"အလှပြင်တာနဲ့ ဇွန်းကဘာဆိုင်လို့လဲ။ ဘယ်လိုသုံးပြီး အလှပြင်ရမှာလဲ" ဆိုတဲ့မေးခွန်းတွေတော့ ရှိလာမှာပါပဲ။
Thiha Htun

ခေါင်းစဉ်ကိုကြည့်ပြီး စိတ်ဝင်စားသွားကြပြီလား။ ဟုတ်ပါတယ်။ အစားအသောက်စားဖို့အတွက် ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ ဇွန်းရှည်တစ်ချောင်းကိုသုံးပြီး အလှပြင်ရာမှာ အချိန်ကုန်သက်သာအောင်၊ ပိုမိုထိရောက်အောင် ပြုလုပ်နိုင်ပါတယ်။ သင့်စိတ်ထဲမှာလည်း မေးခွန်းတွေအများကြီးရှိနေမှာပါပဲ။ အဲဒီမေးခွန်းတွေကို အောက်မှာဖြေကြားပေးထားပါတယ်။

 

အဲဒီမေးခွန်းတွေထဲမှာ "အလှပြင်တာနဲ့ ဇွန်းကဘာဆိုင်လို့လဲ။ ဘယ်လိုသုံးပြီး အလှပြင်ရမှာလဲ" ဆိုတဲ့မေးခွန်းတွေတော့ ကျိန်းသေပါမှာပါပဲ။ ဒါပေမယ့် beauty hack လုပ်နိုင်ဖို့အတွက် ဇွန်းတစ်ချောင်းက အလွန်အသုံးဝင်နေတာလည်း အမှန်ပါပဲ။ မှန်ကန်စွာအသုံးချတတ်ရင် ဇွန်းတစ်ချောင်းက ကျွန်တော်တို့ရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

၁။ winged liner ပြုလုပ်ဖန်တီးဖို့

Wing-1.jpg 

အသိမိန်းကလေးတော်တော်များများ ညည်းညူကြတာတော့ မနက်၊ မနက်ဆိုရင် ရုံးချိန်မီအောင် အလှပြင်ရင်း eye liner ကို ညီအောင်လှအောင်ဆွဲရတာ၊ မျက်ခုံးမွှေးညီအောင် ဆွဲရတာ ဘယ်လောက်ခက်တယ်ဆိုတာပါပဲ။ အခုဆိုရင်တော့ ပူစရာ မလိုတော့ပါဘူး။ ပုံပါအတိုင်း ဇွန်းရှည်တစ်ချောင်းရဲ့ လက်ကိုင်ကို မျက်လံုံးထောင့်နားလေးကပ်ပြီး မျဉ်းဖြောင့်တစ်ကြောင်း ဖြစ်အောင် အရင်ဆွဲလိုက်ပါ။

ပြီးရင်ထိပ်ပိုင်းက အစားအစာတွေကို ခပ်စားရာမှာသုံးတဲ့ ဇွန်းဝိုင်းပြားလေးကို မျက်လုံးပေါ်အုပ်ပြီး ဇွန်းရဲ့အပြင်ဘက်ထောင့်စွန်းနဲ့ winged liner လေးဖြစ်အောင် အရာပေးလိုက်လို့ ရပါပြီ။ မျဉ်းကြောင်းလေးတွေဆွဲပြီးရင် အဲဒီမျဉ်းကြောင်းလေးတွေကို လိုက်ဖြည့်ပြီး winged eyeliner (တောင်ပံပုံစံ eyeliner) လေးဖြစ်အောင် ပြုလုပ်နိုင်ပါပြီ။

၂။ မျက်တောင်ခြယ်ဖို့

Wing-2.jpg 

မျက်တောင်ရှည်တဲ့သူတွေအတွက်တော့ အခက်အခဲမရှိ အလုပ်ဖြစ်မှာပါ။ ပုံထဲမှာပြထားတဲ့အတိုင်း မျက်ခွံလေးကို ဇွန်းလေးနဲ့အုပ်ပြီး မျက်တောင်ခြယ်ဆေး (mascara) ဆွဲမယ်ဆိုရင် မျက်တောင်ခြယ်ဆေးတွေ မျက်ခွံပေါ်ကိုတက်မပေအောင် ကာထားပေးနိုင်ပါတယ်။ မျက်လုံးအောက်ဘက်က မျက်တောင်တွေကိုလည်း အထက်ပါပုံစံအတိုင်းပဲ ဆွဲပေးနိုင်ပါတယ်။

