ကမ္ဘာ့အဝတ်အထည်လောကရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃) ထရီလီယံခန့်ရှိပြီး တန်ဖိုးကြီးအထည်လောက ကတော့ ခန့်မှန်းခြေ ဒေါ်လာ (၃၀၀) ဘီလျံခန့်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့အဝတ်အထည်လောကရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃) ထရီလီယံခန့်ရှိပြီး တန်ဖိုးကြီးအထည်လောက ကတော့ ခန့်မှန်းခြေ ဒေါ်လာ (၃၀၀) ဘီလျံခန့်ရှိတယ်လို့ သိရပါတယ်။ အံ့အားသင့်စရာပါပဲနော်။ မဒီလေးတို့လည်း ကမ္ဘာ့တန်ဖိုးကြီး ဖက်ရှင် brand တွေအကြောင်း သိဖူးကြားဖူးနေကြပြီး ဖြစ်မှာပါ။ ဒီနေ့ဖော်ပြမယ့် အကြောင်းအရာ လေးကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖက်ရှင် brand တွေ အကြောင်းပဲဖြစ်ပါတယ်နော်။



၁။ Chanel

1.-Chanel.jpg 

Chanel ဟာ နောက်ခံသမိုင်းကြောင်းစုံုစုံလင်လင်နဲ့ ဖက်ရှင်လောကရဲ့ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Chanel ရဲ့ထူးခြားရဲ့အရည်အသွေးတစ်ခုကတော့ ကမ္ဘာကြီး ဘာကိုလိုအပ်နေလဲဆိုတာကို သိရှိပြီး သူမရဲ့ အဝတ်အစားတွေကို ကမ္ဘာကြီးလိုအပ်နေတဲ့အတိုင်း ပြုလုပ်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ဒီဇိုင်းတွေဟာလည်း ခေတ်နဲ့လျော်ညီပါတယ်။

Chanel နဲ့ နာမည်ကျော်ဒီဇိုင်းတစ်မျိုးုဖြစ်တဲ့ Little Black Dress (LBD) ဟာဆိုရင် မိန်းကလေးတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ ရှိသင့်တဲ့ တန်ဖိုးကြီး အဝတ်တစ်စုံပဲဖြစ်ပါတယ်။ Chanel ဟာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေဟာ ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိရမယ်လို့ ယုံကြည်ခဲ့တဲ့ ဖက်ရှင်လောကရဲ့ တော်လှန်တီထွင်သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Chanel ရဲ့ brand တန်ဖိုးဟာ ဒေါ်လာ (၇) ဘီလျံရှိပြီး Chanel တည်ထောင်သူ Coco Chanel ရဲ့ပါတနာ Pierre Wertheimer ရဲ့မြေးတွေက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပါတယ်။

၂။ Burberry

2.-Burberry.jpg 

Burberry ပေါ်ပေါက်လာခဲ့တာ ရာစုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သလို ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံး ဖက်ရှင် brand တွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်နိုင်ပါတယ်။ Burberry ကို ၁၈၅၆ ခုနှစ်တုံးက အင်္ဂလန်နိုင်ငံ၊ Basinggstoke မှာ Thomas Burberry က စတင်ခဲ့ပါတယ်။ Burberry ရဲ့ နောက်ဆုံး addition တွေကတော့ Burberry London နဲ့ Burberry Prorsum တို့ပဲ ဖြစ်ပါတယ်။

Burberry လို့ပြောလိုက်ရင် ကာကီရောင်ဂျက်ကက်အင်္ကျ ီကို အရင်ဆုံးပြေးမြင်မိကြမှာပါ။ အဲဒီဂျက်ကက်ကို စစ်တပ်အတွက် ဒီဇိုင်းဆွဲပေးခဲ့ပေမယ့် အရပ်သားတွေကလည်း နှစ်သက်သဘောကျကြပါတယ်။ အခုဆိုရင် အဲဒီ ဒီဇိုင်းဟာ ကမ္ဘာပေါ်က ဖက်ရှင်ဒီဇိုင်းဆိုင်တိုင်းလိုလိုမှာ တင်နေကြပါပြီ။ Brand ရဲ့တန်ဖိုးက ခန့်မှန်းခြေ (၃.၄) ဘီလျံခန့်ရှိပါတယ်။

See also: 

၃။ Hermes

3.-Hermes.jpg 

Hermes ကတော့ စတင်တည်ထောင်ခဲ့တာ နှစ် (၂၀၀) ကျော်ပါပြီ။ စတည်ထောင်တဲ့ ၁၈ ရာစုနှစ်တုံးက သားရေနဲ့ပြုလုပ်တဲ့ မြင်းကုန်းနှီးတွေ၊ ပါးသိုင်းကြိုးတွေကို ပြုလုပ်ရောင်းချတဲ့လုပ်ငန်းအဖြစ် ရပ်တည်ခဲ့ပြီး Charles Hermes တာဝန်ယူလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဝတ်အထည်လုပ်ငန်းဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ နောက်ပြီး Adolphe နဲ့ Emile-Maurice တို့ သူတို့ဖခင်ဆီက လုပ်ငန်းကို လက်ပြောင်းယူူခဲ့ပြီးနောက် ကျား၊ မ၊ ကလေး အဝတ်အထည်တွေကို ထုတ်လုပ်တဲ့လုပ်ငန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။

