ဂျီဂျီဟက်ဒီးနဲ့ ကိုင်ရာ ဂါဘာတို့ကတော့ ပုံစံတူ ဖက်ရှင်နဲ့ စင်ပေါ်ရောက်လာခဲ့တယ်။

အီတလီဖက်ရှင်အမှတ်တံဆိပ် MOSCHINO ရဲ့ Moschino Spring/Summer '18 MFW ဖက်ရှင်ရှိုးဟာ ဖက်ရှင်နယ်ပယ်ထဲမှာ ဂယက်ထသွားရတယ်။ ဂယက်ထဆို စင်ပေါ်မှာ ပန်းစည်းကြီးတွေက လမ်းလျှောက်ပြခဲ့ကြတာလေ။ နာမည်ကျော် မော်ဒယ်တွေက ပန်းစည်းတွေအဖြစ်နဲ့ ပြောင်းလဲထားကြတာ တွေ့ရပါတယ်။



 

ဒီဇိုင်နာ ဂျယ်ရမီစကော့ရဲ့ သက်ဝင်ခံစားမှုအဖြစ် မော်ဒယ်တွေကို သက်ရှိပန်းစည်းတွေအသွင် ဖန်တီးပေးခဲ့ပါတယ်။ ဂျီဂျီဟက်ဒီးနဲ့ ကိုင်ရာ ဂါဘာတို့ကတော့ ပုံစံတူ ဖက်ရှင်နဲ့ စင်ပေါ်ရောက်လာခဲ့တယ်။

 

ခါးမှာ ဖဲကြိုးအကြီးကြီးကို စည်းနှောင်ထားပြီး အပေါ်ပိုင်းမှာပန်းတွေဝေနေတဲ့ ပန်းစည်းကြီးတွေပေါ့။ တကယ့်ပန်းအစစ်တွေရဲ့ အရွယ်အစားအတိုင်း လုပ်ထားတဲ့ဖက်ရှင်ပါ။

 

စူပါမော်ဒယ် ဂျိုအန်စမောကတော့ ခါးအောက်ပိုင်းကို နှင်းဆီနီတွေနဲ့ ဖုံးလွှမ်းထားတဲ့ ဖက်ရှင်ကို ဆင်မြန်းခဲ့ပါတယ်။ ဒီလိုစကတ်မျိုးကတော့ ပျိုမေလေးတို့လည်း ဝတ်ချင်မှာပါနော်။

 

ဒီမော်ဒယ်လေးကတော့ ပိန်းပန်းပွင့်ကြီးလို ဖြစ်နေပါရောလား။ ပိန်းပန်းရဲ့ အရောင်စပ်ယှက်မှုအတိုင်းပဲ။

 

ဒါကတော့ ပန်းအစုံ၊ အရွယ်အစားအစုံကို စုပုံထားသလိုမျိုး ဖြစ်နေတယ်။ မော်ဒယ်ကိုတောင် မျက်နှာလေးပဲ မြင်ရတာ။ ဖက်ရှင်ရှိုးပွဲရဲ့ sprin/summer ဆိုတဲ့ နာမည်နဲ့လိုက်အောင် ပန်းတွေ ပွင့်နေကြတဲ့အသွင်မျိုး လုပ်ထားတာပါ။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က