ဂျင်းဘောင်းဘီအကျပ်လေးတွေနဲ့လည်း လိုက်ပါတယ်။
Su Yee Moe

ဖက်ရှင်ရေစီးဆိုတာ တစ်ကျော့ပြန်လည်နေတာပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဖက်ရှင်တွေ ခုခေတ်မှာ ပြန်ခေတ်စားတယ်။ နောက် သိပ်မကြာဘူး နောက်ထပ် ဖက်ရှင်သစ်တွေ ပေါ်လာပြန်တယ်။ ဒီလိုပဲ သံသရာလည်နေတာ။ ခုဆိုရင် ကျွန်မတို့ ငယ်ငယ်လေးတုန်းက မြင်ခဲ့ရတဲ့ ခေါင်းလောင်းလက်နဲ့ ဘလောက်စ်တွေ ပြန်ခေတ်စားလာတယ်လေ။ ခေါင်းလောင်းလက်နဲ့ ဘလောက်စ်တွေကို စတိုင်ကျကျလေးဖြစ်အောင် ဝတ်နိုင်မယ့် အကြံလေးတွေ မျှဝေလိုက်တယ်နော်။

 

၁။ ဆန့်ကျင်ဘက်အရောင်တွေအဖြစ် တွဲဖက်ကြည့်ပါ။ ခေါင်းလောင်းလက်ဘလောက်စ်က အဖြူရောင်ဆိုရင် ဘောင်းဘီကို အနက်နဲ့ တွဲဝတ်တာမျိုး။

 

၂။ ဂျင်းဘောင်းဘီအကျပ်လေးတွေနဲ့လည်း လိုက်ပါတယ်။

 

၃။ လက်အဖျားပိုင်းမှာ ကားကားလေး ဖြစ်နေတာဆိုတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အပွတွေနဲ့ဝတ်ရင် မလှပါဘူး။ စကပ်နဲ့ဝတ်မယ်ဆိုရင် pencil skirt လို့ခေါ်တဲ့ စကပ်အကျပ်လေးတွေကိုပဲ ရွေးချယ်သင့်တယ်။ လှပတဲ့ မဒီလေးတစ်ဦးအသွင် ပေါ်လွင်လာစေမှာ သေချာပါတယ်။

Source : Be Beauty


Author


က္က