ခြေထောက်က ဘယ်လိုပုံစံမျိုးလဲဆိုတာကိုလည်း ကိုယ်က အသိဆုံးဖြစ်နေရမယ်။

အွန်လိုင်းမှာ ဟိုကဈေးလျှော့ရောင်းတာမြင်၊ ဒီကဈေးလျှော့ရောင်းတာမြင်ပြီး ဖိနပ်ဝယ်ချင်စိတ်တွေက တားမရဆီးမရဖြစ်လာတယ်။ အထူးသဖြင့်တော့ နာမည်ကြီး Brand တွေပေါ့။ ဒါပေမဲ့ ဖိနပ်ဆိုတာလည်း ကိုယ်စီးမယ့် အနေအထားပေါ် မူတည်ပြီးတော့ပဲ ဝယ်ရတာပဲ။ အားကစားလုပ်ဖို့အတွက် ဖိနပ်ဝယ်တော့မယ်ဆိုရင်တော့ ဒါလေးတွေ အရင်ဖတ်လိုက်ပါဦး။



၁။ စုံစမ်းပါ

best-running-shoes-for-high-arches-660x330.jpg 

အွန်လိုင်းကနေ လှမ်းမှာမယ်ဆိုရင် ဈေးကြီးပါတယ်။ သယ်ယူပို့ဆောင်ခကလည်း ပေးရသေးတာကိုး။ ဒီတော့ ဘယ်ဆိုင်မှာ၊ ဝက်ဘ်ဆိုင်မှာ ဈေးဘယ်လောက်ချနေသလဲဆိုတာကို အရင်စုံစမ်းဖို့လိုတယ်။ ဒါပေမဲ့ အွန်လိုင်းက မမှာခင် ကိုယ်လက်လှမ်းမီတဲ့ ဆိုင်တွေကိုပဲ အရင်လှည့်ပတ်ကြည့်သင့်တယ်။ ဆိုင်တွေမှာရောင်းတဲ့ဈေးနဲ့ အွန်လိုင်းက အထူးလျှော့ဈေးဆိုတာ သိပ်မကွာဘူးရယ်။

၂။ ညမှာဝယ်

ဘာကြောင့်မို့လို့ ညမှာဝယ်ခိုင်းရတာလဲဆိုရင် ကိုယ့်ခြေထောက်ကြောင့်ပါပဲ။ တစ်နေ့လုံး လှုပ်ရှားသွားလာထားတာမို့ ခြေထောက်တွေက ညဆိုရင် နေ့ထက်ပိုပြီး ကြီးနေတတ်တယ်။ ဒီလိုအချိန်မှာ ဖိနပ်ကို အစမ်းစီးကြည့်သင့်တယ်။ နေ့ဘက်ဝယ်တဲ့ဖိနပ်က ညရောက်ရင်၊ အားကစားလုပ်ရင် တအားကြပ်လာတာမျိုး မဖြစ်တော့ဘူးလေ။

၃။ ကိုယ့်ခြေကိုသိ

960x0.jpg 

ကိုယ့်ခြေထောက်ရဲ့ဆိုဒ်ကို တိတိကျကျ သိပါစေ။ ခြေထောက်က ဘယ်လိုပုံစံမျိုးလဲဆိုတာကိုလည်း ကိုယ်က အသိဆုံးဖြစ်နေရမယ်။ ဒါမှ ကိုယ့်ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်အမျိုးအစားကို တစ်ခါတည်းရွေးနိုင်မှာ။

see also 

၄။ ဘယ်မှာစီးမှာလဲ

အားကစားလုပ်တယ် ဆိုတဲ့နေရာမှာလည်း အမျိုးအစားပေါ် မူတည်သေးတယ်။ Gym မှာ အားကစားလုပ်ရင်း စီးမှာလား၊ အပြေးလေ့ကျင့်မှာလား၊ လမ်းလျှောက်ရုံပဲလား။ ဒီအတွက် သီးသန့်ထုတ်ထားတာတွေကို ရွေးချယ်ပါ။

၅။ အလွန်အကျွံမသုံးရဘူး

1-7P7qjj2mGs0rxjiB9OFxVA.jpeg 

Running shoe တွေဆိုရင် ပိုသတိထားရမယ်။ အပြေးလေ့ကျင့်တဲ့အခါ စီးတဲ့ဖိနပ်ကို ၅ လ သို့မဟုတ် မိုင် ၅၀၀ ပြေးပြီးတိုင်း အသစ်လဲသင့်ပါတယ်။ မကောင်းတဲ့ဖိနပ်နဲ့ ပြေးနေရင် ခြေထောက်ကို ထိခိုက်နိုင်ပါတယ်။ ဖိနပ်ဝယ်တဲ့နေ့၊ ဖိနပ်စစီးတဲ့နေ့ကို မှတ်ထားပြီး ၅ လ ပြည့်ရင် အသစ်တစ်ရံနဲ့ လဲလှယ်လိုက်ပါ။

Source : Shape


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က