Hermes ဟာ ခေတ်မီဆန်းပြားပြီး အဆင့်အတန်းတစ်ခုရှိတဲ့ အထည်တွေကို ပြုလုပ်ရာမှာ စွန့်ဦးတီထွင်သူဖြစ်ပြီး အဝတ်အထည်တွေသာမက လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊ ရေမွှေးတွေနဲ့ အိမ်တွင်းအလှဆင် ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တခြားကုမ္မဏီတွေလိုပါပဲ။ Hermes ကိုုယ်တိုင်လည်း စီးပွားရေးပျက်ကပ်တွေမှာ အကျအဆင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အရာအားလုံးကို ကြံ့ကြံ့ခံရပ်တည် နိုင်ခဲ့ကြပြီး အကောင်းစားဖက်ရှင် brand တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ Hermes ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၅) ဘီလျံခန့်ရှိပါတယ်။

၄။ Prada

4.-Prada.jpg 

Miuccia Prada ကို ၁၉၄၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ Ph.D ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ Prada brand ကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ Prada ကို Mario Prada ဆီက အမွေဆက်ခံရရှိခဲ့ပြီး Mario ကတော့ Prada ကို ၁၉၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။

Prada ဟာ စစချင်းမှာတော့ လက်ကိုင်အိတ်တွေ၊ ခရီးဆောင်အိတ်တွေ၊ အဝတ်အစားထည့်အိတ်တွေကို အီတလီ အထက်တန်းလွှာတွေအတွက် ပြုလုပ်ရောင်းချခြင်းဖြင့် လုပ်ငန်းကို စတင်ခဲ့ပါတယ်။ Miuccia Prada ဦးစီးလုပ်ကိုင်ချိန်မှာတော့ သူမဟာ အမျိုးသား၊ အမျိုးသမီးတွေအတွက် ရယ်ဒီမိတ်အဝတ်အထည်တွေကို ချုပ်လုပ်ရောင်းချခဲ့ပါတယ်။

သူမဟာ နိုင်လွန်လက်ကိုင်အိတ်တွေ၊ ကျောပိုးအိတ်တွေကို ပြုလုပ်ရောင်းချခဲ့ခြင်းဖြင့် လူကြိုက်များမှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ခင်ပွန်းဖြစ်သူ Patricio Bertelli ကလည်း ဖက်ရှင်ဒီဇိုင်းပိုင်းဆိုင်ရာ အကြံဉာဏ်တွေပေးခြင်းဖြင့် အကူအညီပေးခဲ့ပါတယ်။ အခုဆိုရင် Prada ရဲ့တန်ဖိုးဟာ ဒေါ်လာ (၂.၄) ဘီလျံရှိနေပါပြီ။

၅။ Gucci

5.-Gucci.jpg 

Guccio Gucci ဟာ ၁၉ ရာစုတုံးက Gucci brand ကို စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Gucci ကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အီတလီ brand တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ Guccio ဟာ ငယ်စဉ်တုံးက ဟိုတယ်ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ဟိုတယ်မှာလာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေရဲ့ အကောင်းစားလက်ကိုင်အိတ်တွေ၊ သားရေလက်ကိုင်အိတ်တွေကို သဘောကျခဲ့ပါတယ်။ ပြီးတော့ အဲဒီအိုင်ဒီယာကို အခြေခံပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်းကို အစပြုခဲ့ပါတယ်။ ပြီးတော့ သူဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Florence မြို့ကို ပြန်သွားပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ Gucci ကို စတင်ခဲ့ပါတယ်။

Gucci ရဲ့ brand Logo ကို လူတော်တော်များများ မျက်စိကျခဲ့ကြပြီး ဟောလီးဝုဒ်စတားတွေဟာလည်း အီတလီကိုလာရောက်ပြီး Gucci လက်ကိုင်အိတ်တွေနဲ့ ကိုယ်ဟန်ပြသခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Gucci ဟာ အမေရိကန်ဈေးကွက်ကို ဖြည်းဖြည်းချင်းထိုးဖောက်နိုင်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ New York မြို့မှာ Gucci ရဲ့ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးအနှံ့ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့ကြပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရတော့ Gucci ဟာ brand တန်ဖိုး (၁၂.၄) ဘီလျံနဲ့ ကမ္ဘာပေါ်မှာ (၃၈) ခုမြောက် တန်ဖိုးအကြီးဆုံး brand တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Source: Styecraze

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က