကိုကိုးထောပတ်နဲ့ အုန်းဆီတို့ကို ရှောင်သင့်တယ်။ ဒီအဆီတွေက ယားယံမှုကိုဖြစ်စေပါတယ်။ Silicon-based မိတ်ကပ်တွေကို သုံးတာက ဝက်ခြံသမားတွေအတွက် သင့်တော်ပါတယ်။

၂။ ဘာကိုအရင်လိမ်းမလဲ

မိတ်ကပ်လိမ်းရင် အောက်ခံဖောင်ဒေးရှင်းနဲ့ concealer မှာ ဖောင်ဒေးရှင်းကို အရင်လိမ်းရမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အသားအရေက ပုံမှန်အနေအထားမှာမဟုတ်လို့ပဲ။ ဖောင်ဒေးရှင်းအပေါ်ကမှ concealer ကို ထပ်လိမ်းမယ်ဆို ဝက်ခြံနဲ့အမာရွတ်တွေကိုလည်း ပိုပြီးဖုံးကွယ်နိုင်ပါလိမ့်မယ်။

၃။ Primer

04-Essential-Makeup-Rules-Women-With-Acne-MUST-Follow-630926132-Taras-Tsybukh-760x506.jpg 

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ အဆီပြန်တဲ့မျက်နှာပိုင်ရှင်တွေ ဖြစ်နေတတ်တယ်။ ဒါကြောင့်မို့လို့ မိတ်ကပ်မလိမ်းခင် primer ကို အရင်လိမ်းပေးသင့်တယ်။ မိတ်ကပ်လည်းစွဲပြီး အဆီပြန်တာကို ထိန်းချုပ်ပေးဖို့အတွက် ဖောင်ဒေးရှင်းမလိမ်းခင်မှာ primer ကို အရင်လိမ်းပါ။

၄။ အစိမ်းရောင်ကိုရွေး

နီရဲရောင်ရမ်းမှုတွေကို ဖုံးကွယ်ဖို့အတွက် အစိမ်းရောင် color-corrector ကို သုံးရပါတယ်။ အစိမ်းရောင်က အနီရောင်ကို ဓာတ်ပြယ်သွားစေလို့ မျက်နှာပေါ်က နီရဲနေတဲ့ဝက်ခြံဖုတွေကို မသိသာစေတော့ဘူး။ Color-corrector ကို concealer မလိမ်းခင် လိမ်းပေးရပါတယ်။

၅။ လက်နဲ့ပဲလိမ်းပါ

06-Essential-Makeup-Rules-Women-With-Acne-MUST-Follow-565326823-alekso94-760x506.jpg 

မိတ်ကပ်လိမ်းရင် လိမ်းတဲ့ ဘရပ်ရှ်၊ ဖော့တုံးတွေနဲ့လိမ်းတာ အကောင်းဆုံးဆိုပေမဲ့ ကိုယ်က ဝက်ခြံတွေဖြစ်နေချိန်မှာ လက်နဲ့လိမ်းတာ ပိုသင့်တော်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လိမ်းတဲ့ပစ္စည်းတွေကို နေ့တိုင်း သန့်စင်ဆေးကြောဖို့ မဖြစ်နိုင်ဘူးမို့လား။ လက်သန့်သန့်လေးနဲ့လိမ်းတာက ဘက်တီးရီးယားကပ်ငြိမှုနည်းပါတယ်။

၆။ ဝက်ခြံပျောက်တဲ့မိတ်ကပ်

တချို့သောမိတ်ကပ်နဲ့ primer တွေဟာ ဝက်ခြံတွေကိုတော့ ဖုံးကွယ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ထပ်ထွက်မလာအောင်တော့ တားဆီးပေးနိုင်တယ်။ ဘယ်လိုအလှကုန်မျိုးလဲဆိုရင် salicylic acid နဲ့ tea tree oil ပါဝင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

 

၇။ ပြန်ဖျက်ဖို့မမေ့ရဘူး

အိမ်ရောက်တာနဲ့ အရင်ဆုံးလုပ်ရမှာက မိတ်ကပ်ဖျက်ဖို့ပဲ။ မိတ်ကပ်တွေ မျက်နှာပေါ်မှာရှိနေချိန် ကြာလာတာနဲ့အမျှ ဝက်ခြံတွေကို ပိုဆိုးလာဖို့ တွန်းအားပေးနေသလိုပါပဲ။ မိတ်ကပ်ကိုသေသေချာချာဖျက်ပါ၊ မျက်နှာကို လုံးဝသန့်စင်သွားအောင် ဆေးကြောပြီးမှ အိပ်ရာဝင်ပါနော်။

Source : RD

Share

Loading Next Article...
က္က