ဆံပင်ကျွတ်ခြင်းကိုကာကွယ်ဖို့ ပင်လယ်ဆားကအကောင်းဆုံးပါပဲ။
 

ပင်လယ်ဆားမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ်လို သတ္ထုဓာတ်တွေပါဝင်ပြီး ဦးရေပြားပေါ်မှာတင်ကျန်နေတဲ့ ဓာတုအညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီဓာတုအညစ်အကြေးတွေကပဲ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်တောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ပင်လယ်ဆားဟာ ဦးရေပြားပေါ်ကဗောက်တွေကို ရှင်းလင်းပေးပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတဲ့အတွက် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှိရင်းစွဲဦးရေပြားဆဲလ်သေတွေ၊ ဆံပင်ကျွတ်တွေကိုလည်း ကျွတ်ထွက်သွားအောင်ကုညီပေးနိုင်တဲ့အတွက် ကျန်းမာတဲ့ဦးရေပြားလေးကို ပိုင်ဆိုင်နိုင်စေပါတယ်။

ဆံပင်အတွက် ဆားရဲ့အသုံးဝင်မှု

winter-hair-fall.jpg 

ပင်လယ်ဆား scrub က ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ သူက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ ဆံပင်အဖျားတွေပေါ်မှာကပ်ကျန်နေတဲ့ အဆီပိုတွေကို စုပ်ယူပေးခြင်းဖြင့် ဦးရေပြားကို ချောမွေ့စေပါတယ်။ ဒါတင်မကသေးပါဘူး။ ပင်လယ်ဆားက ဆံပင်အစိုဓာတ်ထိန်းသိမ်းပေးခြင်း၊ အသက်ဝင်စေခြင်းနဲ့ နုပျိုစေခြင်းတို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။

ဦးရေပြားနဲ့ ဦးရေပြားပေါ်က ချွေးပေါက်ငယ်လေးတွေကိုလည်း သန့်ရှင်းစေပါတယ်။ နောက်ပြီး ပင်လယ်ဆားဟာ မှိုရောဂါနဲ့ ဗောက်ထခြင်းကိုလည်း အထူးကာကွယ်ပေးပါတယ်။

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေကတော့ ပင်လယ်ဆား (၂) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်း၊ လာဗင်ဒါ essential oil (၃) (၄) စက်တို့ပဲဖြစ်ပါတယ်။ အရင်ဆုံး ပင်လယ်ဆားနဲ့ သံလွင်ဆီကို ပန်းကန်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် essential oil (၃) (၄) စက်ထည့်လိုက်ပါ။

ပါဝင်ပစ္စည်းအားလုံးကို ရောသမမွှေလိုက်ပါ။ ပြီးရင်ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပေးပြီး (၃) (၄) မိနစ်ကြာအောင် ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ အားလုံးပြောင်စင်အောင် ရေနဲ့ပြန်ဆေးပေးလိုက်ပါ။ ဒါဆိုရင်တော့ ဆံပင်ကျွတ်ခြင်းကင်းဝေးပြီး ဦးရေပြားယားယံတဲ့ ပြဿနာတွေလည်း ကင်းဝေးသွားပြီပေါ့။

သတိပြုရန်

အဲဒီမှာသတိပြုရမှာတစ်ချက်က ဒီနည်းလမ်းကိုသုံးပြီး တစ်လတစ်ခါထက်ပိုပြီး ခေါင်းမလျှော်ပါနဲ့။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း များလွန်ရင်လည်း ဦးရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။

Source: theindianspot

Share

Loading Next Article...
က္က