၃။ ပါးရိုးမြင့်အောင် မိတ်ကပ်ခြယ်ဖို့

Wing-3-599x400.jpg 

မိမိအတွက် သင့်တော်မှန်ကန်တဲ့အရောင်ကိုရွေးချယ်ပြီးမှ ဇွန်းရှည်ကိုပဲသုံးပြီး ပါးရိုးပေါ်မှာ မိတ်ကပ် (သို့) ပါးနီ လိမ်းခြယ်ပေးနိုင်ပါတယ်။ ဇွန်းလေးနဲ့လိုက်ထိန်းပြီး လိမ်းခြယ်မယ်ဆိုရင် မိမိလိုချင်တဲ့နေရာမှာ မိမိလိုချင်တဲ့အရောင်ကို အတိအကျလိုက်ဖြည့်ပေးနိုင်ပါတယ်။

၄။ မျက်ခုံးမွှေးဆွဲဖို့

Wing-4.jpg 

မိန်းကလေးတွေအတွက်တော့ မနက်၊ မနက် မျက်ခုံးမွှေးညီအောင် ဆွဲရတာအလုပ်တစ်ခုပါပဲတဲ့။ အခုတော့ လွယ်ကူသွားပါပြီ။ ဇွန်းရဲ့ထိပ်ပိုင်း ဘဲဥပုံစက်ဝိုင်းလေးကို မျက်လုံးပေါ်မှာအုပ်ပြီး ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးကိုရရှိအောင် ဆွဲနိုင်ပါတယ်။ ပိုပြီးတိကျချင်ရင် ဇွန်းနဲ့အရင်အရာပေးပြီး နောက်မှ မျက်ခုံးမွှေးဆွဲတံနဲ့ ပြန်လိုက်ဖြည့်ရုံပါပဲ။

၅။ လက်သည်းနီဆိုးဖို့

Wing-5-660x371.jpg 

တစ်ခါတလေမှာ လက်သည်းနီဆိုုးရာမှာ အရောင်တစ်ရောင်တည်းဆိုးရတာ ပျင်းဖို့ကောင်းပါတယ်။ အရောင်လေးတွေကို ရောစပ်ပြီး ပိုမိုလှပတဲ့အရောင်ဖြစ်အောင် ဖန်တီးပြီးမှ ဆိုးချင်တယ်ဆိုရင်တော့ ဇွန်းတစ်ချောင်းထဲမှာ လက်သည်းဆိုးဆေး အရောင်တွေကို ထည့်ရောလိုက်ပါ။ လက်သည်းဆိုးဆေးအရောလေးကို ဖန်တီးပြီးမှ ပုံပါအတိုင်း ဆိုးပေးနိုင်ပါပြီ။

၆။ လက်သည်းနီတွေ လျှံမကျစေဖိုု့

Wing-6.jpg 

လက်သည်းနီဆိုးပြီဆိုရင် ဇွန်းထိပ်လေးကို လက်သည်းအောက်မှာထားပြီး ထောက်ပေးထားလိုက်မယ်ဆိုရင် လက်သည်းနီဆိုးတဲ့အချိန်မှာ လက်သည်းနီတွေ ဘေးကိုလျှံမကျတော့ တိကျမှန်ကန်တဲ့ လက်သည်းလေးကို ရရှိစေမှာပါ။

၇။ မျက်ကွင်းညိုခြင်းကို လျော့ကျစေဖို့

Wing-7.jpg 

ညဘက်တွေမအိပ်ဘဲ အလုပ်လုပ်တဲ့အခါ၊ (သို့) ဂိမ်းဆော့တတ်တဲ့အခါ မျက်လုံးအောက်မှာ မျက်ကွင်းတွေညိုနေတတ်ပြီး ကြည့်ရဆိုးနိုင်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက်တော့ ညအချိန်မှာ ဇွန်းရှည် (၂) ချောင်းကို ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။

မနက်ရောက်တော့မှ အဲဒီဇွန်း (၂) ချောင်းကို မျက်လုံးတစ်ဖက်စီရဲ့အောက်မှာ ဇွန်းရဲ့ဖင်ဘက်နဲ့ အပြားလိုက်ကပ်ပေးပြီး ဖိအားနည်းနည်းပေးပါ။ ပြီးရင် ဖြည်းဖြည်းချင်း ဇွန်းကို မျက်လုံးထောင့်တွေရှိရာကို ဆွဲသွားပေးပါ။ ဒီလိုနည်းနဲ့ မျက်ကွင်းညိုခြင်းကို ဖြေရှင်းနိုင်ပါပြီ။

Source: Youngisthan


Author


က္က