ဖက်ရှင်ဆန်းတွေ သဘောကျတယ်ဆိုဦးတော့ မဝတ်သင့်တဲ့နေရာဆိုရင် မဝတ်ဘဲနေတာ အကောင်းဆုံးနော်။

အဝတ်အစားဝတ်တယ်ဆိုတာလည်း သူ့နေရာနဲ့သူ ဝတ်တတ်မှ ကောင်းမှာပါနော်။ ကိုယ်က အလှအပ ဘယ်လောက်ကြိုက်ကြိုက်၊ ဖက်ရှင်ဆန်းတွေ သဘောကျတယ်ဆိုဦးတော့ မဝတ်သင့်တဲ့နေရာဆိုရင် မဝတ်ဘဲနေတာ အကောင်းဆုံးနော်။ ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းတစ်ဦးအနေနဲ့ဆိုရင်တော့ ဒီလိုအဝတ်အစားတွေ မဝတ်သင့်ပါဘူး။



၁။ ဖြစ်ကတတ်ဆန်း

sloppy-clothing-1502210192.jpg 

ကြေမွ တွန့်လိပ်နေတဲ့ အဝတ်အစားတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ ပုံစံတွေက ကိုယ့်ကိုရုပ်ဆိုးစေရုံမက အထက်လူကြီးတွေကိုလည်း မခန့်လေးစားလုပ်ရာကျတယ်။

၂။ အားကစားဝတ်စုံ

tracksuits-or-workout-gear-1502210192.jpg

တချို့ ရှိသေးတယ်။ အားကစားလုပ်ရင်းဝတ်တဲ့ ဘောင်းဘီပွပွတွေကို ရုံးကိုဝတ်လာတာ။ လုံခြုံတယ်ဆိုပေမဲ့ မဝတ်သင့်တဲ့ အဝတ်အစားပါနော်။

၃။ အဟိုက်၊ အကျပ်

tight-or-revealing-clothing-1502210192.jpg 

ရုံးဆိုတာ ဆက်စီကျကျ ဝတ်ပြရမယ့်နေရာမဟုတ်ဘူးဆိုတာ သိထားသင့်တယ်။ ရုံးယူနီဖောင်းစကပ်က ဒူးအထက် အတိုဖြစ်ပေမဲ့ အပေါ်က ရှပ်အကျႌ၊ ကုတ်အကျႌတို့နဲ့ တွဲပြီးဝတ်ရတယ်။ ဒါမှမဟုတ် ဘလောက်စ်ပေါ့။ အောက်က စကပ်အတို၊ အပေါ်က အဟိုက်နဲ့ ဆက်ဆီကျနေရင်တော့ အထက်လူကြီးဆူတာ ခံရမှာပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က