ဖက်ရှင်ရက်သတ္တပတ် (Fashion Week) တွေကတော့ ဖက်ရှင်မြို့တော်တွေဆီမှာ တစ်နေရာပြီးတစ်နေရာ ကျင်းပနေကြပါပြီ။ လန်ဒန်၊ နယူးယော့ခ်၊ မီလန် စတဲ့ မြို့ကြီးတွေမှာ ဖက်ရှင်ပွဲတွေလည်း ကျင်းပကာ ဒီဇိုင်းသစ်တွေကို ပြသခဲ့ပါတယ်။



 

စက်တင်ဘာလရဲ့နောက်ဆုံးရက်သတ္တပတ်ဟာ ပါရီဖက်ရှင်ရက်သတ္တပတ် (Paris Fashion Week) ဖြစ်ပါတယ်။ ပါရီရဲ့ ဖက်ရှင်ရက်သတ္တပတ်မှာ အဖွင့်ကတော့ အတော်လေး ထူးခြားတယ်ပြောရမယ်။

 

ပြင်သစ်နိုင်ငံရဲ့ အထိမ်းအမှတ်လည်းဖြစ်တဲ့ အိုင်ဖယ်လ်မျှော်စင် (Eiffel Tower) ကြီးအောက်မှာ ဖက်ရှင်ပွဲကို စဖွင့်လိုက်တာပါ။ တန်ဖိုးကြီး ပြင်သစ်ဖက်ရှင်ကုမ္ပဏီ Saint Laurent (YSL) ဟာ ပါရီဖက်ရှင်ရက်သတ္တပတ်ရဲ့ အဖွင့်နေ့ကို အိုင်ဖယ်လ်မျှော်စင်အောက်ခြေမှာ ညခင်းဖက်ရှင်ရှိုး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မျှော်စင်အောက်ခြေမှာ စင်ကြီးဆောက်ပြီး မော်ဒယ်တွေက အိုင်ဖယ်လ်မျှော်စင်ရဲ့ မီးရောင်တွေနဲ့အတူ လျှောက်လှမ်းခဲ့ကြပါတယ်။

 

ရာသီဥတုကလည်း ကြည်လင်တော့ ကောင်းကင်ပြာနဲ့ အိုင်ဖယ်လ်မျှော်စင်ဟာ ရှိုးပွဲနောက်ခံ Background တစ်ခုအဖြစ် ပနံရနေခဲ့တယ်။ မျှော်စင်ကြီးကလည်း မီးတွေကို ပြိုးပြိုးပြက်ပြက် ထွန်းလင်းနေတာကြောင့် ဒီနှစ် ပါရီဖက်ရှင်ရက်သတ္တပတ်ဟာ ဖက်ရှင်လောကသားတွေကြား ရေပန်းစားနေတော့တာပါပဲ။

[No available link text] 

Source : Bazzar, Elle


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က