အသက် (၃၀) ကျော်တွေနဲ့ စဉ်းစားလွန်းရတဲ့အလုပ် လုပ်ကိုင်သူတွေမှာ အသက်ရလာခြင်းရဲ့သင်္ကေတအဖြစ် နဖူးမှာ အရေးအကြောင်းတွေပေါ်လာတတ်ပါတယ်။
 

အသက် (၃၀) ကျော်တွေနဲ့ စဉ်းစားလွန်းရတဲ့အလုပ် လုပ်ကိုင်သူတွေမှာ အသက်ရလာခြင်းရဲ့သင်္ကေတအဖြစ် နဖူးမှာ အရေးအကြောင်းတွေပေါ်လာတတ်ပါတယ်။ အဲဒီအရေးအကြောင်းတွေက အရွယ်ရလာခြင်းရဲ့ ပထမဦးဆုံးသင်္ကေတွေဖြစ်ပြီး နဖူးပေါ်မှာစတွေ့ရတတ်ပါတယ်။

အရေးအကြောင်းပြောက်စေတဲ့ ခရင်မ်တွေ ဈေးကွက်ထဲမှာဝယ်သုံးလို့တော့ရပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေနဲ့ သဘာဝသီးနှံတွေယှဉ်လာရင် ဘာကိုရွေးချယ်မလဲ။ သဘာဝသီးနှံတွေနဲ့ အိမ်သုံးဆေးမြီးတိုလေးတွေက ကျန်းမာရေးနဲ့ပိုမိုညီညွှတ်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးတာကိုတော့ လက်ခံကြမှာပါ။ အောက်မှာ ဖော်ပြထားတာကတော့ နဖူးပေါ်ကအရေးအကြောင်းတွေကို ဖယ်ရှားဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေပါပဲ။

၁။ သံပုရာသီး

Lemon.jpg 

သံပုရာရည် (၁/၂) ခွက်ကို သကြားညို (၁/၂) ခွက်၊ အုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတို့နဲ့ရောလိုက်ပါ။ ဒါမှမဟုတ် အုန်းဆီကို အရင်အပူပေးပြီးမှ သကြားညိုနဲ့ သံပုရာရည်ကို အပေါ်ကရောရင်လည်း ရပါတယ်။ ရလာတဲ့အရည်ကို နဖူးပေါ်မှာလိမ်းပေးပြီး အသာအယာနှိပ်နယ်ပေးနိုင်ပါတယ်။

၂။ နေလောင်ကာခရင်မ်

bb-sunscreen-contour.jpg 

နေလောင်ကာခရင်မ်က အရေပြားကိုကာကွယ်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်တွေကို ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ နဖူးပေါ်မှာဖြစ်တဲ့အရေးအကြောင်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလည်းဖြစ်ပါတယ်။ နေလောင်ကာခရင်မ်ကို နဖူးပေါ်မှာစိမ့်ဝင်အောင်လိမ်းပေးရင်လည်း အရေးအကြောင်းတွေလျော့ပါးသွားတာကို တွေ့ရှိရမှာပါ။

၃။ အုန်းဆီ

Coconut-and-Coconut-Oil.jpg 

မျက်နှာမသစ်ခင်မှာ အုန်းဆီလေးနည်းနည်းယူပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းကြံပြီး နှိပ်နယ်ပေးခြင်းက အရေပြား ကျန်းမာရေးအတွက် ကောင်းပါတယ်။ ပြီးရင်သန့်စင်ဆေးရည်အဖြစ် သဘောထားပြီး တစ်ထပ် ထပ်လိမ်းပေးလိုက်ပါ။ ဒါကို နှစ်ဆသန့်စင်ခြင်းနည်းလမ်းလို့ခေါ်ပါတယ်။ အုန်းဆီဟာ အရေပြားထဲမှာအစိုဓာတ်ပြည့်ဝစေပြီး မျက်နှာနဲ့နဖူးပေါ်က အရေးအကြောင်းတွေကိုလည်း လျှော့ပါးစေပါတယ်။

၄။ လာဗင်ဒါ (သို့) ရိုု့စ်မေရီ essential oil

lavender-essential-oils-desktop-wallpaper-2560x1600.jpg 

လာဗင်ဒါ (သို့) ရိုု့စ်မေရီ essential oil နည်းနည်းကိုယူပြီး နဖူးပေါ်မှာလိမ်းပေးလိုက်ပါ။ လိမ်းပေးရမယ့်ပုံစံကတော့ အောက်ကနေ အပေါ်ကို =ပင့်တင်ပေးတဲ့ပုံစံနဲ့ နဖူးတစ်ပြင်လုံး နှံ့စပ်အောင်လိမ်းပေးလိုက်ပါ။ အဲဒီပုံစံအတိုင်း တစ်နေ့ကို မိနစ်အနည်းငယ်ကြာအောင် နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အရေပြားပေါ်ကအရေးအကြောင်းတွေ ပျောက်ကင်းစေရုံသာမက နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်ဂျယ်လ်

010.jpg 

ပုံမှန် ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ နှိပ်နယ်ခြင်းက နဖူးအရေပြားပေါ်က အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။ နဖူးပေါ်မှာ ရှားစောင်းလက်ပတ်ဂျယ်လ်နည်းနည်းကို သုတ်လိမ်းပြီး အောက်ကနေ အပေါ်ကပင့်တင်တဲ့ပုံစံနဲ့ (၁၅) မိနစ်ခန့်ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်ရေဆေးပြီး ခြောက်အောင်သုတ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ moisturizer နည်းနည်း လိမ်းပေးနိုင်ပါတယ်။

၆။ ကြက်ဥအကာ

Egg-White.jpg 

ကြက်ဥတစ်လုံးကိုယူပြီး အကာနဲ့အနှစ်ခွဲထုတ်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥအကာကို နဖူးပေါ်မှာလိမ်းပေးလိုက်ပါ။ (မျက်နှာတစ်ပြင်လုံး လိမ်းပေးမယ်ဆိုလည်း လိမ်းပေးနိုင်ပါတယ်။) ပြီးရင်တော့ အခြောက်ခံပေးထားလိုက်ပါ။ ခြောက်သွေ့သွားပြီဆိုတာနဲ့ အရေပြားလေးက တင်းလာပါလိမ့့်မယ်။ ဒါဆိုရင်တော့ ရေပြန်ဆေးပြီး တဘက်နဲ့ပြန်သုတ်ပေးလို့ရပါပြီ။

Source: theindianspot

Share

Loading Next Article...
က္က