Apple Cider Vinegar ရဲ့ ကောင်းကျိူးတွေပေါ့....
Su Yee Moe

ကိုယ့်ပါးပြင်ကို ကြည့်လိုက်တိုင်း လိမ္မော်ခွံလို အပေါက်အပေါက်တွေနဲ့ ချွေးပေါက်တွေက အလှပျက်စေတဲ့ အကြောင်းရင်းတစ်ခုပဲနော်။ မိတ်ကပ်လိမ်းရင်လည်း ချွေးပေါက်တွေမှာ မိတ်ကပ်တွေ ခဲနေတာ။ ခနနေကျတော့ ချွေးတွေထွက် အဆီတွေပြန်လာပြီး မိတ်ကပ်တွေကွက်ကုန်ရော။ ချွေးပေါက်ကျယ်တာကို ရက်တိုတိုနဲ့ ပျောက်စေတဲ့နည်းလေးရှိတယ်သိလား။

3-days-and-all-open-pores-will-disappear-from-your-skin-forever.webp_.png

ချွေးနံ့ပျောက်ဆေးကို တစ်နေ့လုံး အနံ့စွဲနေစေဖို့ 

ပန်းသီးရှာလကာရည် ၁ ဆ ၊ သောက်ရေသန့် (ပေါင်းခံရည်) ၅ ဆကို ရောပြီး စပရေးပုလင်းထဲထည့်သိမ်းကာ ဖျန်းပေးနိုင်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း toner အနေနဲ့ ဖျန်းပေးပါ။ သဘာဝအတိုင်း ခြောက်သွားပြီဆိုတော့မှ moisturizer ကို ထပ်လိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ကိုယ်လိမ်းချင်တဲ့ မိတ်ကပ်တွေကို ပုံမှန်အတိုင်း အဆင့်လိုက် လိမ်းသွားလို့ ရပါပြီ။

acv-as-facial-toner-1.jpg 

ပန်းသီးရှာလကာရည်က ချွေးပေါက်ကျယ်တာတွေကို အမြန်ဆုံးကျဉ်းသွားစေနိုင်တဲ့အစွမ်း ရှိပါတယ်။ အရေပြားရဲ့ pH level ကိုလည်း မျှတစေသလို အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တယ်လေ။

landscape-1470765389-apple-cider-vinegar.jpg 

ဝက်ခြံတွေကိုလည်း သက်သာစေပြီး အသားအရေကို ကြည်လင်စေတယ်။


က္က