Boyfriend Denim ဂျင်းဘောင်းဘီကို သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဒိတ်တဲ့နေ့မှာ ဝတ်သွားလို့ရသလို ရည်းစားနဲ့ ချိန်းတွေ့ရင်လည်း ဝတ်သွားလို့ရပါတယ်။

Boyfriend Denim ဂျင်းဘောင်းဘီတွေဟာ ဒီနေ့ခေတ်မှာ လူကြိုက်များပါတယ်။ သူတို့က ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိသလို ဆက်ဆီလည်းကျပါတယ်။ ပိုလိုရှပ်တစ်ထည်နဲ့ တွဲဖက်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ အားကစားသမားဆန်သွားပြီး ချက်ပေါ်တဲ့ crop top အင်္ကျ ီတစ်ထည်နဲ့ တွဲဖက်လိုက်ရင်တော့ ဆက်ဆီကျသွားမှာပါ။



 

Boyfriend Denim ဂျင်းဘောင်းဘီကို သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဒိတ်တဲ့နေ့မှာ ဝတ်သွားလို့ရသလို ရည်းစားနဲ့ ချိန်းတွေ့ရင်လည်း ဝတ်သွားလို့ရပါတယ်။ ဒါမှမဟုတ် ခရီးလေးဘာလေးထွက်မယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ ရတာပါပဲ။

၁။ ဆောင်းတွင်းမှာဝတ်မယ်

Boyfriend-jeans-with-bomber-400x600.jpg 

Boyfriend Denim ဂျင်းဘောင်းဘီကို ဘလောက်စ်အင်္ကျ ီလေးတစ်ထည်နဲ့ အပေါ်က ဂျက်ကက်အင်္ကျ ီလေးနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ဆောင်းဦးရာသီဖက်ရှင်လေးက ပြီးပြည့်စုံသွားပါပြီ။ ထပ်ဖြည့်ချင်ရင်တော့ ဆက်ဆီကျတဲ့ ဒေါက်မြင့်ဖိနပ်လေးနဲ့ တွဲလိုက်ပေါ့။ ဒါမှမဟုတ် Denim ဂျင်းရှပ်အင်္ကျ ီပွပွလေးတစ်ထည်နဲ့ လည်ရှပ်ဖိနပ်တစ်ရံနဲ့ တွဲဖက်လိုက်မယ်ဆိုရင်လည်း ဆောင်းရာသီ နေ့ရက်တွေမှာ ဖက်ရှင်ကျကျလှပနိုင်ပါပြီ။

၂။ နွေရာသီဖက်ရှင်

cold-shoulder-top-401x600.jpg 

Boyfriend Denim ဂျင်းဘောင်းဘီလေးတွေကို နွေရာသီနေ့ရက်တွေမှာလည်း ဝတ်လို့ရပါသေးတယ်။ ပခုံးဖော်ထားတဲ့ ချည်သားအင်္ကျ ီလေးဟာ နွေရာသီနေ့ရက်တွေမှှာ boyfriend Denim ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဖို့ အသင့်တော်ဆုံးပါ။ ဒါမှမဟုတ် စပါဂတ်တီ ဘလောက်စ်အင်္ကျ ီလေးနဲ့ တွဲလိုက်ရင်လည်း လိုက်ဖက်ညီတင့်တယ်ပါတယ်။ ဒေါက်မြင့်ဖိနပ်လေး စီးဖို့တော့ မမေ့နဲ့ပေါ့။

၃။ အားကစားပွဲသွားမယ်

polo-sneaker-400x600.jpg 

ပိုလိုတီရှပ် အစင်းကြားလက်ရှည်အင်္ကျ ီလေးနဲ့ အားကစားဖိနပ်အဖြူရောင်လေးဟာ Boyfriend Denim ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာပဲဖြစ်ဖြစ်၊ အားကစားပွဲသွားတာပဲဖြစ်ဖြစ် အော်ဟစ်ခုန်ပေါက်လို့ရတဲ့အတွက် အလိုက်ဖက်ဆုံး ဖက်ရှင်အတွဲအစပ်လေးပါပဲ။

see also 

၄။ Crop-top အင်္ကျ ီလေးနဲ့တွဲမယ်

crop-top-400x600.jpg 

ဝမ်းဗိုက်အဆီလေးတွေမရှိဘဲ ချပ်ရပ်နေမယ်ဆိုရင်တော့ Crop-top (ချက်ပေါ်အင်္ကျ ီ) လေးကို ဝတ်ရဲမှာပါနော်။ ဒီအင်္ကျ ီလေးတွေက ပေါ့ပါးပြီး Boyfriend Denim ဂျင်းဘောင်းဘီနဲ့ အထူးလိုက်ဖက်ပါတယ်။ Crop-top ဝတ်မယ်ဆိုရင်တော့ မိမိရဲ့တခြား အသုံးအဆောင်တွေကလည်း တတ်နိုင်သမျှ ပေါ့ပါးမှ ဖြစ်မှာပါ။

ဒီတော့ ဖန်ဆီလက်ကောက်တွေ၊ လည်ဆွဲတွေ ရှုပ်ယှက်ခတ်နေတာမျိုး၊ လက်ကိုင်အိတ်အကြီးကြီးတွေ လွယ်တာမျိုးမလုပ်ဘဲ ပိုက်ဆံအိတ်သေးသေးလေးတစ်လုံးလောက် ကိုင်ထားရင်ရပါပြီ။ နားကွင်းဝိုင်းဝိုင်းလေးလို ရိုးရှင်းတဲ့ accessory မျိုးနဲ့လည်း လိုက်ဖက်တင့်တယ်ပါတယ်။ ဒီလိုဖက်ရှင်မျိုး ဝတ်မယ်ဆိုရင်တော့ အားကစားဖိနပ်နဲ့ပဲ တွဲတွဲ၊ ဒေါက်မြင့်ဖိနပ်နဲ့ပဲ တွဲတွဲ တွဲဖက်လို့ရပါတယ်။

၅။ Peplum top နဲ့ တွဲမယ်

Peeplum-top.jpg 

Peplum top ဆိုတာကတော့ ခါးနားမှာ ပြန်ကားထွက်သွားတဲ့ ဘလောက်စ်အင်္ကျ ီမျိုးကို ခေါ်တာပါ။ ဒီအင်္ကျ ီလေးနဲ့ Boyfriend Denim ဂျင်းဘောင်းဘီနဲ့ တွဲမယ်ဆိုရင်တော့ ဖက်ရှင်ကျတဲ့ ဒေါက်မြင့်ဖိနပ်လေး စီးဖို့တော့ လိုလိမ့်မယ်နော်။ ပခုံးသားဖော်ထားတဲ့ Peplum top အင်္ကျ ီလေးရယ်၊ Boyfriend Denim ဂျင်းဘောင်းဘီလေးရယ်၊ ဒေါက်ဖိနပ်လေးရယ်ဆိုရင် ဆုပေးပွဲတက် အဆိုတော်တစ်ယောက်ရဲ့ ဖက်ရှင်လိုလို ဘာလိုလိုတောင် ဖြစ်သွားမှာပါနော်။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က